Thursday, July 16, 2015

English Speaking Basics (7) အင်္ဂလိပ်စကားပြော အခြေခံများ(၇) by Sayar WinNaingOo

Win Naing Oo's photo.

English Speaking Basics (7) အင်္ဂလိပ်စကားပြော အခြေခံများ(၇)
………………………………………
(1) I DIDN'T MEAN TO + (VERB)
……………………………………….
ကျနော်တို့ကြောင့် ဖြစ်သွားရတဲ့ ကိစ္စတစ်ခုအပေါ်မှာ စိတ်မကောင်းတဲ့အတွက် “အဲလိုမရည်ရွယ်ခဲ့ပါဘူး” လို့ ပြောချင်တဲ့အခါ ဒီပုံစံကို သုံးပါတယ် ၊ I didn’t mean to ကတော့ “ …...ဖို့ကျနော်မရည်ရွယ်ခဲ့ပါဘူး” လို့ အဓိပ္ပါယ်ယူနိုင်ပါတယ် ( When using it in a sentence with the words 'mean to' you are informing someone that you did something you regret or are sorry for.)
.
(1.1) I didn't mean to hurt your feelings.
ခင်ဗျားရဲ့ခံစားချက်တွေကို နာကျင်စေဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
.
(1.2) I didn’t mean to break your heart.
ခင်ဗျားရဲ့အသဲကိုခွဲဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
.
(1.3) I didn't mean to call you so late.
ခင်ဗျားကို နောက်ကျပြီးဖုန်းခေါ်ဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
.
(1.4) I didn't mean to lie about what happened.
ဘာဖြစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ လိမ်လည်ဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
.
(1.5) I didn't mean to embarrass you.
ခင်ဗျားကို အရှက်ရစေဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
( embarrass (v) အင်ဘားရက်(စ်) / US > အင်ဘဲရက်(စ်) = အရှက်ရစေသည် ၊ ရှက်ကိုရှက်ကန်းဖြစ်စေသည် )
.
(1.6) I didn't mean to stay out so late.
အလွန်မတန်နောက်ကျပြီး အပြင်ဖက်မှာနေဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
.
(1.7) I did not mean to say those things.
အဲဒီအကြောင်းတွေကို ပြောဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
.
(1.8) I did not mean to leave you out.
ခင်ဗျညးကို အပြင်ဖက်မှာ ချန်ထားဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
.
(1.9) I did not mean to make you confused.
ခင်ဗျားကို စိတ်ရှုပ်ထွေးအောင် လုပ်ဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
.
(1.10) I did not mean to cause trouble.
ခင်ဗျားကို ဒုက္ခရောက်စေဖို့ ကျနော်မရည်ရွယ်ခဲ့ပါဘူး
………………………………..
(2) I PROMISE NOT TO + (VERB)
…………………………………………
ကျနော်တို့ တစ်ခုခုကို မလုပ်မှာ သေချာတယ်ဆိုတဲ့ သဘောကို ဖေါ်ပြဖို့ ဒီပုံစံကို သုံးနိုင်ပါတယ် ( When using 'promise not to' you are stating you will not do a particular thing.)
(2.1) I promise not to tell the secret.
လျို့ဝှက်ချက်ကို ထုတ်မပြောဘူးဆိုတာ ကျနော်ကတိပေးပါတယ်
.
(2.2) I promise not to leave without you.
မင်းမပါပဲ ထွက်မသွားပါဘူးလို့ ကိုယ်ကတိပေးပါတယ်
.
(2.3) I promise not to hurt your feelings.
မင်းရဲ့ ခံစားချက်တွေ မနာကျင်စေဖို့ ( နာကျင်အောင် မလုပ်ဖို့) ကိုယ်ကတိပေးပါတယ်ကွယ်
.
(2.4) I promise not to wake you up.
ခင်ဗျားကို အိပ်ယာကနိုးသွားအောင် မလုပ်ဘူးလို့ ကျနော်ကတိပေးပါတယ်
.
(2.5) I promise not to be so late.
သိပ်နောက်မကျဖို့ ကျနော်ကတိပေးပါတယ်
(not to + V1 နေရာမှာ not to be + Adj လည်း သုံးနိုင်တယ်နော်)
…………………………………………………………………….
လုပ်ဖို့ သေချာတာတွေကိုလည်း ကတိပေးတဲ့ အနေနဲ့ ပြောနိုင်တာပါ့
(You can also just use the word 'promise' to assure someone of your intentions.)
.
(2.6) I promise I am telling the truth.
အမှန်ကို ပြောနေတယ်လို့ ကျနော်ကတိပြုပါတယ်
.
(2.7) I promise to practice my math.
သင်ချာင်္တွေ လေ့ကျင့်ပါမယ်လို့ ကျနော်ကတိပြုပါတယ်
.
(2.8) I promise to call you.
ကျနော် ခင်ဗျားကို ဖုန်းခေါ်ပါ့မယ်လို့
.
(2.9) I promise I will tell you about my past.
ကျနော့်ရဲ့ အတိတ်နဲ့ ပတ်သက်ပြီး အမှန်ကို ပြောမယ်လို့ ကတိပြုပါတယ်
.
(2.10) I promise I will come to your party.
ခင်ဗျားရဲ့ပါတီပွဲကို လာပါမယ်လို့ အလေးအနက်ပြောပါတယ်ဗျာ
…………………..
ကဲ ဒါဆို ကတိတွေ ပေါပေါလောလော ချောချောမောမော ပေးလို့ရပြီပေါ့ ..
.
မေတ္တာဖြင့်

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment