Ad Code

Responsive Advertisement

တစ်ယောက်ယောက်ကို တစ်ခုခုလုပ်စေတဲ့အခါ ဒီဝါကျပုံစံများကို သုံးပါ by Sayar WinNaingOo

Win Naing Oo's photo.

တစ်ယောက်ယောက်ကို တစ်ခုခုလုပ်စေတဲ့အခါ ဒီဝါကျပုံစံများကို သုံးပါ
………………………………………………………………………………………..
မှတ်သားသင့်ပြီး ထူးခြားတဲ့ ၀ါကျပုံစံများ ဖြစ်ပါတယ် ၊
Causative verb များထဲက အသုံးများတဲ့ ပုံစံလေးများကို စုဆောင်းတင်ပြခြင်းဖြစ်ပါတယ် ..
Causative : Functioning as an agent or cause
…………………………
(1) Let : ခွင့်ပြုသည် ၊ ..စေသည်
တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ ခွင့်ပြုတဲ့အခါ သုံးပါ
.
FORM : [Subject + let + actor + verb]
(1.1) Ko Oo let me drive his new car.
ကိုဦးက သူ့ရဲ့ ကားသစ်ကို ကျနော့်ကို ပေးမောင်းတယ် (မောင်းဖို့ခွင့်ပြုတယ်)
(1.2) Will your parents let you go to the party?
ခင်ဗျားရဲ့ မိဘတွေက ခင်ဗျားကိုပါတီပွဲ သွားဖို့ ခွင့်ပြုရဲ့လား
…………………………..
(2) Make : တွန်းအားပေးသည် ၊ ပြုလုပ်စေသည်
တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ တွန်းအားပေး ၊ ဖိအားပေးချင်တဲ့ အခါ သုံးပါ
.
[Subject + make + actor + verb]
(2.1) My teacher made me apologize for what I had said.
ကျနော့်ဆရာက ကျနော်ပြောခဲ့ပြီးတာတွေအတွက် တောင်းပန်ဖို့ တွန်းအားပေးခဲ့တယ်
(2.2) She made her children do their homework.
သူမက သူမရဲ့ကလေးတွေ သူတို့ရဲ့အိမ်စာတွေလုပ်ဖို့ ဖိအားပေးခဲ့တယ်
……………………
(3) Have : လုပ်ခိုင်းသည်
တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ တာဝန်ပေးချင်တဲ့အခါ သုံးပါ
.
[Subject + have + actor + verb]
(3.1) Please have your secretary fax me the information.
ကျေးဇူးပြု၍ ခင်ဗျားရဲ့ အတွင်းရေးမှုးကို ဒီသတင်းကို fax ပို့ခိုင်းပေးပါ
(3.2) I had the mechanic check the brakes.
ကျနော်က စက်ပြင်ဆရာကို (ကားရဲ့) ဘရိတ်တွေကို စစ်ဆေးခိုင်းခဲ့တယ်
……….......
(4) Get : ဆွဲဆောင်စည်းရုံးသည်
တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ ယုံကြည်စေတဲ့ အခါ ၊ ဆွဲဆောင်စည်းရုံးတဲ့ အခါ သုံးပါ
.
[Subject + get + actor + to + verb] ဒီပုံစံမှာ to တစ်လုံး ပိုထည့်ပေးရတာကို သတိပြုပါ ..
(4.1) Ma Su got her son to take the medicine even though it tasted terrible.
မစုက သူမရဲ့ သားကို အရသာဆိုးဝါးပေမယ့် ဆေးကိုသောက်ဖို့ စည်းရုံးခဲ့တယ်
(4.2) How can parents get their children to read more?
မိဘတွေက သူတို့ရဲ့ ကလေးတွေကို စာပိုဖတ်ဖို့ ဘယ်လို ဆွဲဆောင်စည်းရုံး ကြရမလဲ
……………………..
Form တွေထဲက Actor နေရာမှာ person လို့ သုံးတာတွေလည်း ရှိပါတယ် ၊ Actor အသုံးအနှုန်းကို ကျနော်ရွေးခဲ့တာကတော့ အဲဒီနေရာမှာ လူပုဂ္ဂိုလ်လည်း ဖြစ်နိုင်သလို အခြားသော နာမ်ပုဒ်များလည်း ဖြစ်နိုင်တဲ့အတွက်ပါ ၊ Passive form မှာကျရင် object လည်းဖြစ်နိုင်တဲ့အတွက် ယေဘူယျပိုကျတဲ့ Actor စာလုံးကို ရွေးလိုက်ခြင်းဖြစ်ပါတယ်..
……………………………
(5) Have နဲ့ Get ဟာ တစ်ခါတရံမှာ ပြောင်းလဲပြီး သုံးနိုင်ပါတယ် ၊ သို့သော်လည်း အဓိပ္ပါယ်ကတော့ ကွာခြားပါတယ်
(5.1) I got the mechanic to check my brakes.
ကျနော်က စက်ဆရာကို (ကားရဲ့) ဘရိတ်တွေကို စစ်ဆေးပေးဖို့ စည်းရုံးပြောဆိုခဲ့တယ်..
( စက်ဆရာက စစ်ဆေးဖို့ မလိုဘူးထင်တာကို စစ်ဆေးပေးဖို့ ပြောခဲ့တာမျိုး )
(5.2) I had the mechanic check my brakes.
ကျနော်က စက်ပြင်ဆရာကို (ကားရဲ့) ဘရိတ်တွေကို စစ်ဆေးခိုင်းခဲ့တယ်
( ဒါက ပုံမှန်ပဲ စစ်ဆေးခိုင်းတာ )
………………………………………….
အထက်မှာ တင်ဆက်ခဲ့တဲ့ causative verb များဟာ အသုံးများတဲ့ စာလုံးများဖြစ်ပြီး allow, help, enable, keep, hold, force, require, persuade စတဲ့ အသုံးနည်းတဲ့ အခြား causative verb များလည်းရှိပါသေးတယ် ၊ သို့သော်လည်း အသုံးနည်းတာတွေကိုပါ မှတ်သားနေရလျင် ရှုပ်ထွေးခက်ခဲနေမှာစိုးတဲ့အတွက် ချန်ထားခဲ့ပါတော့တယ်..
အခုတင်ပြခဲ့တာတွေက active voice ပုံစံတွေသာဖြစ်ပြီး passive voice ပုံစံတွေ လည်းရှိပါသေးတယ် ၊ passive voice ပုံစံတွေဟာ ပိုပြီး သတိပြုဖို့ကောင်းသလို မှားနိုင်ဖို့လည်း ပိုပြီးနီးစပ်ပါတယ် ၊ ဒါကြောင့် မကြာခင်မှာ causative verb များရဲ့ ဒုတိယပိုင်းကို ဆက်လက်တင်ပြပါမယ်..
အားပေးကြဦးမယ် မဟုတ်လား..
ဗဟုသုတများကို အသုံးချပြီး အကျိုးကျေးဇူးများရရှိကြပါစေ..
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu