Thursday, July 16, 2015

English Speaking Basics (2) အင်္ဂလိပ်စကားပြော အခြေခံများ (၂) by Sayar WinNaingOo

Win Naing Oo's photo.

English Speaking Basics (2) အင်္ဂလိပ်စကားပြော အခြေခံများ (၂)
======================
I'M GOOD AT ..
………………..
ကျနော်တို့ တစ်စုံတစ်ခုမှာ ကျွမ်းကျင်ပိုင်နိုင်တာ ၊ တော်တာကို ဖေါ်ပြချင်တဲ့အခါမှာသုံးပါတယ်..
နောက်ကနေ နာမ်ပုဒ်လေးတစ်ခု ထည့်ပေးလိုက်တာပါပဲ..
.
(1) I'm good at drawing.
ကျနော်က ပုံဆွဲတာမှာ တော်ပါတယ်
.
(2) I'm good at video games.
ကျနော်က ဗီဒီယိုဂိမ်း ကစားရာမှာ တော်ပါတယ်
.
(3) I'm good at sports.
ကျနော်က အားကစားမှာ တော်ပါတယ်
.
(4) I'm good at math.
ကျနော်က သချာင်္တွက်ရာမှာ တော်ပါတယ်
.
(5) I'm good at chess.
ကျနော်က စစ်တုရင် ကစားတာမှာ ကျွမ်းကျင်ပါတယ် ။
စသည်ဖြင့် သုံးနိုင်ပါတယ်..
အရေးအသားမှာတော့ good အစား clever, smart တို့လည်း သုံးလို့ရနိုင်ပါတယ် ။
…………………………………………………………………………………………………………….
I'M GETTING..
……………………..
အခြေအနေတစ်ရပ်ကို ကျနော်တို့က ရရှိပြီးပြီ ၊ ပိုင်ဆိုင်ပြီးပြီ ဆိုတဲ့သဘောကို ပြောချင်တဲ့အခါ သုံးပါ (gaining possession, being affected )
.
(1) I'm getting better.
ကျနော်နေကောင်းလာပြီ
.
I'm getting a tooth ache.
ကျနော် သွားကိုက်နေပြီ
.
I'm getting a cold.
ကျနော် အအေးမိနေပြီ
.
I'm getting a job.
ကျနော် အလုပ်တစ်ခု ရနေပြီ ( ရပြီးသွားပြီ)
.
I'm getting tired.
ကျနော်မောပန်းနေပြီ
(ကျနော်ပင်ပန်းနေပြီ ဆိုလျင် I’m tiring လို့ မှားတတ်ပါတယ် ၊ tiring က adj ဖြစ်ပြီး မောပန်းဖွယ်ဖြစ်သော လို့ ယူရမယ် ၊ အဲဒီကျ ကျနော်က မောပန်းဖွယ်ရာ ဖြစ်ပါတယ် လို့ တလွဲအဓိပ္ပါယ် ဖြစ်သွားမယ် )
………….
~ ရုပ်ဝတ္ထုတွေ အတွက်လည်း သုံးလို့ရတာပါပဲ
I'm getting a new car.
ကျနော့်မှာ ကားသစ်တစ်စီး ရနေပြီ
.
I'm getting a puppy.
ကျနော့်မှာ ခွေးပေါက်စလေးတစ်ကောင် ရနေပြီ
……………….
~ တစ်ခုခုအတွက် အဆင်သင့် ဖြစ်ပြီဆိုလျင်တော့
I'm getting ready for bed.
ကျနော်အိပ်ယာဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ
.
I’m getting ready for the match.
ကျနော် ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်ပါပြီ
………………..
ခေါင်းစားမယ် ၊ နားမလည်သေးလည်း ရပါတယ် ၊ ရေးသူက တာဝန်ကျေကြောင်းပြချင်လို့ စာကြောရှည်ခဲ့တာပါ ..
ဒီဝါကျတွေမှာ Continuous tense ရဲ့ သဘောကိုရချင်တာ ဖြစ်တဲ့အတွက် get ကို ing ပေါင်းလိုက်တာ ဖြစ်ပါတယ် ၊ ဥပမာ
ကျနော်မောပန်းတယ် ဆိုလျင်
I’m tired. ပေါ့ ( -ed ပါရမယ် ၊ I’m tire မဟုတ်ဘူးနော် tire ကမောပန်းစေသည် )
အဲဒီမှာ ကျနော်က မောပန်း “နေ” ပါတယ် လို့ ရချင်တော့ -ing ပေါင်းပေးဖို့ verb တစ်ခုခုလိုလာတယ် ၊ အဲဒါကြောင့် get ရောက်လာတာပဲ ..
get ဟာ “ရသည်” ဆိုတဲ့ အဓိပ္ပါယ်ထက်ပိုပြီး helping verb (အကူကြိယာ) တစ်ခုကဲ့သို့လည်း တာဝန်ထမ်းဆောင်တဲ့ နေရာတွေရှိတယ်ဆိုတာကို နောက်ပိုင်းမှာ ပိုသိလာပါလိမ့်မယ် ..( ဥပမာ get passive, causative စတာတွေမှာ ဖြစ်ပါတယ်)
………………….
မေတ္တာဖြင့်


ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment