Tuesday, July 28, 2015

အံ့သြတဲ့ဟန် လေးနက်တဲ့ပုံစံ စတဲ့ တင်စားချက်လေးတွေနဲ့ လှလှပပ ပြောဖို့

အံ့သြတဲ့ဟန် လေးနက်တဲ့ပုံစံ စတဲ့ တင်စားချက်လေးတွေနဲ့ လှလှပပ ပြောဖို့ 
…………………………………………………………………………………………… 

Exclamation forms များ 

ဒီအာမေဋိတ်ဝါကျပုံစံလေးတွေကို ကျနော်စုဆောင်းရေးသားခဲ့ပေမယ့် ဘာသာပြန်တဲ့အခါမှာတော့ မချောမွေ့ဘဲ အံ့အားသင့်တဲ့ ရသတွေပျောက်နေခဲ့ပါတယ် ၊ တိုက်ရိုက်ပြန်လို့ မချောမွေ့တဲ့အတွက် ကျနော့်ကို အကူအညီပေးနေကျ အကို ကိုထူးဆန်းထံမှ အကြံဥာဏ်များ အကူအညီများကို တောင်းဆိုခဲ့ရပါတယ် ၊ . 
အဲဒီအတွက် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ် …………………………………………………………… 
(1) HOW + ADJECTIVE + SUBJECT + V-BE 
…………………………………………………………… 

(1.1) How cold it is! 
အေးလိုက်တာကွာ 

(1.2) How beautiful the girl is! 
လှလိုက်တဲ့မိန်းကလေးကွာ 

……………………………………………………………… 
(2) HOW + ADVERB + SUBJECT + MAIN VERB 
……………………………………………………………….. 

(2.1) How beautifully she dances! 
သူကတာလှလိုက်တာဗျာ 

(2.2) How cruelly we treat animals! 
ငါတို့တိရိစ္ဆာန်တွေအပေါ်ရက်စက်မိလိုက်တာကွာ .. 

……………………………………. 
(3) HOW + SUBJECT + VERB 
…………………………………….. 

(3.1) How you have grown! 
ဟာထွားလာလိုက်တာ 

(3.2) How you have changed! 
(ဟားးး) ပြောင်းလဲသွားလိုက်တာကွာ 

………………………………………………………………………………………. 
(4) WHAT A/AN (+ ADJECTIVE) + SINGULAR COUNTABLE NOUN 
……………………………………………………………………………………….. 

(4.1) What a lovely girl! ( a/an ပါရမယ် ) 
ချစ်စရာကောင်းလိုက်တဲ့ကောင်မလေးပါလား! 

(4.2) What a surprise! ( adj မပါလည်း ရသေးတယ် ) 
အံ့သြောစရာပဲ 

………………………………………………………………………. 
(5) WHAT + ADJECTIVE + AN UNCOUNTABLE OR PLURAL NOUN. 
…………………………………………………………………………. 
အထက်က ပုံစံနဲ့အတူတူပါပဲ ရေတွက်မရနာမ်ရယ် ၊ အများကိန်းနာမ်ရယ် ဖြစ်ခြင်းကြောင့် “a” မပါတော့ဘူး 

(5.1) What lovely flowers! 
ဟယ်! ချစ်စရာကောင်းလိုက်တဲ့ပန်းလေးတွေ 

(5.2) What fools! 
အရူးတွေပါလား 

(5.3) What beautiful weather! (ရေတွက်မရနာမ်ဖြစ်လို့ “a” မထည့်ပါ ၊ ဒါမျိုး သတိထားပါ) 
လှပတဲ့ ရာသီဥတုပါလား 

………………………………………………………….. 
(6) WHAT + OBJECT + SUBJECT + VERB 
……………………………………………………………. 

(6.1) What a beautiful smile you have! 
လှလိုက်တဲ့မင်းအပြုံးလေး.. 

(6.2) What a cruel government we have! 
ကျနော်တို့အစိုးရ ဆိုးဝါးရက်စက်လိုက်တာဗျာ 

………………………… 
(7) SO + ADJECTIVE 
…………………………… 

(7.1) You are so sweet! 
ခင်ဗျား သိပ်ပြီး ပြုံးချိုတာပဲနော် 

(7.2) She is so smart! 
သူ(မ)က သိပ်တော်တာပဲ 

………………………………………………………………………….. 
(8) SUCH A/AN (+ ADJECTIVE) + SINGULAR COUNTABLE NOUN 
…………………………………………………………………………… 

(8.1) He is such a nice boy! 
သူက လူတော်လူကောင်းလေး တစ်ယောက်ပါလား 

(8.2) She is such a boyish girl! 
သူမက ယောက်ျားလေးဆန်တဲ့ မိန်းကလေးပါလားနော် 

………………………………………………………………………. 
(9) SUCH + (ADJECTIVE) + UNCOUNTABLE/PLURAL NOUN 
…………………………………………………………………………… 

ဒီမှာလည်း အထက်ကလိုပဲ ရေတွက်မရနာမ်နဲ့ အများကိန်းနာမ်တွေမှာ “a” ဖြုတ်လိုက်တယ် 

(9.1) They are such kind people! 
သူတို့က ကြင်နာတဲ့ လူတွေလိုပါလား 

(9.2) They talk such rubbish! 
သူတို့ပြောကြတာ အမှိုက်လိုမျိုးတွေပါလား 
…………………………. 
ပုံစံတစ်ခုကို စာကြောင်း အသစ် (၅) ကြောင်းစီလောက် လေ့ကျင့်ပါ ..ပြီးလျင် exclamation တွေ ဝေေ၀ဆာဆာနဲ့ ရေလဲသုံးလို့ရပါပြီ 

မေတ္တာဖြင့်

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment