Friday, July 31, 2015

အထူးမေတ္တာရပ်ခံချက်


အထူးမေတ္တာရပ်ခံချက်
…………………..
လေ့လာသူ အဖွဲ့ဝင်များခင်ဗျာ အခုအချိန်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေးဘေးဒုက္ခကြုံတွေ့နေကြရပြီး မကြာခင်မှာ အခုထက်ပိုပြီး ဆိုးဝါးလာတော့မှာ အသေအချာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ကယ်ဆယ်ရေး အကူအညီပေးရေး အဖွဲ့အစည်းများနဲ့ ထောက်ပံ့ကူညီလိုသူ စေတနာရှင်များ အလွယ်တကူ ချိတ်ဆက်မိပြီး ကူညီနိုင်ကြစေဖို့အတွက် ဒီ group ကို သတင်းဆုံမှတ် အဖြစ်ထားရှိပြီး အကူအညီပေးနေသူများ အဖွဲ့အစည်းများ၏ ဖုန်းနံပါတ်များ လိပ်စာများနှင့် အလှူလက်ခံမည့်နေရာများ စသည်တို့ကို တင်ပေးခြင်းဖြင့် ကူညီကြပါစို့ခင်ဗျာ… နေ့စဉ်ကြည့်ရှုသူများစွာ လာရောက်နေတဲ့အတွက် သတင်းဖြန့်ဝေဖို့ ပိုပြီး အချက်အခြာဖြစ်တယ်လို့ ယူဆတဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ပါတယ် .. နိုင်ငံသား လူအများဒုက္ခရောက်နေကြချိန်မှာ တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကြပါစို့ခင်ဗျာ..


KBZ Bank ကလည်း အကူအညီတွေ ပေးဖို့ လုပ်နေပါပြီ ၊ ဆက်သွယ်နိုင်ပါတယ်
.....................................................................
ကမ္ဘောဇဘဏ်လီမိတက် (အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း)၊ AIR KBZ
ရေဘေးကယ်ဆယ်ရေးဗဟိုဌာနများသို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခြင်း
၁။ ကမ္ဘောဇဘဏ်လီမိတက် (အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း)၊ Air KBZ ရေဘေးသင့် ပြည်သူများအတွက် ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးပို့ရေးဗဟိုဌာနများကို အောက်ပါ အတိုင်း ဖွင့်လှစ်ထားပါသည်။
(က) ရန်ကုန်မြို့
ကမ္ဘောဇဘဏ်လီမိတက်၊ ကမာရွတ်ဘဏ်ခွဲ (၂)
အမှတ် (၆၁၇)၊ အမှတ် (၂) ရပ်ကွက်၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။
၀၉-၄၃၁၉၆၂၂၅၊ ၀၉-၅၀၀၀၁၇၀၊ ၀၉-၅၁၄၆၉၀၀၊ ၀၉-၃၃၉၀၁၃၇၅
(ခ) မန္တလေးမြို့၊
ကမ္ဘောဇဘဏ်လီမိတက် အထက်မြန်မာပြည်ရုံးချုပ်
ကမ္ဘောဇဘဏ်လီမိတက်ဘဏ်ခွဲ (၄) အပေါ်ထပ်
အမှတ် ၂၃ (ခ)၊ ၇၈-လမ်းမကြီး၊ ၄၂-လမ်း အရှေ့ထိပ်၊ ၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊
ဖုန်း/ဖက်စ် ၀၂-၆၉၄၀၂၊ ၀၂-၇၁၂၇၁၊
၀၉-၇၉၂၀၅၂၇၀၄၊ ၀၉-၂၀၀၂၄၁၄
.







ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)
မေတ္တာဖြင့် heart emoticon

0 comments:

Post a Comment