Ad Code

Responsive Advertisement

ဘာသာရေးအတုနှင့် အစစ်

ဘာသာရေးအတုနှင့် အစစ်
=================
ဘာသာရေး၌လည်း တရားတု ကမ္မဋ္ဌာန်းတု ရဟန်းတုတွေနှင့် ဒါန သီလအပေါစားတွေ များလှချေ၏၊၊ သဒ္ဓါတရားကို ဥစ္စာဓနဟု ဟောတော်မူ၏၊၊ ( ဤလောက၌ ပုဂ္ဂိုလ်တစ်ယောက်၏ အကောင်းဆုံးဥစ္စာသည် သဒ္ဓါတရားဖြစ်၏၊၊ အာဠဝကသံယုတ်ပါဠိတော် ) ထိုသဒ္ဓါအစစ်ဥစ္စာလည်း ရဟန်းရှင်လူ ခပ်သိမ်းသူတို့မှာ တစ်စတစ်စ နည်းပါး၍ လာ၏၊၊ ထိုကြောင့် တရားတု ကမ္မဋ္ဌာန်းတုနှင့် တရားစစ် ကမ္မဋ္ဌာန်းစစ်ကို ယှဉ်၍ ဟောပြောသော အခါ အတုက ပြုလွယ်၍ အစစ်က အပြုခက်သောကြောင့် သဒ္ဓါဥစ္စာ နည်းပါးသူအများက အတုကိုသာ လိုက်စားနိုင်ကြတော့၏၊၊ ဒါနအမှုများ၌ ပကာသနဒါနများသည် ပြု၍ လည်းလွယ် ပျော်ဘွယ်လည်းကောင်း၏ မိမိမှာ ရှိသော ယုံကြည်မှု သဒ္ဓါဥစ္စာကလည်း နည်းပါး၏၊၊ ထိုကြောင့် ပကာသနဒါနကိုသာ အပြုများကြတော့၏၊၊ ဒါနအစစ်ကို အာပေါက်မတက် ဟောပြော၍ လက်ညောင်းအောင် ရေးကြသော်လည်း သဘောမပေါက်ကြချေ၊၊
သီလစောင့်ရာ၌လည်း ရှေ့ဘိုးဘွားတို့ အမြဲစောင့်နိုင်သော ငါးပါးသီလကိုမျှ လုံခြုံအောင် မစောင့်ချင်ကြ၊၊ ဥပုသ်သီလကိုလည်း ပျော်ပျော်ပါးပါး စားကြ သောက်ကြ လည်ပတ်ကြနှင့် စောင့်သုံးကြ၏၊၊ အစစ်အမှန် ဥပုသ်ကို မစောင့်နိုင်ကြ၊ ဤနည်းအားဖြင့် ဒါနစစ် သီလစစ် ဘာဝနာကမ္မဋ္ဌာန်းစစ်များ ယုတ်လျော့နည်းပါး၍ အတော်ကြာလျှင် ကွာ်ပျောက်ရတော့မည်သာ၊၊ ရဟန်းတော်များ၏ စာသင် စာချမှုလည်း ရှေးဆရာသမားများ၏ ခေတ်နှင့် မတူကြ၊ လာဘ်ရမှု ဂုဏ်ရမှုကို ရှေးရှုခြင်းသာ တဖြည်းဖြည်း များလာလေသည်၊၊
( မဟာဂန္ဓာရုံဆရာတော်ကြီး၏ ဘာသာသွေးကျမ်းမှ )


မောင်(စွယ်စုံကျမ်း)Facebookမှ ပြန်ကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu