Thursday, July 30, 2015

Affect နဲ့ Effect ကွဲပြားအောင် မှတ်ဖို့က



Win Naing Oo's photo.
Affect နဲ့ Effect ကွဲပြားအောင် မှတ်ဖို့က
..........................................
ဒီစကားလုံး နှစ်လုံးက စာလုံးပေါင်းရော အဓိပ္ပါယ်ပါ အတော်လေး နီးကပ်နေလို့ ကွဲပြားအောင် မှတ်ဖို့လိုပါတယ်...
...................................
(၁) affect သည် verb ၊ effect သည် noun အဖြစ်သာ အသုံးများတယ် လို့ မှတ်ရပါမယ်
(verb အဖြစ်သုံးချင်လျှင် affect ကို သတိရပြီး noun အဖြစ်သုံးချင်လျှင် effect ကို သတိရပါ )
.
(၂) effect သည် verb အဖြစ် formal context ပုံစံကျ အခန့်သုံး စကားစပ်များ အကြောင်းအရာများမှာသာ သုံးတယ်လို့ ဆိုပါတယ် ။ နေ့စဉ်သုံးမှာ မသုံးဘူးတဲ့ ။
(Offord dictionary မှာ ဒီလိုရေးထားပါတယ် It’s most often used in a formal context as oppose to everyday English.).
ကဲ အဲဒီတော့ အဓိပ္ပါယ်လေးတွေ သုံးစွဲပုံလေးတွေ ကြည့်ကြပါစို့ ။
......................................
(1) affect (v) = အကျိုးသက်ရောက် “ပြောင်းလဲစေ” သည် (change to)
(2) effect (v) = အကျိုးတရား “ဖြစ်ပေါ်စေ” သည် (bring result)
.........................................
(1.1) The unusually rainy weather AFFECTED the low land areas.
ထူးထူးခြားခြား မိုးပိုမိုရွာသွန်းတဲ့ ရာသီဥတုက မြေနိမ့်ပိုင်း ဒေသများကို အကျိုးသက်ရောက် (ပြောင်းလဲ) စေတယ်
(ပြောင်းလဲလို့ ရေတွေကြီးနေတာ ကျနော်တို့ အမြင်ပဲ မဟုတ်ပါလား)
...
(2.1) The new president will EFFECT economic developments.
သမတသစ်ဟာ စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှုတွေကို ဖြစ်ထွန်းပေါ်ပေါက်စေလိမ့်မယ်
(အဲဒီ ရလဒ်တွေကို ဆောင်ယူလာမယ် bring result ဆိုတာနဲ့ သဘောချင်း အတူတူပဲ မဟုတ်လား)
.................................................
အခု ထပ်ရေးမယ့် အဓိပ္ပါယ်တွေကတော့ ရောထွေးစရာ မရှိပါဘူး ။ နောက်ထပ် ရသေးတဲ့အဓိပ္ပါယ်တွေပါ
..................................
(1.2) affect (v) = အကျိုးပြုသည်
..
Oxygen affects plant growth.
အောက်ဆီဂျင်က အပင်ကြီးထွားမှုကို အကျိုးပြုတယ်
................................
(1.3) affect (v) = စိတ်ထိခိုက်စေသည်
Her speech affected me sharply.
သူမရဲ့ စကားက ကျနော့်ကို စူးစူးရှရှ စိတ်ထိခိုက်စေပါတယ်
........................
(3.1) effect (n) = အကျိုးတရား ၊ အကျိုးဆက်
...
Every cause has an EFFECT. (noun)
အကြောင်းတရားတိုင်းမှာ အကျိုးဆက်ရှိပါတယ်
...............................
(3.2) effect (n) အကျိုးအာနိသင်
.
The medicine did not have any EFFECT.
ဒီဆေးက ထိရောက်မှု မရှိပါဘူး
.......................................
(3.3) effect (n) အရာရောက်မှု ၊ အရေးပါမှု ၊ ထိရောက်မှု
.
His speech does not have much EFFECT on his wife.
သူ့စကားက သူ့မိန်းမအပေါ် အများကြီး အရာမရောက်ပါဘူး ..
................................
စသည်ဖြင့် အနည်းငယ်စီ နမူနာပေးလိုက်ပါတယ် ။ အဘိဓါန်များမှာ ဆက်လက်လေ့လာပါ ။
.
မေတ္တာဖြင့် heart emoticon

0 comments:

Post a Comment