Ad Code

Responsive Advertisement

ဆိုင်ကယ်အနားကပ်လာလျှင် သတိထားပါ

မန္တလေးမြို့မှ ဆိုင်ကယ်စီးပြည်သူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အလင်းရောင်မပျောက်သေးသော   ညနေ ၆ နာရီခန့်တွင် ရွှေပြည်သာ ထန်းခြောက်ပင်ကား ကြီးဂိတ်အနီး လူငယ်တစ်ဦးထံမှ အော်ဟစ်အကူအညီတောင်း သည့် အသံတစ်သံ ထွက်ပေါ်လာ သည်။
ရုံးဆင်းချိန် အိမ်သို့အပြန် ကားလမ်းပေါ်တွင် မည်သည့်အ ချိန်က ချဉ်းကပ်လာမှန်းမသိ သည့် ဆိုင်ကယ်တစ်စီးက ခါး ကြား၌ ညှပ်ထားသော ပိုက်ဆံ အိတ်နှင့် ဖုန်းကိုရုတ်တရက်လုယူ သွားခြင်းကြောင့် ဖြစ်သည်။ အလင်းရောင် မပြယ်သည့်အချိန် လည်းဖြစ်၊ ခါးကြားတွင် ထိုး ထားသောကြောင့် စိတ်ချလက်ချ  ဖြစ်နေရာမှ အလုခံလိုက်ရခြင်း ဖြစ်သည်။
‘‘ပါသွားပြီ၊   ပါသွားပြီဆို တော့ လူတွေက ကြောင်တောင် တောင်နဲ့ လှမ်းကြည့်ကြတယ်။ တစ်ခါမှလည်း မကြုံဖူးတော့ အံ့ သြကြတာပေါ့။ လုတဲ့လူကိုတော့ မမိလိုက်ဘူး။ ဆိုင်ကယ်မောင်း ပြီး   ထွက်ပြေးသွားတာ’’   ဟု ကိုကျော်ဦးက လွန်ခဲ့သည့် ရက်ပိုင်း အတွင်း ရွှေပြည်သာမြို့နယ်၌ ကြုံတွေ့ခဲ့ရသည့် ဆိုင် ကယ်စီးသူအချို့၏ လုယက်ခံရမှုကို ပြောပြ ခြင်း ဖြစ်သည်။
ရန်ကုန်က ကိုကျော်ဦးနည်း တူ မန္တလေးမြို့တွင်လည်း ဆိုင် ကယ်မောင်းနှင်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။ လုယက်မှုများတွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည့် အမှုက ပြည်ကြီးတံ ခွန်မြို့နယ် ဆလိမ်ရပ်ကွက်၌ ဖြစ်ပွားခဲ့သော လုယက်မှု ဖြစ်သည်။
ဆိုင်ကယ်မောင်းနှင်လာ သော အမျိုးသားနှစ်ဦးက အသက် (၂၅)နှစ်ရှိ အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို နောက်မှဖြုတ်ယူ လုယက်ခဲ့ရာ လုယက်ခံရသူ အမျိုးသမီးက တရားခံနှစ်ဦးကို လိုက်လံဖမ်းဆီးစဉ် လမ်းချော်၍ ဆိုင်ကယ်မှောက်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
အဆိုပါ ဖြစ်စဉ်မျိုးကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ မြို့ နယ်များသာမက အခြားသော မြို့ များတွင်လည်း မကြာခဏဖြစ် ပွားလျက်ရှိသည်။
‘‘ကျွန်မတုန်းက အနောက် က လိုက်လာတဲ့ ဆိုင်ကယ်တစ်စီး က ကိုယ့်ဆိုင်ကယ်ကို ဆောင့်တွန်းလိုက်တယ်။ ယိုင်ထွက်သွားတဲ့ ဆိုင်ကယ်ကို ဟန်ချက်ထိန်းနေ တုန်း အဲဒီဆိုင်ကယ်ပေါ်ပါလာတဲ့ အမျိုးသားတစ်ဦးက လက်ကိုင် မှာ ချိတ်ထားတဲ့ ကျွန်မပိုက်ဆံ အိတ်ကို လုပြီး မောင်းပြေးတော့ တာပဲ’’ဟု ချမ်းအေးသာစံမြို့နယ် တွင် လုယက်ခံရသူတစ်ဦးက ပြန်  လည်ပြောပြသည်။
လုယက်မှုများသည် အ လင်းရောင်မပျောက်သေးသော နေ့လယ်၊ နေ့ခင်းနှင့် ညနေဘက်
အချိန်မရွေးတွင် ဖြစ်ပွားလာသည့် အနေအထား ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့၏ စာရင်းများအရ ၂၀၁၄ နှင့် နှိုင်းယှဉ်ပါက ဆိုင်ကယ်စီးလု ယက်မှုများသည် ၂၀၁၅ ၌ ပိုမိုအ ဖြစ်များလာသည်ဟု ဆိုသည်။ ၂၀၁၄တွင် ရန်ကုန်တိုင်း၌ ဆိုင် ကယ်ဖြင့်လုယက်မှု၁၅မှုဖြစ်ခဲ့ပြီး ၂၀၁၅ နှစ်လယ်ကာလအရောက်တွင် လုယက်မှုပေါင်း ၁၇ မှုဖြစ်ခဲ့သဖြင့် ယခင်နှစ်ထက် ထက် ၀က်ခန့် မြင့်တက်လာခြင်း ဖြစ်သည်။
၂၀၁၅ အတွင်း ဆိုင်ကယ်စီး လုယက်မှုများမှာ လှိုင်သာယာ၊ ဒဂုံမြောက်၊ တာမွေ၊ လှိုင်၊ မရမ်း ကုန်း၊ ဘုရင့်နောင်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ဒလ၊ မြောက်ဥက္က လာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ မှော်ဘီ၊ အင်းစိန်၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ သာကေတမြို့နယ် များတွင် အများဆုံးတွေ့ရ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဆိုသည်။
ရန်ကုန်နည်းတူ မန္တလေး မြို့တွင်လည်း ခြောက်လအတွင်း လုယက်မှုပေါင်း ၃၆ မှုဖြစ်ပွားခဲ့ ပြီး တစ်လလျှင် လုယက်မှုခြောက် မှုနှုန်း  ဖြစ်ပွားနေသည်။ ဆိုင် ကယ်မြို့တော်ဖြစ်သည့် မန္တလေး တွင်  လုယက်မှုများ ပိုမိုများပြား လျက်ရှိသည်။
မြို့ကြီးနှစ်မြို့တွင် ဖြစ်ပွား သော ဆိုင်ကယ်နှင့် လုယက်မှုအ များစု၌   ယနေ့အချိန် ဖမ်းဆီး ရမိခြင်းမရှိသည့် အမှုများလည်း ရှိနေသည်။
ယခုနှစ်အတွင်း ဖြစ်ပွားခဲ့ သော ဆိုင်ကယ်စီးလုယက်မှုများ သည် ယခင်နှစ်ထက် များပြားခဲ့ သော်လည်း ဖမ်းဆီးရရှိသည့် တရားခံသည် အမှုဖြစ်ပွားမှု၏ ထက်ဝက်ခန့်သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ယင်းအခြေအနေမှာ လုယက်မှု တိုင်း၏ တရားခံများကို ဖမ်းဆီး နိုင်မှု မရှိခြင်းနှင့် တိုင်ကြားမှု မရှိခြင်းများကြောင့်လည်းဖြစ်သည်။
‘‘ဖမ်းမိတာ နည်းတယ်။ လု ယက်ပြီး အမြန်မောင်းပြေးတာဆို တော့ တိုင်ကြားသူကလည်း သေ ချာမပြောပြနိုင်တော့မိတာ နည်း တယ်’’ ဟု ရွှေပြည်သာမြို့နယ် ရဲ တပ်ဖွဲ့မှ တာဝန်ကျရဲတပ်သား တစ်ဦးက ပြောသည်။
အချို့အမှုများမှ သာမန် ပိုက်ဆံလု၊ ဖုန်းလုသည့် အမှုများ ဖြစ်သောကြောင့် လုယက်ခံရ သည့် သတင်းများ မြို့နယ်အနှံ့ ဖြစ်ပွားသော်လည်း တိုင်ကြား သူအရေအတွက်မှာ    အလွန် နည်းပါးသည်ဟု အထက်ပါ ရဲ တပ်သားတစ်ဦးက ပြောသည်။
မန္တလေးတိုင်းရဲတပ်ဖွဲ့က အဆိုပါ လုယက်မှု ကျူးလွန်သူ များကို ပစ္စည်းလုယက်မှုဖြင့် ဖမ်း ဆီးရခြင်း မရှိသေးသော်လည်း ဆိုင်ကယ်ခိုးမှု၊ အခြားခိုးမှုများဖြင့် သာ ဖမ်းဆီးရမိလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက ဆိုသည်။
ရန်ကုန်မြို့တွင် ဖမ်းဆီးရရှိ သည့်   ဆိုင်ကယ်စီးလုယက်မှု ကျူးလွန်သူများသည်   အသက် (၁၈)မှ (၃၀)နှစ်အတွင်းရှိသည့် လူငယ်များသာဖြစ်ပြီး   ပြစ်မှု ဟောင်းရှိသူများဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကဆိုသည်။
‘‘တရားခံအများစုကတော့ နေရာမျိုးစုံမှာ ပြစ်မှုကျူးလွန် တတ်တဲ့သူတွေ များတယ်။ ဖမ်း မိလို့ စစ်ဆေးတဲ့အခါမှာလည်း ကျူးလွန်ထားတဲ့ အမှုတွေက တစ်မှုတည်း ကျူးလွန်တဲ့သူ နည်း တယ်။ အများအားဖြင့် ပြစ်မှုအ များကြီး ကျူးလွန်ပြီးမှမိတာ များ တယ်။ သူတို့ကျူးလွန်တဲ့ အမှု တွေကို ရက်စွဲကအစ သူတို့မှတ် မိတယ်’’ ဟု နယ်ထိန်းရဲအရာရှိ တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီး နင်းခွင့် မရှိသောကြောင့် ယခုနှစ် အတွင်း ခပ်စိပ်စိပ် ဖြစ်ပွားနေ သော ဆိုင်ကယ်စီးလုယက်မှုအ တွက် အဖြေရှာရမည်ဟု ယင်း မြို့နယ်တွင် နေထိုင်သူများက ဆို သည်။ ရန်ကုန်မြို့လယ်ကဲ့သို့ နေရာမျိုးတွင်ပင် ညအချိန်၌ ဆိုင်ကယ်များ ဥဒဟိုသွားလာနေ ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ် ရှိပြီး ယင်းအနက် ၃၃ မြို့နယ်ကို စည်ပင်သာယာနယ်နိမိတ်အဖြစ် သတ်မှတ်ထားကာ  စည်ပင်သာ ယာနယ်နိမိတ်အတွင်း ဆိုင်ကယ် စီးနင်းမှုကို ခွင့်မပြုထားကြောင်း သိရသည်။
‘‘ဆိုင်ကယ်စီးခွင့်ကို စည် ပင်၊ လျှပ်စစ်နဲ့ ယာဉ်ထိန်းရဲပဲ စီးခွင့်ပေးတယ်။ ရဲတွေကိုတော့ တရားဝင်စီးခွင့် မပေးထားဘူး။ စက်ဘီးနဲ့ပဲ တရားခံဖမ်းခိုင်း တယ်။ ရဲတချို့ကလည်း ဆိုင် ကယ်စီးပြီး မတော်တဆမှုတွေနဲ့ သေဖူးတယ်။ နောက်အင်တာ နက်တွေမှာ ရဲတွေ ဆိုင်ကယ်စီး တဲ့ပုံတွေ တင်ပြီးနောက်ပိုင်း ‘‘စီး ခွင့်မပြုတော့ဘူး။ အခုစီးနေတာက နားလည်မှုနဲ့ စီးနေတာ’’  ဟု ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်း ဆောင်နေသည့် မြို့နယ်မှူးတစ် ဦးက ပြောသည်။
မြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းမှုကို သေချာကြပ်မတ်စွာ ဖမ်းဆီးနိုင်ပါက ယခုဖြစ်ပေါ်နေ သော ဆိုင်ကယ်စီးလုယက်မှုများ လျော့နည်းလာနိုင်သည့်ဟု အစိုး ရ၀န်ထမ်းအချို့က ပြောသည်။
‘‘ကျွန်တော်တို့လည်း ဖမ်း တာပဲ။ စခန်းထဲမှာ ဆိုင်ကယ် တွေအပြည့်ပဲ။ ထားစရာနေရာ တောင် မရှိဘူး။ ဒါပေမဲ့ ဖြစ်နေ တာပဲ’’ဟု ရွှေပြည်သာမြို့နယ် တွင် တာဝန်ကျရဲတပ်သားတစ်ဦး က ပြောသည်။
တစ်ဖက်က ဆိုင်ကယ်စီးသူ များကို ဖမ်းဆီးနေကာ တစ်ဖက်  ကလည်း ဆိုင်ကယ်စီးလုယက်မှု များ ကြုံတွေ့ရသည့် မြို့နယ်များ တွင် ကြိုတင်ကာကွယ်သည့်အ နေဖြင့် လှည့်လည်စစ်ဆေးခြင်း များ ပြုလုပ်နေသည့်ဟု ရဲတပ်ဖွဲ့ က ဆိုသည်။
‘‘စီမံချက်နဲ့ လုပ်နေတာ တော့ မရှိဘူး။ လုယက်မှုဖြစ်ပွား တတ်တဲ့ နေရာတွေမှာတော့ ၀ပ် ကင်းတွေ၊ လှည့်ကင်းတွေနဲ့ ဖမ်း ဆီးအရေးယူမှုတွေတော့ လုပ်နေ တယ်’’ဟု ရန်ကုန်တိုင်းတွင် တာ ၀န်ထမ်းဆောင်နေသည့် တာဝန် ကျ မြို့နယ်မှူးတစ်ဦးက ပြော သည်။
ဆိုင်ကယ်စီးလုယက်မှု များ ပြားလာသည့်အတွက် ဖြစ်ပွားမှု များသော မြို့နယ်များတွင် ကြို တင်ကာကွယ်ဖမ်းဆီးမှုများ၊ ညအ ချိန် ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်း၌   တာဝန်ထမ်းဆောင်နေသည့် မြို့နယ်မှူးတစ်ဦးက ပြောသည်။
 ‘‘မှုခင်းဖြစ်မလားဆိုတာ တွေတော့ဘယ်သူမှ ကြိုမသိနိုင်တဲ့အတွက် တားဆီးလို့မရဘူး။ ဒါပေမဲ့ ပြစ်မှုမကျူးလွန်ခင်တော့ ကြိုတင်ကာကွယ် တားဆီးတာ တွေ လုပ်လို့ရတယ်။ ဒါကြောင့် မြို့နယ်တိုင်းမှာ ညဘက်ကြိုတင် ကာကွယ်မှုတွေ လုပ်ဆောင်နေပါ တယ်’’ဟု အဆိုပါ မြို့နယ်မှူးက ပြောသည်။
ယခုလအတွင်း ဖမ်းဆီးအ ရေးယူမှုများ ပြုလုပ်နေစဉ် တာမွေမြို့နယ်တွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။ ည အချိန်မတော် စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးနှင့် လူငယ်လေး ဦးကို တာမွေမြို့နယ် ကင်းလှည့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ လမ်းဘေးဓာတ်တိုင်ကို ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မတော်တဆ ယာဉ်တိုက်မှုတွင် လူငယ်နှစ်ဦးနေရာ၌   ပွဲချင်းပြီး သေဆုံးခဲ့သည်။
တစ်ဖက်တာဝန်ရှိသူ အာ ဏာပိုင်များက ကြိုတင်ကာကွယ် မှုများ ပြုလုပ်နေပြီး ပြည်သူ များဘက်ကလည်း လုယက်မှုဖြစ် ပွားသည့် မြို့နယ်များတွင် သတိ ထား၍သွားလာကြရန် ရန်ကုန်နှင့် မန္တလေးမြို့ ရဲတပ်ဖွဲ့များက ဆော်သြထားသည်။
‘‘ကိုယ့်နားကို စက်ဘီးတို့၊ ဆိုင်ကယ်တို့  ချဉ်းကပ်လာရင်၊ ချဉ်းကပ်လာတာ ကြာလာရင် သတိထား။ ဘေးဘီဝဲယာ လူတွေ နဲ့ အဆက်အသွယ် မပြတ်စေနဲ့။ လုတဲ့သူတွေက တဖြည်းဖြည်းနဲ့ ကပ်လာပြီး သေချာလောက်မှ ဖြတ်လုသွားတာဆိုတော့ ကိုယ့် နားကို ဘာမှမကပ်စေနဲ့’’ဟု ရွှေ ပြည်သာရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ဖြစ်ပေါ် သော ဆိုင်ကယ်စီး လုယက်မှုများ သည် ရန်ကုန်နှင့် မတူဘဲ ဆိုင် ကယ်စီးသူ အချင်းချင်း ဖြတ်လု သော အမှုများဖြစ်သောကြောင့် နယ်မြေရဲများက ပိုက်ဆံအိတ် များကို ဆိုင်ကယ်တူးဘောက်စ်ထဲ ထည့်၍ သယ်ဆောင်ရန်၊ ပိုက်ဆံ အိတ်များကို ဘေးတိုက်မလွယ် ဘဲ ခန္ဓာကိုယ်ရှေ့ထား လွယ်ရန်၊ ဆွဲကြိုးများကို အင်္ကျီထဲထည့်ပြီး ၀တ်ဆင်ရန်    တိုက်တွန်းထား သည်။
‘‘လမ်းဘေးမှာ ဖုန်းပြောတဲ့ အခါ လမ်းဘက်ကို ဖုန်းထားပြီး မပြောနဲ့။ မန္တလေးက ထိုင်းဘီး တွေ ရှေ့မှာပါတဲ့ ခြင်းထဲကို လည်း ဖုန်း၊ ပိုက်ဆံအိတ်မထည့် နဲ့။ အလွယ်တကူလုယူနိုင်တယ်’’ ဟု ချမ်းအေးသာစံမြို့နယ် အမှတ်(၈)နယ်မြေရဲစခန်းမှူး ဒုရဲ မှူးကျော်သာဦးက ပြောသည်။
လုယက်မှုအများစုမှာ တရားခံဖမ်းဆီးရရှိရန် ခဲယဉ်းသဖြင့် နောင်အခါ မိမိအနားလူကပ်လာပါက သတိထားတော့မည်ဖြစ် ကြောင်း လုယက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကိုကျော်ဦးက ဆိုသည်။

Post a Comment

0 Comments

Close Menu