Ad Code

Responsive Advertisement

ဖုန်းတစ်လုံးရဲ့ network ပိုင်းကို လေ့လာကြည့်ရင် သိကြောင်းစရာ အချက်အလက်များ

ဖုန်းတစ်လုံးရဲ့ network ပိုင်းကို လေ့လာကြည့်ရင် radio တစ်လုံးရဲ့ လုပ်ဆောင်ချက်အပေါ်မှာ
အခြေခံထားတာကိုတွေ့ ရပါတယ်။ data အချက်အလက်တွေကိုတစ်နေရာကနေတစ်နေရာသယ်ဆောင်
တဲ့အခါ radio frequency (RF) ကို carrier wave အဖြစ်အသုံးပြုကြပါတယ်။ဒီနေရာမှာအသုံးပြုတဲ့
band width တော့ကွာခြားမှုရှိပါတယ်။ 

RF frequency ကို အကြမ်းအားဖြင့် 3KHZ မှ 300GHZ အတွင်း သတ်မှတ် ထားကြပါတယ်။
300GHZ နဲ့ အထက်လိုင်းတွေကိုတော့ Infrared အနီအောက်ရောင်ခြည်၊ Light-Ultraviolet X-Rays
ဓါတ်မှန် ရောင်ခြည်၊ Gamma-Rays. အစရှိတဲ့ ဓါတ်မှန်ရောင်ခြည်အဖြစ်သတ်မှတ်ကြပါတယ်။ radio frequency တွေမှာ လျှပ်စစ် သံလိုက်စက်ကွင်း (Electromagnetic Wave) အနဲအများပေါ်မူတည်ပြီး
စွမ်းအားပမာဏ ကွာခြားမှုရှိပါတယ်။
လူ့ အသုံးအဆောင်ပစ္စည်းများဖြစ်တဲ့ Radio, TV,Smartphone Microwave Oven အစရှိတဲ့ ပစ္စည်းတွေမှာ အသုံးပြုတဲ့
wave ကို Radio wave လို့ ခေါ်ပြီး သူ့ ရဲ့ frequency ဟာ 3KHZ to 300GHZ အတွင်းသတ်မှတ်ကြပါတယ်။
ဒီအထဲမှာမှ smartphone တွေမှာအသုံးပြုတဲ့ frequency ပမာဏဟာ 800MHZ to 2500MHZ အတွင်းအသုံးပြုကြပါတယ်။
smartphone တွေမှာ အသုံးပြုတဲ့ RF လိုင်းအမျိုးအစားကို Duplex system လို့ ခေါ်ကြပါတယ်။
GSM network တစ်ခုမှာ Full-Duplexer system ,Internet data packet, SMS, အစ၇ှိတဲ့ အချက်အလက်တွေကို 1800MHZ ပမာဏ ရှိတဲ့ radio လိုင်းပေါ်မှာ Modulation ပေါင်းစပ်ပြီး
တစ်နေရာနဲ့ တစ်နေရာ point to point စံနစ် နဲ့ ပို့ လွတ်ပေးပါတယ်။
ဒီနေရာမှာ ကြုံကြိုက်တုန်း duplex system မှာ full duplex နဲ့ half duplex ဆိုပြီး ထုတ်လွင့်မှုနှစ်မျိုး
ရှိပါတယ်။ full duplex ဆိုတာက မိုဘိုင်းဖုန်းတွေမှာအသုံးပြုတဲ့ စံနစ်ဖြစ်ပြီး
half duplex စံနစ်ကိုတော့ walkie-talkie တွေမှာအသုံးပြုကြပါတယ်။သူတို့ မှာ တစ်ဖက်နဲ့တစ်ဖက်
ဆက်သွယ်ပြောဆိုဖို့  push-to-talk ခလုတ်ကိုနှိပ်ပြီးဆက်သွယ်ကြပါတယ်။
GSM network ပိုင်းအတွက် နိင်ငံအလိုက် အသုံးပြုတဲ့ band width ပမာဏကတော့ ကွာခြားမှုရှိပါတယ်။
ASIA တွင်အသုံးပြုတဲ့ base band version နဲ့  Europe မှာအသုံးပြုတဲ့ baseband version ခြင်းမတူကြပါဘူး။ ဒါကို radio မကိုက်ဘူးလို့ ပြောကြပါတယ်။တစ်ခါတရ့မှာ ဖုန်းတွေရဲ့ firmware
area code တွေမှားတင်မိတဲ့အခါ network ပိုင်းတွေမှာ error တက်တတ်ပါတယ်။ baseband
unknown ဖြစ်ခြင်း IMEI မကိုက်ခြင်း စသဖြင့် ကြုံတွေ့ ရပါတယ်။ဒါကတော့ network ပိုင်းမှာပါဝင်တဲ့
RF လိုင်းတွေရယ် GSM ဆင်းကပ် တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ လေးတွေပါ။
လက်တွေ့ ပိုင်းအရတော့ network ပိုင်းတွေမှာ အဓိက ပါဝင်တဲ့အိုင်စီတွေနဲ့ သူတို့ ထဲမှာပါဝင်တဲ့
အစိတ်အပိုင်းတွေရယ်၊ သူတို့တစ်ခုခြင်းဆက်စပ်အလုပ်လုပ်ပုံတွေကို ဥာဏ်မှီသလောက်ပြောပြပေးပါ့မယ်။
Network ပိုင်းမှာအဓိကပါဝင်တဲ့ အိုင်စီတွေကတော့
(1) RFMD (RF 3228)
(2) RF Transceiver (RTR 6285)
(3) PA (6340)
(4)RF Transceiver (RTR 6500)
နဲ့  အခြား DUPLEXER ပတ်လမ်း ၊SAW Filter ပတ်လမ်းများ ပါဝင်ပါတယ်။
(1) RFMD (RF Micro Devices)
ဒီအိုင်စီလေးကတော့ Quad-band Antenna switchplexer အိုင်စီလေးဖြစ်ပါတယ်။
Multi mode Multi band အမျိုးအစားဖြစ်ပြီး 800MHZ,900MHZ,1800MHZ,1900MHZ,
အားလုံးအသုံးပြုနိင်အောင်တည်ဆောက်ထားပါတယ်။
logic control ငုတ် ၄ခုပါဝင်ပြီး၊အ၀င်ပိုင်းအတွက် rx ၂လိုင်း၊ အင်တာနာ အ၀င်တစ်လိုင်းစုစုပေါင်း
သုံးလိုင်းပါဝင်ပါတယ်။ အထွက်ပိုင်းလဲ သုံးလိုင်းရှိပါတယ်။
VDD အနေနဲ့  3.5V ကို VPH PWR လိုင်းကနေ တိုက်၇ိုက်ယူထားတဲ့အတွက် RFMDေ၇ှာ့ဖြစ်ပြီး
ပါဝါသေလာတဲ့ဖုန်းတွေမကြာခဏတွေ့ ၇ပါတယ်။
GSM PA ပိုင်းအတွက်Low-band,High-band နှစ်ခုခွဲပြီး ချဲ့ ထွင်ပေးခြင်း၊ RF Modulator အပိုင်းပါဝင်ပြီး
RF လိုင်းများကိုထုတ်လွင့်ခြင်း၊လက္ခံခြင်းများပြုလုပ်ပေးပါတယ်။
(2) RF Transceiver
ဒီအိုင်စီ၇ဲ့ အတွင်းပိုင်းဖွဲ့ စည်းပုံကတော့ပိုမို၇ှပ်ထွေးပါတယ်။ RX,TX, တွေ၇ဲ့ အ၀င်အထွက်လိုင်းများ၊
TCXO Clock လိုင်းများ၊ GPS Tune, WLAN အပိုင်းများ Baseband အပိုင်းများ၊DAC အပိုင်းများ
စတဲ့ RF Signal ကို ထုတ်လွင့်တဲ့အပိုင်းရော၊လက္ခံတဲ့အပိုင်းပါပေါင်းစပ်ထားတဲ့ service အိုင်စီလေးပါ။
(3) PA (Power Amplifier )
ဒီအိုင်စီလေးကတော့ RX IN အပိုင်းမှာ လျှော့နည်းသွားတဲ့ RF Signal တွေကို ချဲ့ထွင်ပေးရတဲ့အပိုင်း
လဲဖြစ်ပါတယ်။ ဒီအိုင်စီကိုလဲ vdd အဖြစ် VPH PWR လမ်းကြောင်းကပဲယူထားတဲ့အတွက် pa ရှော့
ဖြစ်ရင်ပါဝါ မနိုးနိင်တော့ပါဘူး။တကယ်လို့  pa မကောင်းရင်လဲ CDMA network တွေမှာ
3G ပျောက်ပြီး 1X ပဲတက်တဲ့ error တွေကြုံရတတ်ပါတယ်။ဒီလိုအခြေအနေမှာ ကြိုးကျော်ခြင်း၊
အမျိုးအစားမတူသည့် pa ကိုထည့်မိမယ်ဆိုရင် ဖုန်းခေါ်ရ်ျလုံးဝမရတာမျိုးဖြစ်တတ်ပါတယ်။
software အရ clear data လုပ်ကြည့်လို့ မရရင်တော့ pa လဲမှပဲအဆင်ပြေမှာပါ။
pa တွေမှာ CDMA PA နဲ့ GSM PA ဆိုပြီးရှိတဲ့အတွက် CDMA PA ဆို၇င် 6340,5404,5405,
အစ၇ှိတဲ့နံပါတ်တွေအဆင်ပြေပါတယ်။
(4) RTR 6500 RF Transceiver
ဒီအိုင်စီကတော့ CDMA Network အတွက်အသုံးပြုတဲ့အိုင်စီဖြစ်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့
RTR 6285 ရဲ့  function တွေအားလုံးနည်းပါး ပါဝင်ပါတယ်။
8813 တွေမှာတော့ TX OUT အပိုင်းကို ဒီအိုင်စီကနေ ထုတ်ယူထားတာတွေ့ ၇ပါတယ်။
PRX Cell, DRX Cell အပိုင်းတွေပါဝင်တာလဲအတူတူပဲတွေ့ ရပါတယ်။
RF အ၀င် လိုင်းအနေနဲ့  Ant ကတဆင့်ဝင်ရောက်လာပြီး QUAD-BAND Ant switch ic ဖြစ်တဲ့ RFMD ၇ဲ့ 
Pin-no 17 ကိုရောက်ရှိလာပါတယ်။ RX လိုင်းနှစ်ခုဖြစ်တဲ့ EGSM,GPCS လိုင်းတွေကတော့ pin 14 နဲ့ 
13 ကနေ၀င်ရောက်ပါတယ်။ GSM Low-band နဲ့ High-band ကတော့ pin 1 နဲ့ 3ကနေ၀င်ရောက်ပါတယ်။
EDGS အပိုင်း၇ဲ့  Amplitude Modulation အထွက်ပိုင်းကို တော့ pin 4 ကထိန်းချုပ်ပေးပါတယ်။
Antenna switch အပိုင်းကိုတော့ digital control ငုတ်တွေဖြစ်တဲ့ pin 6,7,8,9, တို့ကထိန်းချုပ်ပေးပါတယ်။ modulation လုပ်ပြီး ထွက်လာတဲ့ TRX Cell rf လိုင်းတွေဟာ Pin 16 ကနေတဆင့်ထွက်လာပါတယ်။
၎င်း TRX လိုင်းကို Duplexer အပိုင်း saw filter အပိုင်းတွေဖြတ်သန်းစေပြီး PA ရဲ့ pin 2 ကိုဝင်ရောက်ပါတယ်။pa အထွက် လိုအပ်တဲ့ dc mode နှစ်ခုကိုတော့ RTR 6500 ကနေ ထိန်းချုပ်
ထားတာတွေ့ ၇ပါတယ်။ လိုအပ်တဲ့အခြေအနေမျိုးမှာ လိုင်းကိုချဲ့ ထွင်ပေးနိင်၇န်ထိန်းချုပ်ပေးထားတာပါ။rf အထွက်ပိုင်းကိုတော့
pa ရဲ့ Pin 9 ကနေ ထုတ်ပေးထားပါတယ်။
RX Cell တွေနဲ့ အတူပါလာတဲ့ digital audio code တွေ ကို low frequency အနေ သို့ ပြန်ပြောင်း
ပေးဖို့ လိုအပ်ပါတယ်။ဒီအပိုင်းကို RTR 6285,RTR6500, အိုင်စီတွေကနေ convert ပြန်ပြောင်းပေးပါတယ်။
ထိုမှတဆင့် PRX,DRX data လမ်းကြောင်း၈ခုဖြင့် CPU အိုင်စီသို့ ပို့ ပေးပါတယ်။
CPU အတွင်းရှိ DAC အပိုင်းမှ လိုအပ်တဲ့ Analog audio signal ကို ပြန်ထုတ်ပေးပါတယ်။
ဒီအပိုင်းမှာCPU တစ်ခုနဲ့တစ်ခု output ပိုင်းကို ထုတ်ပေးတဲ့ပုံစံခြင်းမတူကြပါဘူး။
တစ်ချို့ CPU တွေ အသံပိုင်းကို speaker သို့ တိုက်ရိုက်မောင်းနှင်ထားပြီး၊အချို့ ကတော့
amp အပိုင်းတဆင့်ခံထားတာတွေ့ ရပါတယ်။
network ပိုင်းအတွက် solution ကတော့ တစ်ခုနဲ့ တစ်ခုတူညီနိင်မှာမဟုတ်ပါဘူး။
အဓိက ကတော့ network ပိုင်းမှာ ဗို့ လိုင်းတွေကိုအဓိကအသုံးပြုထားတာမဟုတ်ပဲ
rf frequency ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် မီတာဖြင့်တိုင်းကြည့်ရင်တော့ short ပတ်လမ်းတွေပဲ
တွေ့ ရမှာဖြစ်ပါတယ်။ ကွိုင်လေးတွေ ၊ကွန်ဒင်ဆာလေးတွေနဲ့ frequency ကိုထိန်းချုပ်ထားတဲ့အတွက်
၎င်း components လေးတွေ ပြုတ်နေခြင်း၊ ပျက်စီးနေခြင်းများရှိပါက network ပိုင်းတွင် error တက်လာ
နိင်ပါတယ်။ဖုန်းတစ်လုံးအတွက် အကျယ်ပြန့် ဆုံးအပိုင်းလဲဖြစ်တာကြောင့် ကျွန်တော်ဥာဏ်မှီသလောက်ကတော့ ဒီလောက်ပါပဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Credit :ဖိုး စပ် စု
ဝင်းလှိုင်(နည်းပညာ)မှ ပြန်လည်ကူးယူဖော်ပြသည်။

Post a Comment

0 Comments

Close Menu