Ad Code

Responsive Advertisement

English Speaking - Job Expressions (19) by Sayar WinNaingOo

Win Naing Oo's photo.

English Speaking - Job Expressions (19)
………………………………..
ဒီတစ်ကြိမ်မှာတော့ နေမကောင်းလို့ ခွင့်ယူချင်တဲ့အခါ ကိုယ်နဲ့ အလုပ်တွဲလုပ်တဲ့ ဌာနတူ သူငယ်ချင်း ဆီကိုဖြစ်စေ ၊ ဒါမှမဟုတ် ရုံးအဖွဲ့မှူးလိုမျိုး ခွင့်ကိုမှတ်သားတဲ့ တစ်ယောက်ယောက်ဆီကိုဖြစ်စေ ဖုန်းဆက် အကြောင်းကြားတဲ့ပုံစံလေးပါ ..အထွေထွေ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကိုတော့ အထောက်အကူ ပြုမှာ သေချာပါတယ်..
……………
1. "Martha? This is Jack. I have a fever and I will not be able to come in today."
မာသာရေ ဒီကဂျက် ပါ ။ ကျနော်ဖျားနေလို့ ဒီနေ့ လာနိုင်မှာ မဟုတ်ပါဘူး ။
( fever =အဖျားရောဂါ )
.
2. "Hi Mary, I have to use a sick day today. I'm feeling terrible right now."
ဟိုင်း မေရီ .. ကျနော် ဒီနေ့ ဖျားနာခွင့်ရက်အသုံးပြုရပါမယ် ၊ အခု လောလောဆယ် ( အဖျားရောဂါကို) ကျနော် ဆိုးဆိုးဝါးဝါးခံစားနေရပါတယ် ။
(terrible = ဆိုးဝါးသော ၊ မခံသာသော)
.
3. "Hi Steve, this is Mark. I wanted to let you know that I am too sick to come in today."
ဟိုင်း စတိဗ်.. ဒီက မာ့ခ် ပါ ၊ ကျနော် ခင်ဗျားကို အသိပေး ချင်တာက.. ကျနော် ဒီနေ့ ဖျားလွန်းလို့ မလာနိုင်ပါဘူး ။
( let somebody know = တစ်စုံတစ်ယောက်ကို သိစေသည် ၊ အသိပေးသည် )
.
4. "Hi Andrew, this is Josh. I'm pretty sick so I will not be able to make it in today. I was feeling sick last night and thought I would be better after some sleep, but it just got worse."
ဟိုင်း အင်ဒရူး.. ဒီက ဂျို့ခ်ျ ပါ ၊ ကျနော် အတော်လေး ဖျားနေပါတယ် ၊ ဒါကြောင့် ဒီနေ့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး ။ မနေ့ညက ဖျားနေခဲ့ပြီးတော့ နည်းနည်းအိပ်ပြီးလျင် နေကောင်းလာလိမ့်မယ်လို့ ထင်ခဲ့တာ ၊ ဒါပေမယ့် ပိုဆိုးလာခဲ့ပါတယ် ။
( pretty = အတော်အသင့် ၊ အတော်လေး)
.
5. "Hi Sam, this is Jessica. I have some urgent personal matters I have to deal with. I won't be able to make it in."
ဟိုင်းဆမ်.. ဒီက ဂျက်ဆီကာပါ ၊ အလျင်အမြန်ဆောင်ရွက်ရမယ့် အရေးပေါ် ကိုယ်ရေးကိုယ်တာကိစ္စ တချို့ ရှိနေပါတယ် ၊ ကျမ အလုပ်ကို လာနိုင်လိမ့်မယ် မဟုတ်ပါဘူးရှင် ။
(urgent personal matters = အလျင်အမြန်ဆောင်ရွက်ရမည့် ကိုယ်ရေးကိုယ်တာကိစ္စများ
to deal with = ဖြေရှင်းဆောင်ရွက်ရန်
Make it in (v) .. to arrive at work အလုပ်သို့ ရောက်သည်)
.
6. "Mark? This is John. My dad went into the emergency room this morning. I'm not sure what the problem is, but I don't think I can make it in today."
မာ(ခ်)လား .. ဒီက ဂျွန်ပါ ၊ ဒီနေ့မနက် ကျနော့် အဖေကို ဆေးရုံ အရေးပေါ်အခန်းကို ပို့ခဲ့ရတယ် ၊ ဘာပြဿနာလည်းဆိုတာ ကျနော်လည်း မသေချာပါဘူး ၊ ဒါပေမယ့် ဒီနေ့ ရုံး တက်နိုင်မယ်လို့တော့ ကျနော်မထင်ပါဘူး ။
( emergency room =အရေးပေါ်အခန်း)
.
7. "Hi Peter, my son all of the sudden got really sick. I have to take him to the hospital now. I doubt I can make it in today. Will that be ok?"
ဟိုင်းပီတာ ၊ ကျနော့်သား ရုတ်တရက် ချက်ခြင်းကြီး တကယ့်ကို အဖျားဝင်သွားခဲ့တယ် ၊ အခု သူ့ကို ဆေးရုံကိုပို့ပေးရမယ် ၊ ဒီနေ့ ကျနော် ရုံးကိုလာနိုင်ပါ့မလားဆိုတာ သံသယရှိနေတယ် ၊ အဲဒါ အဆင်ပြေပါ့မလား ။
(All of the sudden /All of a sudden: very quickly and unexpectedly, suddenly မမျှော်လင့်ပဲ ရုတ်တရက်ချက်ခြင်း)
.
8. "Jake? Will it be ok if I take the day off? My grandmother just passed away and I don't think I will be able to work today.
ဂျိတ်လား ၊ ကျနော် ဒီနေ့ နေ့ခင်း အားလပ်ခွင့်ယူလျင် အဆင်ပြေပါ့မလား ၊ ကျနော့်အဖွား ခုလေးတင် ဆုံးသွားလို့ ဒီနေ့ ကျနော် အလုပ်လုပ်နိုင်လိမ့်မယ်လို့ မထင်ဘူး
(Just = very recently ခုလေးတင်မှ ၊ pass away = ဆုံးပါးသည်)
.
9. Hi, boss? It’s Mike. I won’t be able to make it in today. I’m feeling sick.
ဟုတ်ကဲ့ ဆရာ ၊ ကျနော် မိုက် ပါ ၊ ဒီနေ့ ကျနော် ရုံးလာနိုင်မှာ မဟုတ်ပါဘူး ၊ ကျနော် နေမကောင်း ဖြစ်နေပါတယ် ။
……………
နာမည် မထည့်ချင်လည်း Hi Boss, Hi Sir, Hi Madam .. Hello Boss, Hello Sir, Hello Madam စသည်ဖြင့် သင့်တော်ရာလေးတွေနဲ့ တွဲဖက်ပြီး ပြောနိုင်ကြပါလိမ့်မယ် ..
ကဲ ဒီလောက်ဆို ကိစ္စရှိလျင် ဖုန်းဆက်ပြီးခွင့်တိုင်ဖို့ အဆင်ပြေပြီပေါ့
…………
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu