Ad Code

Responsive Advertisement

SEAGames 2015 U23 Myanmar vs Vietnam

7Day Facebook Page အောက်မှာ မြန်မာအသင်းအောင်ပွဲနဲ့အတူ ပျော်ရွှင်နေကြသော မှတ်ချက်များ

Fact - ၁၉၉၅ ခုနှစ်၊ ဆီးဂိမ်းပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းဟာ ဂိုးသမား အောင်ကျော်ကျော် အနီကတ်ပြ ထုတ်ပယ်ခံရမှုနဲ့အတူ ဗီယက်နမ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ နောက်ထပ် နှစ်ပေါင်း ၂၀ အကြာမှာတော့ မြန်မာ ယူ-၂၃ အသင်းဟာ ဒီပြိုင်ပွဲ၊ ဒီအဆင့်မှာပဲ ဒီရလဒ်နဲ့ ဗီယက်နမ်ကို ရှုံးကြွေး ဆပ်နိုင်ခဲ့ပါပြီ။

ဗိုလ်လုပွဲစဉ်ကို စင်ကာပူ အမျိုးသား အားကစားကွင်းကြီးမှာ ဇွန်လ ၁၅ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီမှာ ကစားရမှာ ဖြစ်ပါတယ်။
Fact - မြန်မာအသင်းဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီးဂိမ်း ဗိုလ်လုပွဲကို တက်ရောက်ခွင့် ရရှိသွားပြီး ဗိုလ်လုပွဲအဖြစ် ထိုင်းနဲ့ အင်ဒိုနီးရှား တစ်သင်းသင်းကို ရင်ဆိုင် ကစားရပါတော့မယ်။

၉၀+၆ မိနစ် - ပွဲပြီးသွားပြီ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါပြီ။
၉၀+၆ မိနစ် - မြန်မာ ဘောလုံးကို ရယူထားပြီး တန်ပြန်တိုက်စစ် အစပြုဖို့ ကြိုးစားနေပါတယ်။
၉၀+၄ မိနစ် - အချိန်ဆွဲလို့ဆိုပြီး ကျော်ဇင်ဖြိုးပါ အဝါကတ် ထိပြန်ပါတယ်။
၉၀+၃ မိနစ် - ဗီယက်နမ်က တောက်လျှောက်ဖိနေပြီး မြန်မာက ရှင်းထုတ်နေပါတယ်။ ဗီယက်နမ် ကန်ချက် ဂိုးဘားပေါ် ကျော်သွားပါတယ်။
၉၀+၂ မိနစ် - ဒိုင်လူကြီးက ထမ်းစင်နဲ့ ထွက်သွားတဲ့ ကောင်းဆက်နိုင်ကို အဝါကတ် ပြသခဲ့ပါတယ်။

၉၀+၂ မိနစ် - မြန်မာတိုက်စစ်မှူး ကောင်းဆက်နိုင် ဒဏ်ရာရနေပါတယ်။
၉၀+၁ မိနစ် - မြန်မာ ဧရိယာထဲမှာ ဗီယက်နမ် တိုက်စစ်သမားတွေ ဘောလုံးရယူပုံ ကြမ်းတမ်းတာကြောင့် ဒိုင်က မြန်မာကို ပြစ်ဒဏ်ဘော ကန်ခွင့်ပေးပါတယ်။
၉၀+၁ မိနစ် - မြန်မာက စုပြုံဖျက်ထုတ်ရင်း တန်ပြန်တိုက်စစ်ကို အစပြုဖို့ ချောင်းကစားနေပါတယ်။
၉၀+၁ မိနစ် - ဗီယက်နမ် ကစားသမားကို ဖျက်ပုံကြမ်းတာကြောင့် ရှိုင်းသူရ အဝါကတ် ထိခဲ့ပါတယ်။
၉၀ မိနစ် - မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၄ မိနစ် ပေးထားပါတယ်။
၈၉ မိနစ် - ဗီယက်နမ် ဘယ်ခြမ်းက မြန်မာပြစ်ဒဏ်ဘော ကန်ခွင့်ရပါတယ်။ လှိုင်းဘိုဘိုအစား ချစ်စုမိုး ဝင်ကစားတာပါ။
၈၇ မိနစ် - ငုယန်ကောင်ဖောင်ရဲ့ ထိုးဖောက်မှုကို မြန်မာနောက်တန်းက စုရုံးဖျက်ထုတ်ဖို့ ကြိုးစားရင်း လှိုင်းဘိုဘို ဒဏ်ရာ ရရှိထားပါတယ်။

၈၇ မိနစ် - တန်ပြန်တိုက်စစ်ကနေ မြန်မာ ညာခြမ်းက ခုပ်တင်ပေးဖို့ ကြိုးစားပေမယ့် ဗီယက်နမ် နောက်တန်းက ရှင်းထုတ်နိုင်ခဲ့ပါတယ်။
၈၆ မိနစ် - ထရန်ပီဆွန် ဧရိယာထဲမှာ အပိုင်ခေါင်းတိုက်ပေမယ့် ဂိုးတိုင်ဘေး ကပ်ထွက်သွားလို့ မြန်မာ သက်သာရာ ရခဲ့ပါတယ်။
၈၆ မိနစ် - ဗီယက်နမ်အနေနဲ့ ဖိအားဝင်လာပြီး မြန်မာဘက်ကို ထိုးဖောက်မှုတွေမှာ အလွဲအချော်တွေ ပိုများလာပါတယ်။ ဒါပေမဲ့ မြန်မာဘက်က တန်ပြန်တိုက်စစ်တွေလည်း ထိထိရောက်ရောက် မရှိသေးဘဲ ဖြစ်နေပါတယ်။
၈၄ မိနစ် - မက်ဟောင်ကွမ် ဧရိယာထဲ ဖြတ်ပို့ဖို့ ကြိုးစားပေမယ့် မြန်မာ နောက်တန်းက လူကာ တားဆီးနိုင်ခဲ့ပါတယ်။
၈၂ မိနစ် - ဗီယက်နမ်ရဲ့ မက်ဟောင်ကွမ် ထောင့်ဖြတ် လှမ်းကန်တဲ့ဘောလုံး မြန်မာဂိုးတိုင်ဘေးက ထွက်သွားပါတယ်။ ဗီယက်နမ်က တစ်သင်းလုံး တက်ဖိပြီး ချေပဂိုးရဖို့ အားသွန် ကြိုးစားနေပါတယ်။

၈၁ မိနစ် - သိန်းနိုင်ဦးအစား ကိုကိုဟိန်း ဝင်ကစားခဲ့ပါတယ်။
၈၀ မိနစ် - သိန်းနိုင်ဦး ဒဏ်ရာရသွားတာကြောင့် ထမ်းစင်နဲ့ ကွင်းပြင်ထွက်သွားရပါတယ်။

၇၈ မိနစ် - ဗီယက်နမ်က ပွဲချိန်အများစုကို အသာစီးယူ ထိုးဖောက်နေပေမယ့် မြန်မာရဲ့ လျှပ်တပြက် တန်ပြန်တိုက်စစ်က ထိရောက်ခဲ့ပြီး နေလင်းထွန်းရဲ့ ကန်ချက် ဗီယက်နမ် ခံစစ်သမားနဲ့ထိရာကနေ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

၇၈ မိနစ်။ ညာခြမ်းက ထိုးဖောက်လာပြီး နေလင်းထွန်းရဲ့ အမှတ်မထင် အပြင်းကန်ချက် ဗီယက်နမ် ဂိုးသမား ပုတ်ထုတ်ပေမယ့် ဂိုးဝင်သွားပြီး မြန်မာ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ မြန်မာ ၂ - ၁ ဗီယက်နမ်။

၇၈ မိနစ် - ဂိုးးးးးးးးးးးးးးးးးးးးးးးး။
၇၇ မိနစ် - ဗီယက်နမ်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချက် တိကျ ကောင်းမွန်ပေမယ့် မြန်မာ ဂိုးတိုင်ဘေးက ကပ်ထွက်သွားပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ကန်တော်ခန်းမအနီး တပ်ဆင်ထားသော LED Board ရှေ့တွင် ဘောလုံးပွဲအားပေးနေသော ပရိသတ်များ (ဓာတ်ပုံ - ကျော်ဇေယျ)

၇၇ မိနစ် - ဗီယက်နမ်ရဲ့ ထရန်ပီဆွန် လှလှပပ ဝေ့ဝိုက် ကန်သွင်းချက် ဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံး ပုတ်ထုတ် ကာကွယ်သွားခဲ့ပါတယ်။
၇၆ မိနစ် - မြန်မာအသင်းဘက်က စည်သူအောင်အစား ဇွန်မိုးအောင် လူစားလဲဝင်ရောက် ကစားပါတယ်။
၇၅ မိနစ် - မြန်မာရဲ့ ထောင့်ကန်ဘောကို ဗီယက်နမ် ဂိုးသမား တိတိကျကျ ဆွဲဖမ်းထားနိုင်ခဲ့ပါတယ်။

၇၃ မိနစ် - ထရန်ပီဆွန် ဘယ်ခြမ်းက ထိုးဖောက်လာပေမယ့် မြန်မာ ဂိုးသမား ကျော်ဇင်ဖြိုး လက်ဦးမှုယူ ဖမ်းယူထားခဲ့ပါတယ်။
၇၁ မိနစ် - ဂိုး။ ဗီယက်နမ်က ချေပဂိုး ပြန်လည် ရရှိသွားပါတယ်။ အနီးကပ် တွဲလုံးတွေကနေတစ်ဆင့် မြန်မာနောက်တန်းနဲ့ ထိထွက်လာတဲ့ ဘောလုံးကို အလိုက်သင့် ပြေးတက်လာတဲ့ ဗိုဟန်တောင်က အနီးကပ် အပိုင်ပိတ်သွင်းသွားတာ ဖြစ်ပါတယ်။ မြန်မာ ၁ - ၁ ဗီယက်နမ်။
၇၀ မိနစ် - ဗီယက်နမ်ရဲ့ ဘယ်ထောင့်ကန်ကို ဂိုးသမား ကျော်ဇင်ဖြိုး အမိဆွဲဖမ်းထားနိုင်ခဲ့ပါတယ်။

၆၉ မိနစ် - ဗီယက်နမ်ရဲ့ ထောင့်ကန်ဘောကို မြန်မာခံစစ် ရှင်းထုတ်လိုက်တာကြောင့် ထောင့်ကန်ဘော ထပ်ဖြစ်ပါတယ်။
၆၈ မိနစ် - မက်ဟောင်ကွမ် ဧရိယာထဲက အပိုင်ကန်ပေမယ့် ဂိုးသမား ကျော်ဇင်ဖြိုး အသည်းအသန် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကာကွယ်မှုမှာ ကျော်ဇင်ဖြိုး ထိခိုက် ဒဏ်ရာရသွားတာကို တွေ့ရပါတယ်။
၆၇ မိနစ် - ဗီယက်နမ်ရဲ့ ညာတောင်ပံက ဖြတ်ပို့မှုကို ဗီယက်နမ် ခေါင်းတိုက်ပေမယ့် မြန်မာ ဂိုးတိုင်ဘေးက ကပ်ထွက်သွားပါတယ်။

၆၆ မိနစ် - မက်ဟောင်ကွမ် ညာခြမ်းက ဆွဲယူလာပေမယ့် မြန်မာခံစစ်က လျှောထိုး ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
၆၅ မိနစ် - ဗီယက်နမ်ဘက်က ဗိုဟူတယန် ထိုးဖောက်ဖို့ ကြိုးစားပေမယ့် ဘောလုံး တားဆီးပုံ မှားယွင်းပြီး အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။

၆၄ မိနစ် - ဗီယက်နမ် ဧရိယာ အပြင်ဘက်က ကန်ချက်ပြင်းပြင်းနဲ့ လှမ်းပြီး ဂိုးသွင်းဖို့ ကြိုးစားပေမယ့် ဂိုးသမား ကျော်ဇင်ဖြိုး နေရာယူမှန်မှန် ကာကွယ်ထားပါတယ်။
၆၂ မိနစ် - ညာခြမ်းက ဖြတ်တင်ဘောကို မက်ဟောင်ကွမ် အပိုင်ခေါင်းတိုက်ချက် ဂိုးဘားတန်းပေါ် ကျော်ထွက်သွားလို့ မြန်မာ သက်သာရာ ရခဲ့ပါတယ်။
၆၀ မိနစ် - ဘီးကုပ်ထိပ်က ဗီယက်နမ် ကန်သွင်းချက် မြန်မာ ခံစစ်က ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။
၆၀ မိနစ် - ချက်ချင်းလိုလို ဗီယက်နမ်ရဲ့ ထိုးဖောက်လာမှုကို ဟိန်းသီဟဇော် ဖျက်ထုတ်နိုင်ခဲ့လို့ ထောင့်ကန်ဘော ဖြစ်သွားပါတယ်။

၆၀ မိနစ် - လှိုင်းဘိုဘို တစ်ကိုယ်တော် ဆွဲပြေးပြီး ဘီးကုပ်ထိပ်က ကန်သွင်းချက် အားပျော့တာကြောင့် ဗီယက်နမ် ဂိုးသမား မိထားပါတယ်။
၅၉ မိနစ် - ကောင်းဆက်နိုင် ထိုးဖောက်ဖို့ ကြိုးစားပေမယ့် ဗီယက်နမ် ခံစစ်က လူကာပြီး တားဆီးထားတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
၅၈ မိနစ် - ဗီယက်နမ်က အနီးကပ်တွဲလုံးတွေကို ပိုအားပြု ထိုးဖောက်လာခဲ့ပြီး မြန်မာ ခံစစ်က ကြံ့ကြံ့ခံ ဖျက်ထုတ်နေနိုင်ဆဲ ဖြစ်ပါတယ်။

၅၆ မိနစ် - ရှိုင်းသူရ ဘယ်ခြမ်းက ထိုးဖောက်ဖို့ ကြိုးစားပေမယ့် ဗီယက်နမ် ခံစစ်သမားကို တွန်းတိုက်ခဲ့တာကြောင့် ပြစ်ဒဏ်ဘော ပေးလိုက်ရပါတယ်။
၅၄ မိနစ် - ဗီယက်နမ်ရဲ့ အပိုင်ကန်ချက်ကို ဂိုးသမား ကျော်ဇင်ဖြိုး လှလှပပ ကာကွယ်ပုတ်ထုတ်သွားခဲ့ပါတယ်။ ကျော်ဇင်ဖြိုးကတော့ ဒီပွဲမှာ အထူးလက်စွမ်းပြနေပြီး ဗီယက်နမ်ရဲ့ အပိုင်ကန်ချက် နှစ်ကြိမ်လောက်ကို တားဆီးပြထားပါတယ်။

၅၂ မိနစ် - ဗီယက်နမ် တိုက်စစ်ရဲ့ အပေးအယူ အားပြု ထိုးဖောက်မှုတွေကို မြန်မာခံစစ်က အဆင့်ဆင့်ပိတ်ဆို့ တားဆီးနိုင်ခဲ့ပါတယ်။

၅၀ မိနစ် - ဘီးကုပ်ထိပ်နားကနေ ငုယင်ကောင်ဖောင် လှမ်းကန်တဲ့ဘောလုံး မြန်မာ ဂိုးတိုင်ဘေးက ထွက်သွားပါတယ်။
၅၀ မိနစ် - ဗီယက်နမ် လျင်လျင်မြန်မြန် တိုက်စစ်ဆင်လာပေမယ့် မြန်မာ ညာခြမ်းခံစစ်က ကျော်ဇင်လွင် ရှင်းထုတ်လိုက်ပါတယ်။
မန္တလေးက နန်းမြို့ကျုံးနံဘေးမှာ မြန်မာအသင်းကို အားပေးသူတွေ အဆမတန်များပြားလွန်းသဖြင့် လမ်းပိတ်လိုက်ရပြီဖြစ်သည်။ 
၅၀ မိနစ် - နေလင်းထွန်းရဲ့ ကန်တင်ပေးပို့မှု တော်တော်လေးများပြီး ဂိုးပေါက်လွဲချော်ခဲ့ပါတယ်။
၄၉ မိနစ် - ရှိုင်းသူရ ဘယ်ခြမ်းကနေ ထိုးဖောက်ဖို့ ကြိုးစားတာကို ဗီယက်နမ် ခံစစ်က ဖျက်ပုံကြမ်းလို့ မြန်မာ ပြစ်ဒဏ်ဘော ကန်ခွင့်ရပါတယ်။ နေလင်းထွန်း ကန်ပါမယ်။

၄၈ မိနစ် - ဘယ်ခြမ်းက ဖြတ်တင်ဘောကို ဗီယက်နမ် ဧရိယာထဲကနေ ပိတ်သွင်းဖို့ ကြိုးစားပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားပါတယ်။
၄၇ မိနစ် - ဗီယက်နမ် ခံစစ်က ခြေထောက်မြှောက် ရှင်းထုတ်ရာမှာ လှိုင်းဘိုဘို ခေါင်းကို ခြေထောက်နဲ့ ထိခိုက်မိခဲ့ပါတယ်။

၄၇ မိနစ် - ထောင့်ကန်ဘောကို ဗီယက်နမ် ခေါင်းတိုက်ချက် ဂိုးပေါက်နဲ့ တော်တော်ကြီး လွဲထွက်သွားပါတယ်။
၄၇ မိနစ် - ဗီယက်နမ်ရဲ့ ညာတောင်ပံ ဖြတ်တင်ဘောကို ကျော်ဇင်လွင် ခေါင်းတိုက်ရှင်းထုတ်ပါတယ်။

၄၆ မိနစ် - ဒုတိယအသင်း ပြန်လည် စတင်ပါတယ်။ မြန်မာအသင်းက စပေးဘော ကစားရမှာပါ။

မြန်မာအသင်းကိုအားပေးနေတဲ့ မန္တလေး ကျုံးဘေးက ပရိတ်သတ်တွေကလည်း ဂိုးရချိန်မှာ ခုလို အားပါးတရ အောင်ပွဲခံနေကြပါတယ်။

မြန်မာအသင်းတစ်ဂိုးရအပြီးမှာ ဆူးလေက ပရိသတ်တွေ ဒီလိုပျော်ခဲ့ကြတယ်
ဓာတ်ပုံ- ငြိမ်းချမ်း

၄၅+၂ မိနစ် - ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးပါပြီ။ မြန်မာအသင်းက ဗီယက်နမ်ကို စည်သူအောင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခွင့် ရရှိနေပါတယ်။
၄၅+၁ မိနစ် - ဗီယက်နမ်ရဲ့ ဖိအားပေး ခြိမ်းခြောက်မှုကို မြန်မာနောက်တန်း ရှင်းနိုင်ခဲ့ပါတယ်။

၄၅ မိနစ် - နာကျင်အချိန်ပို ၂ မိနစ် သတ်မှတ်ပေးထားပါတယ်။
၄၄ မိနစ် - ပထမပိုင်း ပြီးခါနီး ဗီယက်နမ် ပိုဖိလာပေမယ့် မြန်မာနောက်တန်းက အမှားအယွင်း မရှိ ပိတ်ဆို့နိုင်ခဲ့ပါတယ်။

၄၁ မိနစ် - ကျော်ဇင်ဖြိုး ကန်တင်တဲ့ဘောလုံး ခေါင်းကို မတော်တဆ ထိမှန်လို့ ကျော်ဇင်လွင် ဒဏ်ရာ ရသွားပါတယ်။ ဒဏ်ရာပြင်းထန်ပုံရပြီး ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ပါတယ်။
၄၀ မိနစ် - ဗီယက်နမ်ရဲ့ ထောင့်ကန်ဘောကို ဂိုးသမား ကျော်ဇင်ဖြိုး အမိဆွဲဖမ်းထားပါတယ်။

၃၉ မိနစ် - ဘယ်ခြမ်း ဖြတ်တင်ဘောကို ဗီယက်နမ် ခေါင်းတိုက်ပုံ တော်တော်လေး ကောင်းပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားပါတယ်။
Fact - ဒါဟာ ပြိုင်ပွဲမှာ စည်သူအောင်အတွက် ပဉ္စမမြောက် သွင်းဂိုးပါ။ ဂိုးသမားရဲ့ ဘယ်ထောင့်ကို သပ်သပ်ရပ်ရပ် ကန်သွင်းလိုက်တဲ့ ပင်နယ်တီဂိုးကြောင့် စည်သူအောင်ဟာ အခုဆိုရင် ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင် စာရင်းမှာ ဦးဆောင် ရပ်တည်နေပါပြီ။
၃၈ မိနစ် - ဂိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
၃၈ မိနစ် - ပင်နယ်တီကို စည်သူအောင် ကန်ပါမယ်။
၃၇ မိနစ် - ဘောလုံးကို လက်နဲ့တားတဲ့ နောက်ခံလူ ငုယင်သောင်ဟိုလည်း အဝါကတ် ထိခဲ့ပါတယ်။
၃၇ မိနစ် - ပြစ်ဒဏ်ဘော ကန်ချက်ကို ဗီယက်နမ် နောက်တန်းက လက်နဲ့ပုတ်ပြီး တားဆီးလို့ မြန်မာ ပင်နယ်တီ ရခဲ့ပါတယ်။
၃၆ မိနစ် - နေလင်းထွန်းကို ဗီယက်နမ် ခံစစ်က တားဆီးတာကြောင့် ဘီးကုပ်ထိပ်နားမှာ မြန်မာ ပြစ်ဒဏ်ဘော ကန်ခွင့်ရပါတယ်။
၃၅ မိနစ် - မြန်မာရဲ့ ညာခြမ်း ဖြတ်တင်ဘော တော်တော်ကောင်းမွန်ခဲ့ပေမယ့် ဗီယက်နမ်ခံစစ်က ရှင်းထုတ်ခဲ့ပါတယ်။
၃၃ မိနစ် - မြန်မာဘီးကုပ်ထိပ်နားက ဗီယက်နမ် လှမ်းကန်တဲ့ဘောလုံး ဂိုးဘားတန်းအထက် တော်တော်မြင့်မြင့်ကနေ ကျော်ထွက်သွားပါတယ်။

၃၃ မိနစ် - ညာခြမ်း တိုက်စစ်ကနေပဲ ဖြတ်ပို့တဲ့ ဘောလုံးကို ငုယင်ကောင်ဖောင် ခေါင်းတိုက်ပေမယ့် တော်တော် လွဲသွားပါတယ်။

၃၁ မိနစ် - တွဲလုံးတွေကနေတစ်ဆင့် ဗီယက်နမ် ရှေ့တန်းက ငုယန်ကောင်ဖောင် ဂိုးသွင်းဖို့ ကြိုးစားပေမယ့် ဂိုးသမား ကျော်ဇင်ဖြိုး အမိဖမ်းထားနိုင်ခဲ့ပါတယ်။

၃၀ မိနစ် - ထောင့်ကန်ဘောကန်ချက် ဂိုးရှေ့ကို ဝဲကျလာပေမယ့် ဗီယက်နမ်ဂိုးသမား အမှားအယွင်းမရှိ ထွက်ဆွဲဖမ်းသွားပါတယ်။
၃၀ မိနစ် - တွဲလုံးတွေကနေတစ်ဆင့် ကောင်းဆက်နိုင် ကန်သွင်းဖို့ ကြိုးစားပေမယ့် ဗီယက်နမ် ခံစစ်နဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်သွားပါတယ်။
၂၈ မိနစ် - ထောင့်ကန်ဘောကို ရှိုင်းသူရ ခေါင်းတိုက်ဖို့ ကြိုးစားပေမယ့် လွဲချော်သွားပါတယ်။ ပြိုင်ဘက်နဲ့ ထိခိုက်မိလို့ ရှိုင်းသူရလည်း ဒဏ်ရာနည်းနည်း ရရှိသွားပါတယ်။

၂၇ မိနစ် - ညာခြမ်းက ဗီယက်နမ်ရဲ့ ထိုးဖောက်မှုကိုပဲ ဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံး ပုတ်ထုတ်ပြီး နှစ်ဆင့် ဖမ်းယူသွားခဲ့ပါတယ်။
၂၆ မိနစ် - ဗီယက်နမ်ရဲ့ ညာခြမ်းက ဖြတ်တင်ဘော အားများပြီး လွဲချော်သွားခဲ့ပါတယ်။

၂၄ မိနစ် - အမြင့်ဘောတွေကနေ မြန်မာရဲ့ ထိုးဖောက်မှု ကောင်းမွန်ခဲ့ပေမယ့် ဗီယက်နမ်က အသည်းအသန် ဖြတ်တောက် ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။
၂၂ မိနစ် - ဗီယက်နမ်က ပွဲချိန်အတော်မျာမျးားကို စီးထားပြီး မြန်မာက တန်ပြန်တိုက်စစ်ကနေ ခြိမ်းခြောက်ဖို့ အဓိက ကြိုးစားနေပါတယ်။ ဗီယက်နမ်ဟာ ဘယ်ခြမ်းကနေ ယောင်ပြလောက်သာ ထိုးဖောက်ပြီး ညာဘက်ကပဲ တောက်လျှောက် တိုက်စစ်ဆင်နေတာ တွေ့ရပါတယ်။
၂၁ မိနစ် - ဗီယက်နမ်ရဲ့  နောက်ထပ် ထောင့်ကန်ဘော တစ်ကြိမ်ကို မြန်မာခံစစ်က နေလင်းထွန်း ရှင်းထုတ်နိုင်ခဲ့ပါတယ်။
၂၀ မိနစ် - ဗီယက်နမ်ရဲ့ ထောင့်ကန်ဘောကန်ချက် ကောင်းမွန်ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ဖြိုး ပုတ်ထုတ်ကာကွယ်သွားပါတယ်။

၁၈ မိနစ် - ဘီးကုပ် အပြင်ဘက်နားက ဗီယက်နမ် ကန်တင်တဲ့ ဘောလုံးကို ငုယင်မင်တန် ခေါင်းတိုက်ဖို့ ကြိုးစားပေမယ့် ဂိုးဘားပေါ် ကျော်သွားပါတယ်။
၁၇ မိနစ် - ထောင့်ကန်ဘော မဖြစ်အောင် ကြိုးစားကာကွယ်ရင်း လျှောထိုးဖျက်ထုတ်ပုံ ကြမ်းသွားတဲ့ မြန်မာ နောက်ခံလူ ဟိန်းသီဟဇော် ပွဲရဲ့ ပထမဆုံး အဝါကတ်ပြား ပြသခြင်း ခံရပါတယ်။
၁၅ မိနစ် - ကောင်းဆက်နိုင် ညာခြမ်းကနေ ဘောလုံးဆွဲယူ ထိုးဖောက်ဖို့ ကြိုးစားပေမယ့် တွဲဖက်မယ့်သူတွေ ပါမလာလို့ ဗီယက်နမ်က ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
၁၄ မိနစ် - မြန်မာရဲ့ ညာခြမ်းထိုးဖောက်မှု တစ်ကြိမ်ကို ဗီယက်နမ် ခံစစ်က ပိတ်ဆို့သွားနိုင်ခဲ့ပါတယ်။
၁၄ မိနစ် - ဗီယက်နမ်ရဲ့ အဝေးကန်ချက် ဂိုးပေါက်လွဲချော်သွားပါတယ်။
၁၃ မိနစ် - မြန်မာရဲ့ နေလင်းထွန်း ညာခြမ်းကနေ တိုက်စစ်စတင်ဖို့ ကြိုးစားပေမယ့် ဗီယက်နမ် ဂိုးသမား ဖမ်းမိသွားပါတယ်။

၁၂ မိနစ် - ဗီယက်နမ်ရဲ့ ညာခြမ်းတိုက်စစ်က တောက်လျှောက် မြန်မာကို ဖိအားပေးနေပြီး ကန်သွင်းချက်တစ်ကြိမ် ဂိုးပေါက်လွဲသွားပါတယ်။

၁၀  မိနစ် - ဗီယက်နမ်ရဲ့ တွဲလုံးကနေတစ်ဆင့် မက်ဟောင်ကွမ် အပိုင်ကန်ခွင့်ရပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။
၁၀ မိနစ် - ဗီယက်နမ်ရဲ့ အမှားကနေ မြန်မာ ထိုးဖောက်ဖို့ ကြိုးစားပေမယ့် ဗီယက်နမ် ခံစစ်က ရှင်းထုတ်ခဲ့ပါတယ်။

၉ မိနစ် - မြန်မာအသင်း အုပ်စုဖွဲ့ ထိုးဖောက်ဖို့ ကြိုးစားပေမယ့် ဗီယက်နမ် ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
၆ မိနစ် - ဗီယက်နမ်ရဲ့ ညာခြမ်းခံစစ်ကို ကာကွယ်ဖို့ မြန်မာအသင်း ပါးပါးနပ်နပ် ဖိအားပေး ကာကွယ်ပြီး ဂိုးလွန်ဘော ဖြစ်သွားပါတယ်။

၆ မိနစ် - ဗီယက်နမ်ရဲ့ ဖိအားပေးမှုတွေ ရှိခဲ့မေယ့် ကျော်ဇင်ဖြိုး ရှေ့တက်ပြီး ဖမ်းယူထားခဲ့ပါတယ်။
၅ မိနစ် - ဗီယက်နမ်ရဲ့ ထိုးဖောက်မှုကို မြန်မာဂိုးသမား ကျော်ဇင်ဖြိုး အမှားအယွင်းမရှိ တားဆီးနိုင်ခဲ့ပါတယ်။

၃ မိနစ် - ဗီယက်နမ်က တွဲလုံးတွေနဲ့ ထိုးဖောက်လာပြီး ဧရိယာထိပ်နားက အပြင်းကန်သွင်းချက် ဂိုးဘားပေါ် ကျော်သွားပါတယ်။
၂ မိနစ် - တန်ပြန်တိုက်စစ်ကနေ ဗီယက်နမ် ထိုးဖောက်ဖို့ ကြိုးစားပေမယ့် မြန်မာအသင်းက ကွင်းလယ်မှာတင် အရဖြတ်တောက်နိုင်ခဲ့ပါတယ်။
၂ မိနစ် - နေလင်းထွန်းရဲ့ ပြစ်ဒဏ်ဘော ကန်ပို့မှုကို ဗီယက်နမ် ခံစစ်က ခေါင်းတိုက် ရှင်းထုတ်သွားခဲ့ပါတယ်။

၁ မိနစ် - ကောင်းဆက်နိုင်ကို ဗီယက်နမ်ခံစစ် ဖျက်ပုံကြမ်းတာကြောင့် ပင်နယ်တီ ဧရိယာ အစပ်မှာ မြန်မာအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရပါတယ်။
၁ မိနစ် - ပွဲစတင်ပါပြီ။ ဗီယက်နမ်ဘက်က စပေးဘော ကန်ပါတယ်။
မြန်မာပရိသတ်အားပေးသံတွေ ဆူညံနေပါပြီ
ဓာတ်ပုံ- အောင်သိန်းကျော်

မြန်မာအသင်း ကွင်းထဲရောက်ပါပြီ
ဓာတ်ပုံ- Kay Zin

မြန်မာပရိသတ်များရှိရာ ကြည့်ရှု့စင်မှာတော့ ၃ထပ်လုံး ပရိသတ်တွေ ပြည့်လုနီးပါး ရောက်ရှိနေကြပါပြီ
ဓာတ်ပုံ- ကျော်ကျော်ညွန့်

မြန်မာအသင်းကိုအားပေးဖို့ ပရိသတ်တွေအဆင်သင့်ဖြစ်နေကြပါပြီ
ဓာတ်ပုံ- KayZin

ကွင်းအတွင်းက မြင်ကွင်းအချို့
ဓာတ်ပုံ-KayZin

ကွင်းအတွင်းမှာ မြန်မာနိုင်ငံတော် အလံကြီးကို လွှင့်ထူလိုက်ကြပါပြီ
ဓာတ်ပုံ-ကျော်ကျော်ညွန့်

သွေးပူလေ့ကျင့်ခန်းဆင်းနေကြတဲ့ မြန်မာအသင်းသားများနဲ့ မြန်မာအသင်းပရိသတ်အချို့
ဓာတ်ပုံ-ကျော်ကျော်ညွန့်

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်းမှာလည်း မြန်မာအသင်းကို အားပေးဖို့ ပရိသတ်တွေ ရောက်ရှိနေကြပါပြီ
ဓာတ်ပုံ - ကျော်ဇင်သန်း

ကွင်းအတွင်းမှာ မြန်မာအသင်းသားတွေ သွေးပူလေ့ကျင့်ခန်း စလုပ်နေကြပါပြီ
ဓာတ်ပုံ- ကျော်ကျော်ညွန့်

Fact - မြန်မာအသင်းက စည်သူအောင်ဟာ သွင်းဂိုး ၄ ဂိုး ရရှိထားပြီး ပြိုင်ပွဲရဲ့ လက်ရှိ ဂိုးသွင်းဘုရင် စာရင်းမှာ စင်ကာပူ၊ ထိုင်းက ကစားသမားတွေနဲ့ ပူးတွဲ ရပ်တည်နေပါတယ်။ ဗီယက်နမ်ဘက်မှာတော့ မက်ဟောင်ကွင်နဲ့ ငုယန်ကောင်ဖောင်တို့က ၃ ဂိုးစီ သွင်းယူထားပါတယ်။
ကွင်းအပြင်ဘက် နေပူပူမှာလည်း ဒီလိုတန်းစီနေကြပါတယ်
ဓာတ်ပုံ-ငွေဒိုး

မြန်မာပရိသတ်တွေ ကွင်းအတွင်းမှာ ရောက်ရှိနေရာယူနေကြပါပြီ
ဓာတ်ပုံ- ကျော်ကျော်ညွန့်

မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ယှဉ်ပြိုင်ကြမယ့် စင်္ကာပူ အမျိုးသားအားကစားကွင်း
ဓာတ်ပုံ-ကျော်ကျော်ညွန့်

Kallang MRT နားမှာ ရှိတဲ့ National Stadium ဂိတ်ပေါက် ၁၄ နဲ့ ၁၅ကနေ ကွင်းအတွင်း ၀င်နေတဲ့ မြန်မာပရိသတ်များ
ဓာတ်ပုံ-ကျော်ကျော်ညွန့်

  မြန်မာအသင်းကို ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးနေတဲ့ ဖိုးချစ်
မြန်မာအသင်းပရိသတ်တွေ ကွင်းအတွင်းကို တဖွဲဖွဲ ရောက်လာနေကြပါပြီ
ဓာတ်ပုံ - ကျော်သူအောင်

မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ယှဉ်ပြိုင်ကစားကြမယ့်
စင်္ကာပူအမျိုးသားအားကစားရုံကြီးရဲ့ ဂိတ်ပေါက်များကို စတင်ဖွင့်လှစ်လိုက်ပါပြီ ။
စင်္ကာပူအားကစားရုံအတွင်း ၀င်ရန် မြန်မာအသင်းပရိတ်သတ်တွေ တန်းစီ စောင့်ဆိုင်းနေကြပြီ
ဓာတ်ပုံ- ကျော်ကျော်ညွန့်

မြန်မာ-ဗီယက်နမ် အကြိုဗိုလ်လုပွဲစဉ်ကို တိုက်ရိုက်ကြည့်ရှု့နိုင်မည့် လင့်ခ်များ

http://www.myanmartvchannel.com/mrtv.html

http://www.skynetdth.com/

http://livestream.com/accounts/4723117/events/2253791

https://www.youtube.com/user/SingaporeSports
ကွင်းအတွင်းသို့ဝင်ရန်စောင့်ဆိုင်းနေကြသည့် မြန်မာအသင်း ပရိသတ်များ
ဓာတ်ပုံ-ကျော်ကျော်ညွှန့်

မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ယှဉ်ပြိုင်ကစားစဉ် ရာသီဥတုဒဏ်မှကာကွယ်နိုင်ရန် စင်္ကာပူအမျိုးသားအားကစားရုံ၏ အမိုးကိုပိတ်ထားပေးကြောင်း ကွင်းအတွင်းသို့ဝင်ရန်စောင့်ဆိုင်းနေသည့် ပရိသတ်တစ်ဦးကပြောသည်။

မြန်မာအသင်းသည် အနီရောင်ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်သည်။

မြန်မာဗီယက်နမ်အသင်းတို့၏အကြိုဗိုလ်လုပွဲစဉ်ကို ပြည်တွင်းရုပ်သံလိုင်းများဖြစ်သည့်
 မြန်မာ့အသံရုပ်မြင်သံကြား၊MNTVနှင့်SkyNet ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်သည်။

မြန်မာနှင့် အကြိုဗိုလ်လုပွဲသည် ခက်ခဲမည်ဖြစ်ကြောင်း ဗီယက်နမ်နည်းပြဆို

ဗီယက်နမ်ကို အနိုင်ရရှိရန် ယုံကြည်မှုရှိကြောင်း မြန်မာ ယူ-၂၃ အသင်းခေါင်းဆောင် နေလင်းထွန်းပြော

http://7daydaily.com/story/39407

Post a Comment

0 Comments

Close Menu