Tuesday, July 28, 2015

Apple နှင့် Samsung တို့က Embedded SIM များကို တီထွင်နေ




Apple နှင့် Samsung တို့က Telecoms နယ်ပယ်မှ အခြား ကုမ္ပဏီ များနှင့် အတူ သမား ရိုးကျ SIM Card များကို 
ဖယ်ရှား နိုင်မည့် Embedded SIM များကို တီထွင် နေသည်ဟု Financial Times က ရေးသား ထားပါသည်။

ကုမ္ပဏီနှစ်ခုသည် E-SIM ကို အကောင် အထည် ဖော်ရန် အမေရိကန်ရှိ T-Mobile, AT&T တို့က အသုံး ပြုသော 
GSM Telephone System ကို မောင်းနှင်သည့် GSMA အဖွဲ့အစည်း အပြင် တစ်ကမ္ဘာ လုံးရှိ Carrier များနှင့် 
ပူးပေါင်း လုပ်ဆောင် နေပါသည်။

သမားရိုးကျ SIM Card တစ်ခုသည် သက်ဆိုင်ရာ Carrier တစ်ခုတည်းကိုသာ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး 
အခြား Carrier ကို အသုံးပြုရန် SIM Card လဲလှယ်ရပါသည်။ E-SIM ကို အသုံးပြုလျှင် SIM Card များပြောင်းလဲရန် 
မလိုဘဲ Carrier များကို ပြောင်းလဲ အသုံးပြုနိုင်ပါသည်။ Embedded SIM များကို ဖုန်းထဲတွင် အသေတပ်ဆင်ထားမည်
 ဖြစ်ပြီး အသုံးပြုသူက ကိုင်တွယ်နိုင်ခြင်းမရှိပါ။

E-SIM များသည် သမားရိုးကျ SIM များနေရာတွင် လျှင်မြန်စွာ အစားထိုးရန် မဖြစ်နိုင်သေးသော်လည်း 
AT&T, Deutsche Telekom, Etisalat, Hutchison Whampoa, Orange, Telefónica နှင့် Vodafone တို့က 
စံနှုန်းအသစ်ကို ထောက်ပံ့ရန် မျှော်လင့်နေပါသည်။

Apple ကလည်း ခရီးသွားစဉ်တွင် SIM Card များကို ပြောင်းလဲရန် မလိုသော iPad Air 2 အတွက် SIM Chip ကို 
ယခင်နှစ်တွင် မိတ်ဆက်ခဲ့ပါသည်။

Myanmar Digital Life Journal

Original link - https://www.facebook.com/MyanmarDigitalLife?fref=nf



Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: Apple နှင့် Samsung မှ ကူးယူဖြော်ပသည်။

0 comments:

Post a Comment