Ad Code

Responsive Advertisement

ဝမ်းဗိုက်အဆီကျစေကျစေသည့် ပျားသံပုရာဖော်မြူလာ

Door 2 Door Shopping မှ ကူးယူဖော်ပြသည်။
ဝမ်းဗိုက်အဆီကျစေကျစေသည့် ပျားသံပုရာဖော်မြူလာ
-------------------------------------------------------------
ယခုအခါ လူကြိုက်များလာပြီး ပေါ်ပြူလာဖြစ်လာတဲ့ ၀မ်းဗိုက်အဆီချပေးနိုင်တဲ့ ပျားသံပုရာဖော်မြူလာကို မျှဝေပေးလိုက်ပါတယ်။
( ပျားသံပုရာဖော်မြူလာအတွက် ပါဝင်သောပစ္စည်းများ )
၁။ သံပုရာသီး
၂။ ပျားရည် (မွေးမြူရေးပျား မဟုတ်ပဲ သဘာဝပျားဆိုလျှင် ပိုကောင်းပါသည်)
၃။ ဆားအနည်းငယ်
(ပျားသံပုရာ ပြုလုပ်နည်း )
၁။ သံပုရာသီးအလုံးလိုက်ကို ဆားနှင့်  ပွတ်တိုက်ပေးပါ။
၂။ (၃) မိနစ်ခန့်ကြာလျှင် ရေနှင့် ဆေးကြောပေးပြီး ရေခြောက်အောင် ခဏထားပါ။
၃။ သံပုရာသီးများကို အခွံနှင့်တကွ အကွင်းလေးများဖြစ်အောင် ပါးပါးလှီးပြီး အစေ့များကို ဖယ်ထုတ်ပါ။
၎။ အ၀ကျယ် ပုလင်း (သို့မဟုတ်) ဗူးထဲကို သံပုရာတစ်ကွင်းပြီးတိုင်း ပျားရည် လက်ဖက်စားဇွန်းတစ်ဇွန်းစီ ထည့်ပါ။ ထည့်ပြီးလျှင် သံပုရာကွင်းများမြုပ်အောင်ထိ သောက်ရေသန့် ထည့်ပေးပါ။ (ပုံထဲမှာ ပြထားသည့်အတိုင်း နမူနာကြည့်နိုင်ပါသည်)
၅။ အဖုံး ဖုံးအုပ်ပြီး ရေခဲသေတ္တာထဲထည့်ကာ ထည့်ထားပါ။ ၃ ရက်ပြည့်လျှင် စတင်စားသုံးနိုင်ပါပြီ။
( သောက်သုံးရန် အညွန်း )
တစ်ရက်ကို သံပုရာ ၃ ကွင်းနှင့် ဖော်စပ်ထားသော ဆေးအရည်တစ်ဇွန်းခန့်ကို
ရေအေး (သို့မဟုတ်) ရေနွေးဖြင့် သောက်သုံးပါ။
၎င်းပျားသံပုရာကို သောက်သုံးပြီးလျှင် အစာခြေ စနစ်ကိုကောင်းမွန်စေပြီး ၀မ်းဗိုက်အဆီများ လျှော့ချသွားစေကာ ဗိုက်သားကို ချပ်ရပ်စေပါမည်။ သဘာဝဆေးနည်းမို့ ဘေးထွက်ဆိုးကျိုး မရှိပါ။
ပျားသံပုရာဖော်မြူလာကို ကမ္ဘာမှာ လူကြိုက်များလာစေသည့် အကြောင်းရင်းများကတော့ အားကစားလုပ်စရာမလိုခြင်း၊ အစားရှောင်စရာမလိုခြင်း၊ အကုန်အကျလည်း သက်သာခြင်း၊ ဆေးနည်းကလည်း အရမ်းကို လွယ်ကူခြင်းနှင့် အမှန်တကယ် ထိရောက်မှုရှိခြင်းတို့ကြာင့် ဖြစ်ပါတယ်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ Shrink Your Waist With Lemon and Honey
Credit to ကျန်းမာရေးသတင်းများ
(ဘ၀အတွက် အဖိုးတန်စာပေကောင်းများကို ဖတ်ရှုလေ့လာနိုင်ရန် oor 2 Door Shopping ဆိုတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်နော်)

Post a Comment

0 Comments

Close Menu