Ad Code

Responsive Advertisement

ပရင့်တာ (ပုံနှိပ်စက်) မှာ ဘာကမှားနေသလဲ ဘာကပျက်နေသလဲဆိုတာ ခင်ဗျားသိပါသလား By Sayar WinNaingOo

Win Naing Oo's photo.

ပရင့်တာ (ပုံနှိပ်စက်) မှာ ဘာကမှားနေသလဲ ဘာကပျက်နေသလဲဆိုတာ ခင်ဗျားသိပါသလား
.
(2) When is the printer going to be fixed?
ပရင့်တာကို ဘယ်အချိန်မှာ ပြုပြင်မှာပါလဲ
.
(3) The printer is broken. Where is the other printer?
ပရင့်တာက ပျက်သွားပြီ ၊ တခြား ပရင့်တာက ဘယ်နေရာမှာပါလဲ
.
(4) The copy machine is jammed again.
မိတ္တူကူးစက်က နောက်တစ်ခါ ညပ်ပြီးအလုပ်လုပ်လို့မရ ဖြစ်သွားပါပြီ
.
(5) We need to get the copy machine fixed.
ကျနော်တို့အတွက် မိတ္တူကူးစက်ကို ပြင်ပေးဖို့ လိုအပ်ပါတယ်
.
(6) A technician is coming this afternoon to fix the copy machine.
ကျွမ်းကျင်သူက မိတ္တူကူးစက်ကို ပြင်ဖို့ ဒီညနေမှာ လာပါလိမ့်မယ်
.
(7) Where is the paper for the copy machine?
မိတ္တူကူးစက်အတွက် စက္ကူတွေက ဘယ်နေရာမှာပါလဲ
.
(8) We need to order more paper. We're running low. (running low = နည်းနေပြီ)
ကျနော်တို့ စက္ကူတွေကို ထပ်ပြီးမှာဖို့ လိုအပ်ပါတယ် ၊ အခုကျနော်တို့မှာ နည်းနေပါပြီ
.
(9) I'm out of staples. Do we have any more in the supply room?
ကျနော့်မှာ စာရွက်တွဲတဲ့ ချုပ်စက်သုံး အပ်တွေ ကုန်သွားပြီ ၊ ထောက်ပံ့ရေးပစ္စည်း အခန်းထဲမှာ ထပ်ပြီး ရှိပါသေးရဲ့လား
.
(10) My monitor is very old. It's a little blurry and it gives me a headache when I look at it for a long duration. Could I get a new monitor? (blurry = တုန်သောမှုံသော)
ကျနော့်ကွန်ပြူတာဖန်သားပြင်က သိပ်ကိုဟောင်းနေပြီ ၊ အဲဒါက နည်းနည်းမှုံပြီးတုန်နေတယ် ၊ ပြီးတော့ ကျနော်အဲဒါကို အကြာကြီးကြည့်လျင် ခေါင်းကိုက်လာတယ် ။ ကျနော် မော်နီတာ အသစ်တစ်လုံးရနိုင်မလားခင်ဗျာ ..
.
(11) My computer is too slow. It slows down my work. I would like a faster computer. It will increase my efficiency on many of my tasks. (efficiency = လုပ်ဆောင်နိုင်စွမ်းရည်)
ကျနော့်ကွန်ပြူတာက နှေးလွန်းတယ် ၊ ကျနော့်အလုပ်တွေကို နှေးစေတယ် ၊ ကျနော် မြန်တဲ့ကွန်ပြူတာတစ်လုံး လိုချင်ပါတယ် ၊ အဲဒါက ကျနော့်ရဲ့ အလုပ်တာဝန်တွေ အများကြီး လုပ်နိုင်စွမ်းကို တိုးမြှင့်စေပါလိမ့်မယ် ။
.
ကဲ အလုပ်ထဲမှာ အဆင်မပြေတာတွေ ပျက်နေတာတွေ ပြောပေတော့နော်
.ဆရာဝင်နိုင်ဦးFacebook မှ ပြန်လည်ကူးယူဖော်ပြသည်။( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)
မေတ္တာဖြင့် heart emoticon

Post a Comment

0 Comments

Close Menu