Ad Code

Responsive Advertisement

English Speaking - Job Expressions (16) by Sayar WinNaingOo

Win Naing Oo's photo.
English Speaking - Job Expressions (16)
……………………………..
ဒီတစ်ပတ်မှာတော့ ရုံးသုံးပစ္စည်းတွေနဲ့ ဆိုင်တဲ့စကားလုံးလေးတွေရယ် ၊ အကူအညီတောင်းတဲ့ ပုံစံလေးရယ် ပူးတွဲတင်ဆက်လိုက်ပါတယ် .. တစ်ချိန်ချိန်မှာ တစ်နည်းနည်းနဲ့တော့ အသုံးဝင်မှာပါ ..
.
(1) Do you have an extra mouse? Mine broke.
ခင်ဗျားမှာ မောက်စ် အပိုရှိပါသလား ၊ ကျနော့်ဟာက ပျက်သွားလို့ပါ
.
(2) Do you have another network cable? The one I have is too short.
ခင်ဗျားမှာ နောက်ထပ် network ကြိုး ရှိပါသလား ၊ ကျနော့်မှာရှိတဲ့ တစ်ခုက တိုလွန်းနေပါတယ် ။
.
(3) Can you save the document on a disk and give it to me?
ခင်ဗျား စာရွက်စာတမ်းကို disk မှာ သိမ်းပြီး ကျနော့်ကို ပေးနိုင်မလား
.
(4) I have all the information on my USB drive.
ကျနော့် USB drive မှာ သတင်းအချက်အလက် အားလုံးရှိပါတယ်
.
(5) I ran out of labels. Do you have any I can have?
ကျနော့်မှာ Label ကပ်တဲ့စာရွက်တွေ ကုန်သွားခဲ့ပါတယ် ၊ ကျနော်ယူလို့ရတဲ့ တစ်စုံတစ်ခု (Label) ရှိပါသလား
.
(6) Can I borrow your stapler?
ကျနော့်ကို ခင်ဗျားရဲ့ စက္ကူချုပ်စက် (stapler) ငှားနိုင်မလား
.
(7) Do you have a hole puncher?
ခင်ဗျားမှာ စက္ကူအပေါက်ဖေါက်စက် ရှိပါသလား (ဖိုင်တွဲဖို့ အပေါက်ဖေါက်ရန်)
.
(8) Do you have a staple remover ?
ခင်ဗျားမှာ Stapler နဲ့ ချုပ်ထားတဲ့ ပင်တွေကို ဖြုတ်တဲ့စက် ရှိပါသလား
……………………………………
(9) Do you have a lot of work?
ခင်ဗျားမှာ အလုပ်တွေ အများကြီး ရှိနေပါသလား
.
(10) Yeah. I'm pretty busy. Why?
အေး ငါ တော်တော်လေး အလုပ်ရှုပ်နေတယ် ၊ ဘာကြောင့်လဲ
.
(11) I need some help on documenting this process.
ဒီလုပ်ငန်းစဉ်အတွက် စာရွက်စာတမ်း ပြုစုတာမှာ အကူအညီ တချို့ လိုအပ်လို့ပါ
.
(12) Does this have to be done right now?
အဲဒါက အခုချက်ခြင်း ပြီးအောင်လုပ်ရမှာလား
.
(13) The manager wants it by Friday.
မန်နေဂျာက အဲဒါကို သောကြာနေ့မှာ အလိုရှိပါတယ်
.
(14) If so, I'll try to free up my schedule. Remind me again tomorrow morning, and I'll help you in the afternoon."
အဲလိုဆို ငါလုပ်ရမယ့် လုပ်ငန်းအစီအစဉ်တွေထဲကနေ အချိန်အားရအောင် ကြိုးစားမယ် ၊ မနက်ဖန်မနက်မှာ ထပ်ပြီး သတိပေးပါ ၊ နေ့လည်ပိုင်းမှာ မင်းကို ကူလုပ်ပေးပါမယ်
……………….
အလုပ်မှာ အဆင်ပြေကြပါစေ..
Sayar WinNaingOo Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)
မေတ္တာဖြင့် heart emoticon

Post a Comment

0 Comments

Close Menu