Ad Code

Responsive Advertisement

ကိစ္စတစ်ခုကို “ကိုယ့်ဘာသာကိုယ်လုပ်ခဲ့တယ်” ဆိုတာကို ဘယ်လိုပုံစံတွေနဲ့ ပြောလို့ရပါသလဲ by TrustEgnlsihLesson


ကိစ္စတစ်ခုကို “ကိုယ့်ဘာသာကိုယ်လုပ်ခဲ့တယ်” ဆိုတာကို ဘယ်လိုပုံစံတွေနဲ့ ပြောလို့ရပါသလဲ?
ပြောပုံအများကြီးထဲက နမူနာတစ်ချို့ကို ကြည့်လိုက်ရ အောင် ၊ ဒါမှ ကိုယ်မသုံးဘူးတဲ့ ပုံစံလေးပါလျင် နမူနာယူပြီး English စာကိုပုံစံအမျိုးမျိုးသုံးပြီး ပြောချင်တာလေးတွေပြောလို့ရအောင်လို့။
1) I did it myself. (ဤနေရာတွင် I did it myself သည် “ကျွန်တော့်ဘာသာလုပ်သွားတာ” ဆိုတာကို ပြောပေမဲ့ လုပ်ရပ်တစ်ခုလုံးတွင် (aided or unaided) တစ်ခြားသူ အကူအညီ ပါမပါကို တိတိကျကျ အထူးပြုကာဖော်ညွှန်း ခြင်းမရှိပေ။)
2) I did it by myself. (ဤစာကြောင်းတွင်မူ by myself ဆိုတဲ့ အရာကပြု လုပ်သူသည် သူ့ဘာသာသူ လုပ်သွား သည်ကို အထူးပြုသောကြောင့် တခြားသူမပါပဲ ကိုယ့်ဘာသာကိုယ်လုပ်တယ်ဆိုတာကို ပိုပြီး လေးနက်အောင်ဖော် ညွှန်းမှုပို၍ပါဝင်သည်။)
3) I did it on my own. (ဒီနေရာမှာကျတော့ on my own သည် သူများအကူအညီမပါပဲ ကိုယ့်ဟာကိုယ် အားကိုးပြီးလုပ်သည်ဟု ဖော်ညွှန်းခြင်းဖြစ် သည်။)
4) I did it alone. (ဒီစာကြောင်းသည်လည်း သူများအကူအညီမပါပဲကိုယ့် ဘာသာကိုယ်လုပ်သည်ဆိုတာကို ဖော်ပြပေမဲ့ ကိုယ့်ဘာသာတစ်ယောက် တည်းလုပ်ခဲ့တယ် ဆိုတဲ့သဘောမျိုးနဲ့ပြောခြင်းဖြစ်သည်။
ခုလို “I” ဆိုတဲ့ subject ကိုရှေ့တန်းတင်ပြီးရေးရပြောရတာရိုးသွားလျင်တစ် ခြားနည်းနဲ့ဘယ်လိုပြောလို့ရသေး လည်းကြည့်လိုက်ရအောင်။
5) It was done all by myself without anybody’s help. (အဲဒါကိုဘယ်သူ့အကူအညီမပါပဲကိုယ့်ဘာသာ လုပ်ခဲ့တာ။ ဤစာကြောင်းတွင် by myself နဲ့ without anybody’s help သုံးကာ ကိုယ့်ဘာသာကိုယ်လုပ် ကြောင်းကို သိသာထင်ရှားစေရန် ပြောခြင်းဖြစ်သည်။)
မှတ်ချက်။ ။ Passive Voice အနေနဲ့ပြောရာတွင် by ထည့်ကာပြုလုပ်သူကို အမြဲတမ်းပြောစရာမလိုပေ။ အထူးသဖြင့် ပြုလုပ်သူသည် ဘယ်သူလည်းဆိုတာ သိသားထင်ရှားနေပါက (သို့) ပြုလုပ်သူဘယ်သူလည်းဆိုတာအရေးမကြီးပါက by ဘယ်သူ ဘယ်ဝါဆိုပြီးပြောရန်မလိုပေ။
ဥပမာ ၁)။ ။ At this restaurant, the food is always prepared and cooked only when it has been ordered.
ဥပမာ၂) ။ ။ Starting next week, a fee of 3,000 Kyats will be collected at every tollgate.
6) It was completed by me single-handedly. (အဲဒါကို ပြီးမြောက်အောင် တစ်ကိုယ်တည်းလုပ်ခဲ့သည်။)
7) It was done independently by me. (အဲဒါကို ဘယ်သူ့ကိုမှအားမကိုးပဲ ကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာ။)
8) It was my own creation. (ဒါကျွန်တော့်ရဲ့ကိုယ်တိုင်ဖန်တီးမှုပါ။)
9) It was executed by me. (အဲ့ဒါကိုကျွန်တော် ဆောင်ရွက်ခဲ့တာ။)
10) It was my solo fabrication. (အဲဒါ ကျွန်တော့်ရဲ့ တစ်ကိုယ်တည်း ကြံ စည်ပြုလုပ်မှုပါ။ ဂရုပြုရမည်မှာ တစ်ခါတစ်ရံ Fabricate (verb)/ Fabrication (noun) ကို (negatively မကောင်းတဲ့သဘောနဲ့) မဟုတ်တာကို လုပ်ကြံဖန်းတီးသည် ဆိုတဲ့ သဘောနဲ့လည်းသုံးသည်။
English လိုပြောရာ ရေးရာတွင် sentence structure/ syntax ကို ပုံစံအမျိုးမျိုး ဖြင့်တည်ဆောက်ကာ ပြောနိုင် ရေးနိုင် လျင်လွန်စွာအထောက်အကူပြုသည်။ တစ်ချို့သော ကိစ္စများသည် “ငါလုပ်တာ ငါလုပ်တာ” ဆိုပြီး “I” ကို subject နေရာမှာရှေ့တန်းတင်ပြီး ပြောလျင် မာန်တက်ပြီး ဂုဏ်ဖော်သလိုဖြစ်တတ်သော ကြောင့် တစ်ခြား အရာများကို subject နေရာမှာထားပြီး passive voice ပုံစံမျိုးနဲ့ ရေးကောင်းရေးရတတ်ပါတယ်။
ထို့ကြောင့် ကျွန်တော် ရေးပုံရေးနည်း ပုံစံ အမျိုးမျိုးဖြင့် နမူနာပေးကာဖော်ပြခဲ့ ခြင်းဖြစ်ပါတယ်။ “I” ရော “by me” ရော “by myself” ကို မသုံးပဲ (my ----) ဆိုပြီးသုံးထားပုံကိုလည်း pattern နမူနာလေးယူကာ စမ်းသုံး ကြည့်စေချင်ပါတယ်။
စမ်းသုံးတဲ့အခါမှာ တစ်ချို့အကြောင်းအရာများသည် passive voice နဲ့ပြော လေ့မရှိတာကိုလည်း သတိပြုစေ ချင်ပါတယ်။ ဥပမာ…. I did not have/eat breakfast this morning. လို့သာပြောလေ့ရှိပြီး၊ Passive voice အနေနဲ့ ထိုစာကြောင်းကို ပြောင်းကာ Breakfast was not eaten by me this morning. လို့လုံးဝနီးနီးပြောလေ့မရှိပါဘူး။
ဒါ့အပြင် synonym အဓိပ္ပာယ်ဆင်တူစာလုံး ဖြစ်တာပဲဆိုပြီး (replace) အစားထိုးကာ (naturally) သဘာဝ ကျကျ အမြဲပြောလို့ မရသည်ကိုလည်းသတိပြုစေချင်ပါတယ်။ ရယ်စရာဥပမာအနေနဲ့….ရေနစ်နေတဲ့အခါ Help me! ဆိုတာကို synonym သုံးပြီး အော်ကာအကူအညီတောင်းမယ်ဆိုပြီး Salvage me! ဆိုပြီးပြောလေ့မရှိပေ။ Salvage သည် ကယ်ဆယ်သည်ဟု အဓိပ္ပာယ်ရသော်လည်း အဲလို နေရာမျိုးမှာတော့သုံးလေ့မရှိပေ။
အားလုံး English စာကို မှန်မှန်ကန်ကန် ထိထိရောက်ရောက်နဲ့ပြောချင်ရေးချင်တာကို အမျိုးမျိုးအဖုံဖုံပြောနိုင် ရေးနိုင်ကြပါစေ။

Credit to Ko Nyein Chan Aung

Post a Comment

0 Comments

Close Menu