Tuesday, July 28, 2015
မန်မာ ယူ ၁၆ စင်ကာပူကို ၃ ဂိုး ၁ ဂိုးဖြင့် နိုင်
ဓာတ်ပုံ - MFF
ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်တွင် ကျင်းပနေတဲ့ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲမှာ မြန်မာက
 စင်ကာပူကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိသွား ပါတယ်။
ပထမပိုင်း ပွဲချိန် ၁၂ မိနစ်မှာ မြန်မာ ကစားသမား ဟိန်းထက်အောင် ရဲ့ ဦးဆောင်ဂိုးနဲ့ ပွဲချိန် ၃၉ မိနစ်မှာ
စင်ကာပူအသင်းက ပွဲချိန် ၃၄ မိနစ်မှာ ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီအတွက် ပထမပိုင်းမှာ မြန်မာအသင်းက
 ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာ မြန်မာအသင်းက ထက်ဖြိုးဝေက တဂိုး ထပ်မံသွင်းယူခဲ့ပြီး ၃ ဂိုး ၁ ဂိုးနဲ့
 အနိုင်ရရှိသွားတာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းနည်းပြချုပ် အဲရစ် ၀ီလျံက စင်ကာပူနဲ့ အုပ်စုဖွင့်ပွဲနိုင်ရင်
 နောင်လာမယ့် ၃ ပွဲကို အကောင်းဆုံးဆက်ကစားနိုင်မယ်လို့ ပွဲမကစားမီ ပြောဆိုခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် 
လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။
မြန်မာအသင်းဟာ အုပ်စု (ခ)မှာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့နဲ့ တအုပ်စုတည်းကျရောက်နေပါတယ်။
သြဂုတ် ၁ ရက်မှာတော့ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/104689
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်:မှ ပြန်လည်ကူးယူဖော်ပြသည်။
0 comments:
Post a Comment