Thursday, July 16, 2015

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၆) by WinNaingOo

 Win Naing Oo's photo.

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၆)
………………………………………………………………..
မကြာမကြာတွေ့ရပြီး လှပတဲ့ စကားလုံးလေး ဖြစ်ပါတယ် ..
.
…………………………………
(1) MAKE UP (ONE'S) MIND : ဆုံးဖြတ်ရွေးချယ်သည် ၊ စိတ်ပိုင်းဖြတ်သည် ..
…………………………………
.
(1.1) Make up your mind, we don't have much time.
ခင်ဗျားရဲ့ စိတ်ကို ပိုင်းဖြတ်ပါ ၊ ကျနော်တို့မှာ အချိန်အများကြီး မရှိပါဘူး
.
(1.2) I can't make up my mind. Can you help me decide?
ကျနော်ရဲ့ စိတ်ကို ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေပါတယ် ၊ ခင်ဗျားကျနော့်ကို ကူပြီး ဆုံးဖြတ်ပေးနိုင်ပါမလား
.
(1.3) If you don't make up your mind, I'll choose for you.
ခင်ဗျားရဲ့ စိတ်မှာ ဝေခွဲမရ ဖြစ်နေလျင် ခင်ဗျားအတွက် ကျနော် ရွေးချယ်ပေးပါမယ်
.
(1.4) Both of them look really good. I can't make up my mind.
သူတို့ နှစ်ယောက်လုံးက အမှန်စင်စစ် ကောင်းကြတယ်လို့ ထင်ရတယ် ၊ ကျနော့်စိတ်မှာ ရွေးချယ်ဆုံးဖြတ်လို့ မရ ဖြစ်နေတယ်
.
(1.5) Hurry up and make up your mind.
မြန်မြန်လေး ဆုံးဖြတ်ချက်ချလိုက်ပါ
.
……………………………………………………..
(2) MAKE UP (ONE'S) MIND + TO DO SOMETHING
……………………………………………………….
.
(2.1) I made up my mind / to keep my feelings to myself.
ကျနော့်ခံစားချက်တွေကို ကိုယ့်ဖာသာ သိမ်းထားလိုက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်
.
(2.2) How to make up my mind / to quit smoking?
ဆေးလိပ်ဖြတ်ဖို့ ဘယ်လို သံဓိဋ္ဌာန်ချရပါမလဲ
.
………………………………….
(3) MAKE (ONE’S) MIND UP
…………………………….
ဒီလိုလည်း make နဲ့ up ကိုခွဲထားတဲ့ ပုံစံတစ်ခုရှိပါသေးတယ် ၊ အဓိပ္ပါယ်ကတော့ အတူတူပါပဲ ..
.
(3.1) I can’t MAKE my mind UP on many things.
ကိစ္စအများအပြားမှာ ကျနော်ဟာ ဆုံးဖြတ်ချက်မချနိုင် ဖြစ်ရပါတယ်
.
(3.2) Once you've MADE your mind UP, there's no turning back.
ခင်ဗျား စိတ်ပိုင်းဖြတ်ပြီးတဲ့အခါ နောက်ပြန်လှည့်ဖို့ အကြောင်းမရှိပါဘူး
(Once (conj) သောအခါ ၊ တဲ့အခါ ..Once (adv) တစ်ကြိမ်မျှ ၊ တစ်ကြိမ်တစ်ခါ )
.
………………………………………….
(4) MAKE UP (ONE'S) OWN MIND
………………………………………………..
.
နည်းနည်းလေးကွန့်ပြီး own ထည့်ချင်တဲ့ ကိုဖိုးကွန့်တွေလည်း ရှိသေးတယ်
.
(4.1) My parents taught me how to listen to everybody before I made up my OWN mind.
ကျနော့်ကိုယ်ပိုင် ဆုံးဖြတ်ချက်မချခင်မှာ လူတိုင်းဆီက ဘယ်လိုနာယူရမယ်ဆိုတာ ကျနော့်မိဘတွေက သင်ကြားခဲ့ပါတယ်
.
(4.2) This woman always make up her OWN mind about everything.
ဒီအမျိုးသမီးက အရာရာတိုင်းနဲ့ ပတ်သက်ပြီး အမြဲတန်း ကိုယ်ပိုင်ဆုံးဖြတ်လေ့ရှိတယ်
.
……………………………………….
(5) OTHER COMMON SENTENCES
………………………………………….
.
ဒါတွေက make up (one’s) mind စကားလုံးကို မသုံးပဲ ပြောလေ့ရှိတဲ့ ၀ါကျတွေပေါ့ ၊ make up one’s mind ကိုယ်တိုင်က decide and choose နှစ်ခုပေါင်းထားသလို သဘောဖြစ်နေတယ်လေ..
.
(5.1) I can't DECIDE which one to take.
ကျနော်က ဘယ်တစ်ခုကို ယူရမလဲ မဆုံးဖြတ်နိုင်ပါဘူး
.
(5.2) Which one should I CHOOSE first, Money or Love?
ကျနော်ဘယ်တစ်ခုကို ပထမထားပြီး ရွေးသင့်ပါသလဲ ၊ ငွေလား ဒါမှမဟုတ် အချစ်လား ..
……………..
မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ကြပါစေ
.
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)


0 comments:

Post a Comment