Friday, July 31, 2015

English Speaking Basics (20) အင်္ဂလိပ်စကားပြောအခြေခံများ (၂၀)



Win Naing Oo's photo.
English Speaking Basics (20) အင်္ဂလိပ်စကားပြောအခြေခံများ (၂၀)
……………………………………….
ကျနော်တို့ စကားပြောကြတဲ့ အခါမှာ တစ်စုံတစ်ခုကို လက်ခံတယ် ငြင်းပယ်တယ် စသည်ဖြင့် အပြတ်ပြောတဲ့သဘော မဟုတ်ပဲနဲ့ ထင်မြင်ချက် သဘောထားကိုပဲ တစ်စုံတစ်ဦးအတွက် အကြံပြုတဲ့သဘော သုံးသပ်တဲ့သဘောပြောတဲ့ အခါတွေလည်းရှိပါတယ် ၊ အဲလိုပြောချင်တဲ့အခါ ဒီပုံစံလေးတွေကို သုံးနိုင်ပါတယ်
……………………………………....
I THINK YOU SHOULD + (VERB)
……………………………………….
1. I think you should practice meditation to improve your concentration.
ခင်ဗျားရဲ့ အာရုံစူးစိုက်မှု တိုးတက်လာစေဖို့အတွက် ခင်ဗျား တရားထိုင်သင့်တယ်လို့ ကျနော်ထင်ပါတယ်
.
2. I think you should join a study group.
ခင်ဗျား လေ့လာရေး အုပ်စုတစ်ခုကို ၀င်ရောက်သင့်တယ်လို့ ကျနော်ထင်ပါတယ်
.
3. I think you should handle this problem as soon as possible.
ခင်ဗျား ဒီပြဿနာကို ဖြစ်နိုင်သမျှမြန်မြန် ဖြေရှင်းသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
4. I think you should earn a degree before marriage.
ခင်ဗျား အိမ်ထောင်မပြုခင် ဘွဲ့တစ်ခုရသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
5. I think you should explain about the situation yourself.
ခင်ဗျားအနေနဲ့ အဖြစ်အပျက်နဲ့ စပ်လျဉ်းပြီး ကိုယ်တိုင်ပဲ ရှင်းပြသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
6. I think you should take care of yourself.
ခင်ဗျား ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်တယ်လို့ ကျနော်ထင်ပါတယ်
.
7. I think you should pay your rent in advance.
ခင်ဗျား အနေနဲ့ ငှားရမ်းခကို ကြိုတင်ပြီး ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်
………………..
** ဘယ်သူနဲ့ပတ်သက်ပြီး ထင်တာလဲ I, you, he, she, we စသည်ဖြင့် လိုသလို ပြောင်းလဲပြီးပြောပါ
.
8. I think (he) should think about the future.
သူ့အနေနဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး တွေးတောစဉ်းစားသင့်တယ် လို့ ကျနော်ထင်ပါတယ်
( think နှစ်လုံးပါနေတာမှာ နေရာကိုလိုက်ပြီး ထင်တယ် ၊ တွေးတောစဉ်းစားတယ် စသည်ဖြင့် နှစ်ခုမတူပဲ အဓိပ္ပါယ် ယူလိုက်တာကို သတိပြုလိုက်ပါ ..နေရာပေါ်မှာ မူတည်ပြီး ရှိတဲ့အဓိပ္ပါယ်တွေထဲကနေ သင့်တော်ရာကိုယူပါ )
………………
** Always, ever, never စတဲ့ adverb လေးတွေ ထည့်လို့ရသေးတယ်
.
9. I think we should (always) obey our parents.
ကျနော်တို့ဟာ မိဘတွေကို အမြဲတန်းပဲ ရိုသေလိုက်နာသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
10. I think we should (ever) remember the gratitude of our parents.
ကျနော်တို့ဟာ မိဘများရဲ့ ဂုဏ်ကျေးဇူးတွေကို အမြဲအမှတ်ရ နေသင့်တယ်လို့ ကျနော်ထင်ပါတယ်
.
11. I think we should (never) associate with the bad people.
ကျနော်တို့ဟာ မကောင်းတဲ့သူများနဲ့ ဘယ်တော့မှ အပေါင်းအဖေါ်မလုပ် သင့်ဘူးလို့ ကျနော်ထင်ပါတယ်
…………………
** အဲလို…ကျနော်မထင်ပါဘူးလို့ ပြောချင်လည်း ရသေးတာပေါ့
.
12. I don’t think you should complain so much.
ခင်ဗျား တိုင်ကြားတာတွေ အများကြီး လုပ်သင့်တယ်လို့ ကျနော်မထင်ပါဘူး
.
13. I don’t think you should doubt me.
ခင်ဗျား ကျနော့်ကို သံသယရှိသင့်တယ်လို့ ကျနော်မထင်ပါဘူး
.
14. I don’t think you should tell him the truth.
ခင်ဗျားသူ့ကို အမှန်အတိုင်း ပြောသင့်တယ်လို့ ကျနော်မထင်ပါဘူး
.
15. I don’t think you should waste your time in playing games.
ခင်ဗျား ဂိမ်းတွေကစားတာမှာ အချိန်ဖြုန်းသင့်တယ်လို့ ကျနော်မထင်ပါဘူး
………………………..
ဝေါဟာရတွေက..
..
Practice (v) လေ့ကျင့်သည်
Improve(v) တိုးတက်သည်
Meditation (n) တရားထိုင်ခြင်း
Concentration (n) အာရုံစူးစိုက်မှု
as soon as possible (ASAP) ဖြစ်နိုင်သမျှစောစော ၊ ဖြစ်နိုင်သမျှမြန်မြန်
pay in advance (v) ကြိုတင်ပေးသည်
Obey (v) လိုက်နာသည်
Gratitude (n) ကျေးဇူးတရား
Associate (v) အပေါင်းအဖေါ်ပြုသည်
Marriage (n) လက်ထပ်ခြင်း
Complain (v) တိုင်ကြားသည် ၊ အပြစ်တင်သည်
Doubt (v,n) သံသယဖြစ်သည် ၊ သံသယ
……………………
စာကြောင်းတစ်ကြောင်းကို ရတာနဲ့ အမျိုးမျိုး မွှေနှောက်ပြီး ပြောတတ်စေချင်လို့ အသေးစိတ်ရှင်းလင်း တင်ဆက်ခဲ့တာဖြစ်ပါတယ် ..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment