Ad Code

Responsive Advertisement

English Speaking – Job Expressions (20) By Sayar WinNaingOo

Win Naing Oo's photo.

English Speaking – Job Expressions (20)
……………………………………………
ဒီတစ်ကြိမ်မှာတော့ ကျနော်တို့ လုပ်ဆောင်ရတဲ့ လုပ်ငန်းတစ်ခုခု အပေါ်မှာ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးဦးဆီကဖြစ်စေ အထက်လူကြီးဆီကဖြစ်စေ အကြံပြုချက် ၊ သုံးသပ်ချက် စတာတွေကို တောင်းခံတဲ့ ပုံစံလေးတွေ ဖြစ်ပါတယ် .. တိုင်ပင်ညှိနှိင်းခြင်း အကြံဥာဏ်တောင်းခြင်း သဘောထားတောင်းခံခြင်းတွေ ဖြစ်တဲ့အတွက် လူတိုင်းအတွက်နဲ့ အခြားသော ကိစ္စများအတွက်ပါ အသုံးဝင်နိုင်ပါလိမ့်မယ် ..
.
1. Do you want to review my project?
ကျနော့်ရဲ့ လုပ်ငန်းစီမံချက်ကို ပြန်လည်ဆန်းစစ်လိုပါသလား
( Project (n) လုပ်ငန်းစီမံချက် ၊ review (v, n) ပြန်လည်ဆန်းစစ်သည် ၊ ခြင်း)
.
2. I just completed the assignment. Did you want to review it?
ပေးထားတဲ့ အလုပ်တာဝန်က ခုလေးတင်ပဲ ပြီးသွားခဲ့ပါပြီ ၊ အဲဒါကို ပြန်လည်ဆန်းစစ်လိုခဲ့ပါသလား
( Assignment (n) ကန့်သတ်ပေးအပ်ထားသော အလုပ်တာဝန်)
.
3. This is my first project and I was wondering if you could review it real quick?
ဒီဟာက ကျနော့်ရဲ့ ပထမဦးဆုံး လုပ်ငန်းစီမံချက်ပါ ပြီးတော့ အဲဒါကို ခင်ဗျား တကယ့်ကို မြန်မြန်လေး ပြန်စစ်ပေးနိုင်မလား သိချင်နေခဲ့ပါတယ်
( review ကိုအထူးပြုတဲ့ real တို့ quick တို့ဟာ adj တွေ ဖြစ်နေပြီး စကားပြောမှာတော့ သုံးလို့ရပါတယ် ၊ အရေးမှာဆို adv တွေပဲ သုံးလေ့ရှိပါတယ် ၊ ယေဘူယျအားဖြင့် စကားပြောဟာ အရေးထက် ပုံစံကျမှု လျော့ပါတယ် )
.
4. I think I covered all the bases, but could you do a quick check.
ကျနော်က အခြေခံအချက်တွေအားလုံး ပါဝင်အောင် ပုံဖေါ်ထည့်သွင်းနိုင်ခဲ့တယ်လို့ ထင်ပါတယ် ၊ ဒါပေမယ့် ခင်ဗျားက အလျင်အမြန်စစ်ဆေးတာလေး တစ်ခုများ လုပ်ပေးနိုင်ပါမလား
( Cover = အရေးပါသော အချက်များကို ပုံဖေါ်သည် ၊ ထင်ဟပ်သည် ၊ ငုံမိသည် )
.
5. Can I get some feedback on my performance?
ကျနော်ရဲ့ လုပ်ဆောင်မှု အပေါ်မှာ သုံးသပ်တုန့်ပြန်ချက်လေးတချို့များ ရနိုင်မလား
(Performance (n) လုပ်ဆောင်မှု)
.
6. Where do you think I need to improve?
ကျနော်က ဘယ်နေရာမှာ တိုးတက်အောင် လုပ်ဖို့ လိုအပ်တယ်လို့ ခင်ဗျား ထင်ပါသလဲ
( Improve (v) တိုးတက်သည် )
.
7. What areas do you think I should work on?
ဘယ် နယ်ပယ်တွေမှာ ကျနော်က တိုးတက်အောင် လုပ်သင့်တယ်လို့ ခင်ဗျား ထင်ပါသလဲ
(Work on (v) တိုးတက်အောင် ပြုလုပ်သည် ၊ Area (n) ဧရိယာ နယ်ပယ်)
.
8. Did you finish reviewing my project I completed?
ကျနော်ပြီးသွားတဲ့ လုပ်ငန်းစီမံချက်ကို ခင်ဗျား ပြန်လည်ဆန်းစစ်တာ ပြီးသွားပါပြီလား
.
9. What should I do better for next time?
နောက်တစ်ကြိမ်မှာ ကျနော်က ဘာကို ပိုကောင်းအောင် လုပ်သင့်ပါသလဲ
.
1၀. What areas did I do well, and what areas did I do poorly.
ဘယ်ဧရိယာနယ်ပယ်မှာ ကျနော်က ကောင်းကောင်းမွန်မွန် လုပ်ခဲ့ပြီး ဘယ်နေရာတွေမှာ ညံ့ညံ့ဖျင်းဖျင်း လုပ်ခဲ့ပါသလဲ
.
11 . Is there any area that I should have done better?
ကျနော်က ပိုကောင်းအောင် လုပ်သင့်ခဲ့ပါလျက် မလုပ်ဖြစ်ခဲ့တဲ့ လုပ်ငန်းနယ်ပယ်တစ်ခုခု ရှိပါသလား
.
12 Where do you think I could have done better?
ဘယ်နေရာမှာ ကျနော်က ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါလျက်နဲ့ မလုပ်ဖြစ်ခဲ့ဘူးလို့ ခင်ဗျားထင်ပါသလဲ
……………….
Should have done ပုံစံက လုပ်သင့်ပါလျက် မလုပ်ဖြစ်ခဲ့တာကို.. လုပ်သင့်ခဲ့ပါတယ်လို့ ပြောတာ
Could have done ပုံစံက လုပ်နိုင်စွမ်းရှိခဲ့ပါလျက် မလုပ်ဖြစ်တာကို .. လုပ်နိုင်ခဲ့ပါတယ်လို့ ပြောတာ
တကယ်မလုပ်ဖြစ်ခဲ့ဘဲ နောက်မှ ပြန်ပြောတဲ့ ပုံစံတွေ ဖြစ်ပါတယ် .. ဒါကြောင့် အထက်က ၀ါကျ (၁၁) ၊ (၁၂) တွေမှာ မလုပ်ဖြစ်ခဲ့ဘူး ဆိုတာကို ထည့်ပြီး ဘာသာပြန်ခဲ့တာပါ ၊ စကားလုံးအားဖြင့်ပါတာ မဟုတ်ပါဘူး ၊ အဓိပ္ပါယ်အားဖြင့် ပါဝင်နေတာမျိုးပါ ..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu