Ad Code

Responsive Advertisement

လိပ်ကျွန်းလူသတ်မှုအမှုမှန်ပေါ်ပေါက်ရေး တပ်ချုပ်က ဒေါ်လာငါးထောင် ထောက်ပံ့

ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံနေရသော မြန်မာလုပ်သားနှစ်ဦးအား ၂၀၁၄ ဒီဇင် ဘာလက ထိုင်းနိုင်ငံ၊ ကော့စမွီတရားရုံး၌ ရုံးထုတ်လာစဉ် (Taylor Weidman/GETTY IMAGES)
လိပ်ကျွန်းလူသတ်မှုအမှု မှန်ပေါ်ပေါက်ရေးဆောင်ရွက်နေ သော မြန်မာသံရုံးအထူးအဖွဲ့အား တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က အမေရိကန်ဒေါ်လာ ငါး ထောင်ထောက်ပံ့ခဲ့ကြောင်း  သ တင်းရရှိသည်။
‘‘သံအမတ်ကြီး မြန်မာနိုင်ငံ ကိုအစည်းအဝေးသွားတဲ့အချိန် ပေးလိုက်တာလို့ သိရပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်ဖို့ ကာကွယ်ရေးဦးစီး ချုပ်က အားပေးပြီး ဒီလိုထောက် ပံ့တာဟာ အရမ်းဝမ်းသာစရာကောင်းပါတယ်။ကျွန်တော်တို့ လုပ်ဆောင်ရတဲ့အခါမှာလည်း ကုန်ကျ စရိတ်က တော်တော်များပါတယ်။ ရုံးထုတ်စစ်ဆေးတဲ့ကော့စမွီကျွန်းကို သွားရတာဟာ မလွယ်ပါဘူး။အခုရက်ပိုင်းအ တွင်းမှာ သံအမတ် ကြီးနဲ့ ဆွေးနွေးတိုင်ပင်ပြီး အမှုအတွက် ပြင်ဆင်သွားမှာပါ’’ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်ကပြောသည်။
လိပ်ကျွန်းလူသတ်မှုကို လာ မည့်ဇူလိုင် ၈ရက်တွင် ရုံးထုတ်၍ သုံးရက်ဆက်တိုက်  စတင်စစ် ဆေးမည်ဖြစ်သည်။ လိပ်ကျွန်းလူ သတ်မှုစွပ်စွဲခံမြန်မာလုပ်သားနှစ် ဦး၏ ဒီအင်န်အေ(မျိုးရိုးဗီဇ)ကို ဇူလိုင် ၈ရက်ရုံးချိန်းမတိုင်မီ အချိန်မီ  ပြန်လည်စစ်ဆေးရန် ထိုင်းနိုင်ငံရှေ့နေများကောင်စီက တိုက်တွန်းတောင်းဆိုထားသည်။ ဒီအင်န်အေကိုပြန်လည်စစ်ဆေး ရန် ထိုင်းတရားသူကြီးက အမိန့်ချထားသော်လည်း စစ်ဆေးမည့်ရက်ကိုမူ သတ်မှတ်ထားခြင်းမရှိသေးပေ။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက်တစ်နေ့တွင် သေဆုံးသူ  မစ္စဟန်နာဝစ်သာရစ်ခ်ျ၏ သူငယ်ချင်းလက်မောင်း၌ ဒဏ်ရာဖြင့် ဂစ်တာကိုင်ကာ လိပ်ကျွန်းမှ ပြန်သွား သည့် မစ္စတာ ရှောင်မက်နာဟေးစ်နှင့် ဒေးဗစ်မီ လာ၏ သူငယ်ချင်း မစ္စတာခရစ္စ တိုဖာအလမ်ဝဲတို့အား သက်သေ အဖြစ်ထွက်ဆိုပေးရေး နိုင်ငံချင်းချိတ်ဆက်၍ ဆင့်ခေါ်ပေးရန် မြန်မာသံရုံးအထူးအဖွဲ့က  ကော့စမွီမြို့နယ်တရားသူကြီးထံ တောင်းဆိုထားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်ကပြောသည်။
လိပ်ကျွန်းလူသတ်မှုစတင် ဖြစ်ပွားစဉ်ကလည်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌဦးခင်အောင် မြင့်နှင့် လွှတ်တော်အမတ်နှစ်ဦး တို့က မြန်မာသံရုံးအထူးအဖွဲ့ထံ ထောက်ပံ့ငွေကျပ်သိန်းသုံးရာကူညီထားသည်။
ဗြိတိသျှနိုင်ငံသား ဒေးဗစ်မီ လာ(၂၄)နှစ်နှင့် ဟန်နာဝစ်သာရ စ်ခ်ျ(၂၃)နှစ်တို့သည် ၂၀၁၄ စက် တင်ဘာ ၁၄ရက်  ညဥ့်သန်းခေါင်  တွင် လိပ်ကျွန်း၌ အသတ်ခံခဲ့ရပြီး ယင်းလူသတ်မှုအတွက်  မြန်မာ လုပ်သားနှစ်ဦးကို  ဖမ်းဆီးထား သည်မှာ  ဆယ်လခန့်ရှိပြီဖြစ် သည်။
http://www.7daydaily.comမှ ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu