Ad Code

Responsive Advertisement

လုပ်ငန်းသုံး အင်္ဂလိပ်စာ ပြောနည်းများစွာ By Sayar WinNaingOo

Win Naing Oo's photo.

လုပ်ငန်းသုံး အင်္ဂလိပ်စာ ပြောနည်းများစွာ
……………………………………………
ကဲ သူငယ်ချင်းတို့ကိုယ်တိုင် လူအများပါဝင်တဲ့ ပွဲမျိုးမှာ အင်္ဂလိပ်လို တင်ဆက်ပြောဆိုရတဲ့အခါ ၊ ဒါမှမဟုတ် အခြားတစ်ဦးကို လူအများနဲ့ အင်္ဂလိပ်လို မိတ်ဆက်ပေးဖို့ ကြုံလာတဲ့အခါ လိုသလို ဖြတ် ညှပ်ကပ် ပုံစံတူပြုပြီး သုံးနိုင်ဖို့ နမူနာ ပုံစံလေးများဖြစ်ပါတယ်..
.
5. INTRODUCE YOURSELF BEFORE A SPEECH
လူအများသို့ စကားမပြောမီ သင့်ကိုသင် မိတ်ဆက်သည့် နည်းလမ်းများ
============================
(5.1) I am
I am Dr. Jack Smith from Barcelona. I work at our R&D facility.
ကျနော်က Barcelona မှ ဒေါက်တာ Jack Smith ဖြစ်ပါတယ် ၊ သုတေသနဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့မှုမှာ လုပ်ပါတယ်
…………………..
(5.2) I’d like to introduce myself
I’d like to introduce myself. I am Steve Platt, Chief of Maintenance.
ကျနော့်ကိုယ်ကျနော် မိတ်ဆက်လိုပါတယ် ၊ ကျနော်က Steve Platt ပါ ၊ ထိန်းသိမ်းရေး(ဌာန) အကြီးအကဲ ဖြစ်ပါတယ်
……………………..
(5.3) Let me introduce myself
Let me introduce myself. Tom Salinger.
ကျနော့်ကိုယ်ကျနော် မိတ်ဆက်လိုပါတယ် ၊ Tom Salinger ပါ ။
…………………….
(5.4) My name is
My name is John Styles. I run Riversoft’s European operations.
ကျနော့်နာမည်က John Styles ပါ ၊ ကျနော်က Riversoft ရဲ့ ဥရောပ စီးပွားရေးလုပ်ငန်းများ ကို စီမံကွပ်ကဲပါတယ်
…………………..
(5.5) I am called
I am called Roberta Woodall. Robbie to my friends.
ကျနော့်ကို Roberta Woodall လို့ခေါ်ပါတယ် ၊ သူငယ်ချင်းတွေကတော့ Robbie လို့ပဲ ခေါ်ပါတယ် ။
==============================
6. INTRODUCE PEOPLE TO THE PUBLIC
အများပြည်သူ လူအများသို့ တစ်စုံတစ်ဦးကို မိတ်ဆက်ပေးသည့် နည်းလမ်းများ
=============================
(6.1) This is
This is Amy Stevens.
ဒီက Amy Stevens ပါ .. ( Amy Stevens သို့ ညွှန်ပြရပါမယ်)
…………………….
(6.2) May I introduce ..?
May I introduce Sally Young? Sally’s our PR officer.
ကျနော် Sally Young ကို မိတ်ဆက်ပေးပါရစေ ၊ Sally က ကျနော်တို့ရဲ့ လူထုဆက်ဆံရေး (ဌာန) အရာရှိပါ
…………………….
(6.3) Let me introduce
Let me introduce John Oats. He will be joining our sales team.
John Oats နဲ့ မိတ်ဆက်ပေးခွင့်ပြုပါ ၊ သူက ကျနော်တို့ရဲ့ အရောင်းအဖွဲနဲ့ ပူးပေါင်းပြီး တာဝန်ထမ်းဆောင် ပါလိမ့်မယ်
…………………………
(6.4) I’d like you to meet
I’d like you to meet Dr.Li. She’s the Head Surgeon at BC Hospital.
ကျနော် ခင်ဗျားတို့ကို ဒေါက်တာ Li နဲ့တွေ့ဆုံပေးလိုပါတယ် ၊ သူမက BC ဆေးရုံရဲ့ ဦးဆောင် ခွဲစိတ်ဆရာဝန်ကြီး ဖြစ်ပါတယ်
…………………………..
(6.5) Have you already met Maria Jones?
Have you already met Maria Jones? She runs the Moscow office.
Maria Jones နဲ့ တွေ့ဆုံပြီးကြပါပြီလား ၊ သူမက Moscow (မော်စကို) ရုံးကို စီမံကွပ်ကဲပါတယ်
==============================
ဝေါဟာရများ
……………..
R & D (n) = Research and Development သုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေး
PR (n) = Public Relation လူထုဆက်ဆံရေး
Facility (n) = ထောက်ပံ့ရေး ၊ လိုအပ်သည့် ပစ္စည်းပစ္စယ
Chief (n) = ဌာနအကြီးအကဲ ၊ ခေါင်းဆောင်
Maintenance - မိန်းတန်းနန့်(စ်) (n) = ထိန်းသိမ်းစောင့်ရှောက်ရေး
Run (v) = စီမံကွပ်ကဲသည် ၊ စီမံခန့်ခွဲသည် ၊ (လုပ်ငန်း) လုပ်ကိုင်သည်
Operation (n) = စီးပွားရေးလုပ်ငန်း
Head (n) = အကြီးအကဲ ၊ ဦးဆောင်
Surgeon (ဆာဂျင်) (n) = ခွဲစိတ်ဆရာဝန်
( ယခုဝါကျများအတွက် သင့်တော်သော အဓိပ္ပါယ်များကိုသာ ဝေါဟာရစာရင်းတွင် ဖေါ်ပြထားခြင်းဖြစ်ပါတယ် )
…………….
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)
အောင်မြင်သော Presenter (စီစဉ်တင်ဆက်သူ) များဖြစ်ကြပါစေ.. like emoticon

Post a Comment

0 Comments

Close Menu