Ad Code

Responsive Advertisement

ကုလားဗယာကြော် ... by TTSweet

စီဘောက်မှာ အေး ဆိုသူက တောင်းဆိုလာလို့ ဖိုရမ်မှာ အရင်တင်ထားတဲ့ ပို့စ်အဟောင်းလေး တင်ပေးလိုက်ပါတယ်။

ဗယာကြော်မယ်ဆို ပထမဆုံး ကုလားပဲကို ရေစိမ်ရပါမယ်။ ရေတစ်လက်မလောက်မြုတ်အောင်စိမ်ပါ။ ဒါမှ ပဲကပွလာရင်အတော်ပါပဲ။ အိမ်မှာဆန်ချင်ခွက်နဲ့ တစ်ခွက်ခွဲလောက်ဆို လူ၃-၄ယောက်စာလောက်ရပါတယ်။ ညနေစာဆို မနက်စောစောကတည်းက စိမ်ထားရပါမယ်။ ပြီးရင်ပြင်ထားရမှာက ...

၁ ။ရေစိမ်လို့ နူးနေတဲ့ပဲကို ညက်နေအောင် ကြိတ်စက်ထဲထည့်မွှေ ဒါမှမဟုတ် ထောင်းထားပါ။
(ရေကိုသေချာစကာနဲ့ စစ်ပြီးမှထောင်းပါ။ နောက်မှို့ဆို ရေတွေများပြီး ကြော်လို့မကောင်းပါ )

၂ ။ဂျင်း လက်မ၂ဆစ်စာလောက်နဲ့ ကြက်သွန်ဖြူ ၅ မွှာလောက် ညက်ညက်ပါအောင် ထောင်းထားပါ။

၃။ ကြက်သွန်နီ ဥကြီးကြီး တစ်ဥ ပါးပါးလှီးထားပါ။

၎။ပျဉ်းတော်သိမ် ၃ခက်လောက်ကိုချွေပြီး ကတ်ကြေးနဲ့ ပါးပါးညှပ်ထားပါ။

၅။ ပူတီနာ ၃ခက်လောက်ကို ကတ်ကြေးနဲ. ပါးပါးညှပ်ထားပါ။

၆။ ငရုပ်သီးစိမ်း ၆တောင့် လောက် ပါးပါးလှီးထားပါ။ (အစပ်ကြိုက်ရင်တော့ ပိုထည့်ပါ)

၇။ ကုလာလေး မဆလာ ၃ ထုတ်၊

၈။ ဆနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းခန့်၊

၉။ ဟင်းချက်ဆိုဒါ လက်ဖက်စားဇွန်း တစ်ဝက်ခန့် ။ (ဆိုဒါမထည့်ရင် အကြော်ကမပွပဲ ကျစ်ခဲခဲကြီးနဲ့ စားမကောင်းပါ ။ မဆွီတီ ကတော့ စလုံးမှာ King တံဆိတ် သုံးပါတယ် Bicarbonate of soda လို့ရေးထားပါတယ်။)

၁၀။ မွှေး ကုလားပဲအစိမ်းမှုန့် လက်ဖက်ရေပန်းကန်နဲ့ တစ်ဝက်လောက်၊ သူကတော့ နဲနဲစေးသွားအောင်ထည့်တာပါ။

၁၁။ ဆား အချိုမှုန့် သင့်သလို




ထုံးစံအတိုင်း အပေါ်က အစာပလာတွေအားလုံးကို နှံ့နေအောင် ရောသမမွှေပါတယ်။ ပြီးရင် လက်နဲ့ မှန်းပြီး ဗယာကြော် အရွယ်လေးတွေ ဆုတ်ပြီးပြားထားပါတယ်။ ဆီပူရင် ပထမဆုံး တစ်ခု ၂ခုလောက်အစမ်းကြော်ပြီး မြည်းကြည့် ... အပေါ့အငန်လိုတာ ထပ်ထည့်ပြီးမှ အစိမ်ကြော်ရင် ပိုကောင်းပါမယ် ...



ဗယာကြော် ပူပူလေး ကျက်ပါပြီချင့်။ မဆလာနံ.မွှေးမွှေးလေးနဲ.စပ်စပ်လေး။ စားကြပါဦး။


(ဓာတ်ပုံတွေကတော့ အရင် လွန်ခဲ့တဲ့ ၃နှစ်က ကင်မလာ အဟောင်းနဲ့မှို့ တုန်ခြင်း၊ မှုန်ခြင်းများ သီးခံပေးပါလို့ တောင်းဆိုချင်ပါတယ်ချင့် ...း ))

TTSweet Blogမှ ကူးယူဖော်ပြသည်

Post a Comment

0 Comments

Close Menu