Tuesday, July 28, 2015

English Speaking Basics (17) အင်္ဂလိပ်စကားပြော အခြေခံများ (၁၇)

Win Naing Oo's photo.

English Speaking Basics (17) အင်္ဂလိပ်စကားပြော အခြေခံများ (၁၇)
…………………………………………
ကျနော်တို့က တစ်စုံတစ်ခုအတွက် စိတ်မကောင်းပါဘူးလို့ ပြောချင်တဲ့အခါ “sorry” လို့ ပြောတတ်ကြတယ် မဟုတ်လား ၊ နည်းနည်းပိုပြောတတ်လာတော့ I am sorry. ပေါ့ ၊ အခုဒီမှာတော့ အဲဒါတွေထက်ပိုပြီးတော့ ဘာအတွက် စိတ်မကောင်းပါဘူး ၊ ညာအတွက် စိတ်မကောင်းပါဘူး စသည်ဖြင့် အကြောင်းအရာလေးတွေ အတူတူပါသွားအောင် ပြောဖို့ ပုံစံလေးဖြစ်ပါတယ် ၊ လက်တွေ့မှာ လုံးဝအသုံးဝင်စေမှာ ဖြစ်ပါတယ် ..
.
I'M SORRY TO + (VERB)
……………………………..
Saying you are 'sorry to' expresses a feeling of sympathy or regret.
.
(1) I’m sorry to trouble you.
ခင်ဗျားကို ဒုက္ခပေးမိတဲ့အတွက် ၀မ်းနည်းပါတယ် (trouble = ဒုက္ခပေးသည်)
.
(2) I’m sorry to bother you at this time of night. (bother = စိတ်အနှောက်အယှက်ပေးသည်)
ညဒီအချိန်ကြီးမှာ ခင်ဗျားကို စိတ်အနှောက်အယှက်ပေးမိတဲ့အတွက် ၀မ်းနည်းပါတယ်
.
(3) I’m sorry to disturb you. (disturb = အပြုအမူအားဖြင့် နှောက်ယှက်သည်)
ခင်ဗျားကို အနှောက်အယှက်ပေးမိတဲ့အတွက် ၀မ်းနည်းပါတယ်
.
(4) I'm sorry to be so late.
အရမ်းနောက်ကျသွားတဲ့အတွက် ၀မ်းနည်းပါတယ်ခင်ဗျာ
.
(5) I'm sorry to hear about your sick mother.
နေမကောင်းတဲ့ ခင်ဗျားရဲ့အမေ အကြောင်း ကြားရတာ ၀မ်းနည်းပါတယ်
.
(6) I'm sorry to waste your time.
ခင်ဗျားရဲ့ အချိန်တွေကို အလဟဿ ဖြစ်စေတဲ့အတွက် ၀မ်းနည်းပါတယ်
.
(7) I'm sorry to make you feel so sad.
ခင်ဗျားကို အရမ်းစိတ်ထိခိုက်စေအောင် လုပ်မိတဲ့အတွက် ၀မ်းနည်းပါတယ်
.
(8) I'm sorry to disagree with your decision.
ခင်ဗျားရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောမတူညီနိုင်တဲ့အတွက် ၀မ်းနည်းပါတယ်
.
(9) I'm sorry to call you so late.
ခင်ဗျားကို အရမ်းနောက်ကျပြီး ဖုန်းခေါ်မိတဲ့အတွက် ၀မ်းနည်းပါတယ်
.
(10) I'm sorry to end this relationship.
ဟောဒီ ( နှစ်ယောက်ကြားက) ဆက်ဆံရေးကို အဆုံးသတ်လိုက်ရတဲ့အတွက် ၀မ်းနည်းပါတယ်
.
(11) I’m sorry to say goodbye.
လမ်းခွဲစကားပြောရတဲ့အတွက် ၀မ်းနည်းပါတယ်
………………………………………………..
ဝမ်းနည်းပါတယ် ပြောတတ်ပြီဆိုတော့ ၀မ်းသာပါတယ် ပြောဖို့လည်းလွယ်သွားပြီပေါ့
.
(1) I’m happy to see you again.
ခင်ဗျားကို နောက်တစ်ကြိမ်ထပ်တွေ့ရတာ ၀မ်းသာပါတယ်
.
(2) I’m happy to hear the good news about you.
ခင်ဗျားနဲ့ ပတ်သက်ပြီး ကောင်းသတင်းတွေကြားရတာ ၀မ်းသာပါတယ်
.
(3) I’m happy to be your friend.
ခင်ဗျားရဲ့ သူငယ်ချင်းဖြစ်ရတာ ၀မ်းသာပါတယ်
Very, so, really စတာတွေ ထည့်ချင်သပဆိုလည်း ရသေးတာပေါ့ ၊ that ခံလိုက်ပြီး နောက်ဝါကျတစ်ခု ဆက်ရေးလို့လည်းရပါတယ်
.
(4) I’m really happy that he finally got a job.
နောက်ဆုံးမှာ သူ အလုပ်တစ်ခုရသွားတဲ့အတွက် ကျနော်တကယ့်ကိုပဲ ၀မ်းသာရပါတယ်
…………………………..
ကဲ ဒီလောက်ဆို ၀မ်းနည်းတာတွေ ၀မ်းသာတာတွေကို စာဖွဲ့လို့ ရပြီပေါ့
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment