Ad Code

Responsive Advertisement

အင်တာနက်ဆိုတာ ဘာလဲ..??? What is Internet..???

 
T.ချယ် sunday.thuthu Facebook မှ ကူးယူဖော်ပြသည်
သူငယ်ချင်းတို. အင်တာနက်ဆိုတာ ဘာလဲ သိရအောင် အင်တာနက် အကြောင်းလေး ကိုလေ့လာ ထားသလောက်တင်ပြပေးတာပါ..။
ကိုယ်စီးတဲ့ မြင်း အထီးလား အမ လားဆိုတာ သိထားသင့်တယ်လေ..အင်တာနက်ဆို တာ ကို အရင်က ကျွန်တော်လဲ ဘာကြီးမှန်းမသိပါဘူး သူများတွေ ပြောလို.သာ သုံးကြည့်တာ ဒါပေမဲ့ မောက်စ် ကီးဘုတ်ကိုင်တက်ရုံ ကလွဲ လို. အင်တာနက် ဆိုတာ ဘာလဲလို. မသိတဲ့ လူကမေးလာရင် ပြန်မဖြေ တက်ဖူး ဗျ .။။ ဒါနဲ. ပဲ ငါ အင်တာနက်သုံးနေပြီး အင်တာနက်ဆို တာ ဘာမှန်းတောင် မသိတဲ့ကောင်ပါလားလို. အပြောခံ ရမှာစိုးလို. လေ့လာရှာဖွာ ရသမျှ ကို အနည်းငယ်နားလည်အောင် သူငယ်ချင်းတို. အတွက် Shar ပေးလိုက်ပါတယ်...။

Internet (အင်တာနက်)
What is Internet ?
Internet is a global digital infrastructure that connects millions of computers. It is a global internetwork (network of networks), with cross platform compatibility, using the Internet Protocol (IP) to communicate between computers. It uses existing public telephone and communication (including satellites) networks to relay data between networks using routers.
“Internet = World Wide Collection of Computer Network”

“အင်တာနက်” ဆိုတာဘာလဲ
အင်တာနက်လို့ ပြောလိုက်ပီဆိုကတည်းက … အတွင်းပိုင်း အချင်းချင်း ချိတ်ဆက်တယ်ဆိုတာ ပြောစရာမလိုအောင်ပဲ နားလည်ကြမှာပါ။ “အင်တာ” (Inter) ဆိုတဲ့ စကားလုံးကို တိုက်ရိုက် ဘာသာပြန်ရင်တောင်မှ “အတွင်းပိုင်း” အချင်းချင်း၊ အပြန်အလှန် မှီခိုတယ်လို့ ဆိုလိုပါတယ်။ နောက်ပြီးတော့ “နက်” (net) ဆိုတာ … ပိုက်ကွန်လို၊ ခြင်ထောင်လို၊ ပင့်ကူအိမ်လို .. အချိန်အဆက်များကို ဆိုလိုတာ ဖြစ်ပါတယ်။ ချိတ်ဆက်မှု တစ်ခုခုကို ဆိုလိုတဲ့ အဓိပ္ပါယ် တစ်ခုဖြစ်ပါတယ်။ အဲဒီတော့ အရှည်ကြီး မရေးတော့ဘူးဗျာ … မြန်မာပီပီ .. တိုက်ရိုက်ပဲ ဘာသာ ပြန်လိုက်ပီ … ။ (အင်တာနက် = အတွင်းပိုင်း၊ အချင်းချင်း၊ အပြန်အလှန် ချိန်ဆက်မှုများ)။

“အင်တာနက်” ဆိုတဲ့ အဓိပ္ပါယ် ဘယ်ကလာ ???
“ အင်တာနက်” ဆိုတဲ့ အခေါ်အဝေါ်၊ အဓိပ္ပါယ် ဘယ်ကလာတယ် ဆိုတာကို လေ့လာကြည့်ခြင်းအားဖြင့် သူဘယ်လို အလုပ်လုပ်တယ် ဆိုတာကို သိရှိနားလည်ဖို့ လွယ်ကူလာနိုင်ပါတယ်။ ကဲဗျာ .. ဘယ်ကနေ ဖြစ်လာတယ်ဆိုတာ ကြည့်ရအောင်ဗျာ .. ။ (Network) ကွန်ယက်ပိုင်းကို နဲနဲပြန်သွားရမယ်ဗျ … အဲကနေ စခဲ့တာကိုးဗျ … ။
Network (ကွန်ယက်) နှစ်မျိုးရှိပါတယ်
(1) Multi-Networking (နက်ဝက် ကွန်ယက် တစ်ခုချင်း … တစ်ခုချင်းဆီ သီးခြား ရပ်တည်ခြင်း)
(2) Internetworking (နက်ဝက် ကွန်ယက် အချင်းချင်း ချိတ်ဆက်ခြင်း)
ဘယ်လိုဆက်စပ်တာလဲ .. အင်တာနက် ဆိုတဲ့အခေါ်အဝေါ်နဲ့ ?? ဒီလိုပါ …

{Internetworking = Internet}

အခုဆိုရင် အင်တာနက်လို့ခေါ်တဲ့ Global Network ကမ္ဘာ့ကွန်ယက်ကြီးကို .. အားလုံး နားလည်သဘော ပေါက်တယ်လို့ ယူဆပါတယ်။ အကျဉ်းချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ——
(၁) အင်တာနက်ဆိုတာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ (Network) ကွန်ရက်တွေ ပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
(၂) အင်တာနက်မှာ ပိုင်ရှင်မရှိပါဘူး။
(၃) ကွန်ပျူတာ အလုံးအရေအတွက် ဘယ်လောက် အင်တာနက် ချိတ်ဆက်ထားလဲ ဆိုတာလည်း မည်သူမျှ မသိနိုင်ပါဘူး။ (သန်းနဲ့ချီ)
(၄) အင်တာနက် ဗဟိုစီးဆင်းတဲ့ လမ်းကြောင်း (Internet Traffic flow @ backbone) တွေကို Private ကုမ္ပဏီတွေက ပိုင်ဆိုင်တယ်။
(၅) TCP/IP (Transmission Control Protocol/Internet Protocol) လို့ခေါ်တဲ့ (TCP/IP) နည်းစနစ်နဲ့ ကွန်ပျူတာ အချင်းချင်း ချိတ်ဆက်တယ်။
(၆) အင်တာနက်ဟာ ရှိပြီးသား ဖြစ်တဲ့ တယ်လီကွန်မြူနီကေးရှင်းစနစ် (သို့) ဂြိုလ်တုစနစ်ကိုသုံးပြီးတော့ အချက်အလက် (Data) တွေကို (Router) လို့ခေါ်တဲ့ မော်တော်ပီကေ၏ လမ်းကြောင်းမှုဖြင့် ကမ္ဘာတစ်ဝန်းသို့ ပို့ဆောင်၊ ဝေမျှနေတဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။
(၇) အင်တာနက်ပေါ်မှာရှိတဲ့ ကွန်ပျူတာများဟာ (Client/Server) architecture သုံးပါတယ်။
(၈) ထို့အတူ Internet (အင်တာနက်)မှာ Services တွေလို့ခေါ်တဲ့ ၀န်ဆောင်မှုအများအပြား ရှိပါတယ်။

ဥပမာအားဖြင့်- WWW(World Wide Web), Telnet , FTP (File Transfer Protocol), HTTP (Hypertext Markup Protocol), SMTP (Simple Mail Transfer Protocol), POP3 (Post Office Protocol 3) … အစရှိသည်တို့ ဖြစ်ပါတယ်...။။

Post a Comment

0 Comments

Close Menu