Tuesday, July 28, 2015

English Speaking Basics (18) အင်္ဂလိပ်စကားပြောအခြေခံများ (၁၈)

Win Naing Oo's photo.

English Speaking Basics (18) အင်္ဂလိပ်စကားပြောအခြေခံများ (၁၈)
………………………………………………
ကျနော်တို့ လူမှုရေးနယ်ပယ်မှာ သူ့အလှည့်ကိုယ့်အလှည့် ဆိုသလို တစ်လှည့်စီ တစ်ပြန်စီ ပြန်လည်ပြီးတော့ ပြုစုရတာတွေ လုပ်ကိုင်ကူညီပေးရတာတွေ ရှိတတ်ကြတယ် မဟုတ်ပါလား ၊ ဒီတစ်ခါ ကျနော့်အလှည့်ပါ ဆိုတဲ့ သုံးစွဲပုံလေးကို ဘာအတွက် ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ တွဲသုံးဖို့ လိုတဲ့အခါ အခုပုံစံကို သုံးနိုင်ကြပါတယ်ခင်ဗျာ ..
..........................................
IT'S MY TURN TO + (VERB)
..........................................
When stating 'my turn' you are telling someone that it is time to change position or position focuses on to you.
.
1. It’s my turn to treat you.
ခင်ဗျားကို ပြုစုဖို့ ဒီတစ်ခါ ကျနော့်အလှည့်ပါ
.
2. It's my turn to walk you home.
ခင်ဗျားကို အိမ်ထိရောက်အောင် လမ်းလျှောက်ပြီး လုက်ပို့ဖို့ ကျနော့်အလှည့်ပါ
.
3. It's my turn to do laundry.
အ၀တ်တွေ လျှော်ဖွတ် မီးပူတိုက်ဖို့က ကျနော့်အလှည့်ပါ
.
4. It's my turn to stay late at work.
အလုပ်မှာ နောက်ကျသည်ထိ စောင့်နေဖို့က ကျနော့်အလှည့်ပါ
.
5. It's my turn to take out the trash.
အမှိုက်တွေကို အပြင်ဆွဲထုတ်ဖို့က ကျနော့်အလှည့်ပါ
.
6. It's my turn to choose where we eat.
ဘယ်နေရာမှာ စားကြမယ်ဆိုတာ ရွေးချယ်ဖို့က ကျနော့်အလှည့်ပါ
.
7. It is my turn to pay for dinner.
ညစာအတွက် ငွေရှင်းပေးရမှာက ကျနော့်အလှည့်ပါ
.
8. It is my turn to roll the dice. (dice =အံစာတုံး)
အံစာတုံးကို လှိမ့်ဖို့က ကျနော့်အလှည့်ပါ
.
9. It is my turn to pay the bill.
ကျသင့်ငွေကို ရှင်းဖို့က ကျနော့်အလှည့်ပါ
.
10. It is my turn to attempt solving the problem. (attempt = ကြိုးစားအားထုတ်သည်)
ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရမှာက ကျနော့်အလှည့်ပါ
………….
My နေရာမှာ your, his, her, their စသည်ဖြင့် လိုရာကို အစားထိုးပြီး ပြောပေါ့နော
.
11. It is your turn to give an answer.
အဖြေတစ်ခု ပေးဖို့က ခင်ဗျားအလှည့်ပါ
………………………….
ပိုက်ဆံမကုန်ချင်လျင်တော့ It’s your turn.. ကိုပဲ ကျက်ထားလိုက်ပါ tongue emoticon
.
မေတ္တာဖြင့် heart emoticonq
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖြော်ပသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment