Ad Code

Responsive Advertisement

♪ အမြန်ဆုံးဖုန်းဖြစ်လာသည့် Samsung Galaxy S6 ♫


Samsung Galaxy S6 ကို စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ အရည်အသွေးစစ်ဆေးမှု ၉ ခုတွင် ၆ ခုအနိုင်ရရှိခဲ့ကြောင်းနည်းပညာထုတ်ကုန်များ စမ်းသပ်သည့် Tom’ Guide ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
အဆိုပါ အရည်အသွေးစမ်းသပ်မှုတွင် LG G4 စမတ်ဖုန်းသည် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သော်လည်း iPhone 6 မှာ တတိယနေရာ၌ ရပ်တည်ခဲ့သည်။


Samsung Galaxy S6 တွင် ပါဝင်သည့် octa-core Exynos 7420 ပရိုဆက်ဆာအပြင် DDR4 memory နှင့် မြန်နှုန်းမြင့် storage format တို့ကြောင့် အခြားစမတ်ဖုန်းများ ထက်သာလွန်၍ အမြန်ဆုံးစမတ်ဖုန်း ဖြစ်လာကြောင်း စမ်းသပ်သူများက ပြောကြားခဲ့သည်။


စမ်းသပ်ခဲ့သည့် စမတ်ဖုန်းများတွင် iPhone 6 က အစောဆုံး ထွက်ရှိသည့် စမတ်ဖုန်းဖြစ်ပြီး specification များလည်း အားနည်းမှုရှိသည်။ သို့ရာတွင် iPhone 6 တွင်ပါဝင်သော 64-bit A8 ပရိုဆက်ဆာသည် pdf ဖွင့်ခြင်းနှင့် ဂိမ်းကစားခြင်းများ၌ စွမ်းဆောင်ရည် မြင့်မားကြောင်းဆိုသည်။

စမ်းသပ်မှုများတွင် Samsung Galaxy S6 ရလဒ်ကောင်း ရရှိခဲ့ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။ ယခင်က DXO Mark ဝက်ဘ်ဆိုက်က S6 ၏ကင်မရာကို စမ်းသပ်မှု ပြုလုပ်ခဲ့ရာတွင်လည်း အခြားဖုန်းများထက် သာလွန်ခဲ့သည်။

Samsung နှင့် Apple သည် စမတ်ဖုန်း ထုတ်လုပ်သော ထိပ်တန်းကုမ္ပဏီများဖြစ်သည်။ လက်ရှိတွင် Samsung သည် ယခုနှစ် ပထမသုံးလပတ်အတွင်း စမတ်ဖုန်းရောင်းချမှု၌ ပထမနေရာကို ပြန်လည်ရယူ ခဲ့သည်။

TOM'S GUIDE ၏ အဆင့်သတ်မှတ်ချက်စာရင်း
1. Samsung Galaxy S6
2. LG G4
3. Apple iPhone 6
4. HTC One M9
5. Google Nexus 6
6. Asus Zenfone 2
Ref: TOM'S GUIDE

 Credit:Internet Journal Myanmar

Post a Comment

0 Comments

Close Menu