Ad Code

Responsive Advertisement

English Speaking – Job Expressions (18) By Sayar WinNaingOo

Win Naing Oo's photo.
English Speaking – Job Expressions (18)
……………………………………………
ဒီတစ်ကြိမ်မှာတော့ အလုပ်ကနေ စောစောပြန်ချင်တဲ့အခါ ကြိုတင်ပြီး ခွင့်တောင်းချင်တဲ့အခါ နမူနာယူပြီး သုံးနိုင်ဖို့ ပုံစံလေးများ ဖြစ်ပါတယ် ၊ ခွင့်တောင်းဖို့လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ ၊ ဖတ်ထားမှတ်ထားမယ် ဆိုလျင်တော့ အထွေထွေ အင်္ဂလိပ်စာ တိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမှာပါ..
.
Leaving Work Early
………………………….
1. I have to leave a little early today. Is it ok if I finish my work at home?
ဒီနေ့ ကျနော် နဲနဲစောစော ပြန်ရပါမယ် ၊ ကျနော့်အလုပ်ကို အိမ်မှာ အပြီးသတ်လျင် အဆင်ပြေပါ့မလား
.
2. I have a dentist appointment at four. I have to leave early today.
ကျနော်က လေးနာရီမှာ သွားဆရာဝန်နဲ့ ချိန်းဆိုထားတာတစ်ခု ရှိပါတယ် ၊ ဒီနေ့ ကျနော် စောစောပြန်ရပါမယ်
.
3. I have a dentist appointment tomorrow at four. Is it ok if I leave early tomorrow?
မနက်ဖန် လေးနာရီမှာ သွားဆရာဝန်နဲ့ ချိန်းဆိုထားတာတစ်ခု ရှိပါတယ် ၊ မနက်ဖန်မှာ စောစောပြန်လျင် အဆင်ပြေပါ့မလား
.
4. I have to pick up my wife at the airport tomorrow. Is it ok if I leave at three?
မနက်ဖန် လေဆိပ်မှာ ကျနော့် အမျိုးသမီးကို သွားကြိုရပါမယ် ၊ ကျနော် သုံးနာရီမှာ ပြန်လျင် အဆင်ပြေပါ့မလား
.
5. I have a conference with my son's teacher tomorrow at three thirty. I have to leave at three. Will that be ok?
မနက်ဖန် သုံးနာရီခွဲမှာ ကျနော့်သားရဲ့ဆရာနဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခု (လုပ်ဖို့) ရှိပါတယ် ၊ ကျနော် သုံးနာရီမှာ (အလုပ်ကနေ) ထွက်ခွာရပါမယ် ၊ အဲဒါက ok ပါ့မလား
.
6. I have a terrible headache. Is it ok if I leave early today?
ကျနော် မခံသာအောင် ခေါင်းကိုက်နေပါတယ် ၊ ဒီနေ့ ကျနော် စောစော ပြန်လျင် အဆင်ပြေနိုင်ပါ့မလား
(Terrible = ဆိုးဝါးသော ၊ မခံသာသော)
.
7. I think I might be coming down with the flu. I should get some rest and try to fight this thing off early. May I leave early today?
ကျနော့်မှာ တုတ်ကွေးနဲ့ မကျန်းမမာ ဖြစ်ကောင်း ဖြစ်တော့မယ်လို့ ထင်ပါတယ် ၊ ကျနော် နည်းနည်း အနားယူသင့်တယ် ပြီးတော့ အဲဒါကို စောစောစီးစီး ပြန်ပြီးမောင်းထုတ်ဖို့ ကြိုးစားသင့်တယ် မဟုတ်လား ၊ ဒီနေ့ ကျနော် စောစော ပြန်နိုင်မလား (ခွင့်ပြုပါမလား) ခင်ဗျာ
(come down with something = to become or to be sick with some illness. ရောဂါတစ်ခုခုကြောင့် မကျန်းမမာ ဖြစ်လာသည်
Fight off = To defend against or drive back ပြန်လည်တွန်းလှန် တိုက်ခိုက်သည်
Might = ဖြစ်ကောင်းဖြစ်မည် ၊ ဖြစ်နိုင်သည်) ၊ may = နိုင်သည် (ခွင့်ပြုသည်)
.
8. I'm not feeling well. I think I should get some rest. Will it be ok if I go .
home early today?
ကျနော် နေမကောင်းဖြစ်နေပါတယ် ၊ ကျနော် နည်းနည်း အနားယူသင့်တယ်လို့ ထင်ပါတယ် ၊ ဒီနေ့ အိမ်စောစော ပြန်လို့ရှိလျင် အဆင်ပြေနိုင်ပါ့မလား
.
9. My son got sick and I have to pick him up from school. Will that be ok?
ကျနော့်သား နေထိုင်မကောင်း ဖြစ်လာခဲ့လို့ သူ့ကို ကျောင်းကနေ သွားခေါ်ရပါမယ် ၊ အဲဒါ အဆင်ပြေပါ့မလား
( Get sick = become ill နေမကောင်းဖြစ်လာသည် )
....................
ကဲ ဒါဆို စောစော ပြန်လို့ရအောင် ခွင့်တောင်းဖို့ ok ပြီပေါ့


မေတ္တာဖြင့် heart emoticonဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu