Ad Code

Responsive Advertisement

English Speaking – Job Expressions (14) by Sayar WinNaingOo

Win Naing Oo's photo.
English Speaking – Job Expressions (14)
…………………………………………
ရုံးစည်းကမ်း ရုံးအလုပ်နဲ့ ဆိုင်တာလေးတွေဆိုတော့ ရုံးမှာ လုပ်နေဆဲသူတွေ လုပ်ဖို့ကြံရွယ်နေသူတွေနဲ့ အင်္ဂလိပ်စာ လေ့လာကျွမ်းကျင်လိုသူတွေ အတွက် တင်ဆက်လိုက်ခြင်း ဖြစ်ပါတယ်
.
1. What are the company’s internal policies and procedures?
ကုမ္ပဏီရဲ့အတွင်းမှာ လိုက်နာရမယ့် မူဝါဒစည်းမျဉ်းတွေနဲ့ လုပ်ငန်းစဉ်တွေက ဘာတွေပါလဲ
.
2. How long are we allowed for lunch?
နေ့လည်စာအတွက် အချိန်ဘယ်လောက်ကြာကြာ ခွင့်ပြုပါသလဲ
.
3. How long is our lunch break?
နေ့လည် ထမင်းစားနားချိန်က ဘယ်လောက်ကြာကြာပါလဲ
.
4. What time should I report to work?
ဘယ်အချိန်မှာ အလုပ်ကို သတင်းပို့သင့်ပါသလဲ ၊ သတင်းပို့ရမှာပါလဲ (မနက်အလုပ်ဝင်ချိန်ဖြစ်မယ်ထင်တယ်)
.
5. Is there a strict policy on working hours?
အလုပ်လုပ်ချိန်တွေ နဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိပါသလား
.
6. Are we allowed to wear casual clothes on Saturday?
စနေနေ့မှာ ရိုးရိုး အပြင်မှာဝတ်နေကျ အ၀တ်အစားမျိုးကို ၀တ်ဆင်ဖို့ ခွင့်ပြုပါသလား
(စနေကတော့ ယူနီဖေါင်းမ၀တ်ရတာ များတယ်လေ )
.
7. If I have ten vacation days, am I allowed to use them all at once?
ကျနော့်မှာ အပန်းဖြေခရီးသွားခွင့် (၁၀) ရက်ရှိတယ်ဆိုလျင် အဲဒါတွေ အားလုံးကို တစ်ကြိမ်တည်းသုံးဖို့ ခွင့်ပြုပါသလား
.
8. Do our vacation days expire?
ကျနော်တို့ အပန်းဖြေခရီးထွက်ခွင့် ရက်တွေ ကုန်ဆုံးသွားပါပြီလား
.
9. Does this company allow using Facebook?
ဒီကုမ္ပဏီက facebook သုံးတာ ခွင့်ပြုပါရဲ့လား
.
10. What travel expenses items should I ask for?
ဘာခရီးသွားစရိတ် အမျိုးအစားတွေကို ကျနော် ပြန်လည်တောင်ခံသင့်ပါသလဲ
(ဘယ်ကိစ္စအတွက် ခရီးစရိတ်ပေးမှာလဲ ဆိုတာကို မေးခြင်း ဖြစ်ပါတယ် ၊ ကုမ္ပဏီကိစ္စဆိုသော်လည်း အရေးကြီး ကိစ္စ မဟုတ်လျင် bus နဲ့သွားသင့်သွား ခြေလျင်လျှောက်သင့်လျှောက် စသည်ဖြင့် သွားရတာလည်း ရှိတတ်ပါတယ်)
.....
ဝေါဟာရများ
.................
internal policies = ကုမ္ပဏီတွင်း ကျင့်သုံးသည့် စည်းမျည်းစည်းကမ်းများ
procedures = လုပ်ငန်းစဉ်များ
report = သတင်းပို့သည် ၊ အစီရင်ခံသည်
Expense = အသုံးစားရိတ်
Item = အမယ် ၊ အမျိုးအမည်
Causal = ထသွားလာသွားပုံစံဖြစ်သော ၊ ရိုးရိုးနေ့စဉ်သုံးနေကျ ၀တ်နေကျ ဖြစ်သော
Expire = သက်တမ်းကုန်သည် ၊ ကုန်ဆုံးသည်
Strict = တင်းကျပ်သော
Break = နားချိန် ၊ အားလပ်ချိန်
…………..
ှဆရာဝင်းနိုင်ဦး Facebook မှာ ပြန်လည်ကူးယူဖော်ပြသည်။( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)
မေတ္တာဖြင့် heart emoticon

Post a Comment

0 Comments

Close Menu