Tuesday, July 28, 2015

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၁၆)

Win Naing Oo's photo.

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၁၆)
……………………………………………………………
ကျနော်တို့တတွေ စကားပြောကြတဲ့အခါ ဖြစ်စေ ၊ အကြောင်းအရာတစ်ခုခုကို ပြောပြနေတဲ့အခါမှာဖြစ်စေ တစ်ယောက်ယောက်ဟာ စကားလေး တစ်ခွန်းတစ်ပါဒ ပြန်လည်ပြီး မြွက်ဟသင့်ပါလျက်နဲ့ တုံဏှိဘာဝေ ဆိတ်ဆိတ်နေတဲ့အပြင် မတုန်မလှုပ် ကျောက်ရုပ်ကြီးလို ဖြစ်နေတဲ့ အခါမျိုးမှာ အခုလိုမျိုး တင်စားချက်လေးနဲ့ မေးလိုက်လို့ရပါတယ်
…………………………………
Cat Got Your Tongue? ခင်ဗျားလျှာကို ကြောင်ချီသွားလား (အာစေးထည့်ထားလား ၊ ဘာလို့ စကားမပြောတာလဲ)
………………………………..
.
(1) What's the matter? Cat got your tongue?
ဘာဖြစ်တာလဲဗျ ၊ စကားလည်း တစ်လုံးမှ မပြောပါလား
.
(2) You're being awfully quiet, cat got your tongue?
ခင်ဗျား အလွန်အမင်းတိတ်ဆိတ်နေပါလား ၊ အာစေးထည့်ထားလား
(Awfully (adv) အလွန်အမင်း)
.
(3) He always has an opinion, cat must have gotten his tongue.
သူက အမြဲတန်း ထင်မြင်ချက် တစ်ခုရှိနေကျပါ ၊ သူ့လျှာကို ကြောင်ချီသွားတာပဲ ဖြစ်ရမယ်
.
(4) Why don't you tell me that secret? Cat got your tongue?
ခင်ဗျားက ဘာကြောင့် လျှို့ဝှက်ချက်ကို မပြောတာလဲ ၊ ခင်ဗျားမှာ ပြောစရာစကားမရှိဘူးလား
.
(5) We haven't heard from you all morning—has the cat got your tongue?
တစ်မနက်လုံး ခင်ဗျားဆီက ဘာမှလည်း မကြားရဘူး ၊ တိတ်ဆိတ်လှချေလား
……………………………………….
Other Common Sentences
……………………………………….
(6) Has the cat got your tongue?
ခင်ဗျားလျှာကို ကြောင်ချီသွားပြီလား
.
(7) You have nothing to say?
ခင်ဗျားမှာ ပြောစရာ မရှိဘူးလား
.
(8) Why are you so quiet?
ဘာကြောင့် ခင်ဗျား အရမ်းတိတ်ဆိတ်နေတာလဲ
.
(9) Why are you not talking?
ဘာကြောင့် ခင်ဗျား စကားမပြောတာလဲ
.
(10) Why are you not saying anything?
ဘာကြောင့် ခင်ဗျား တစ်ခုခု မပြောတာလဲ
.
(11) Why don’t you answer me?
ဘာကြောင့် ကျနော့်ကို မဖြေတာလဲ
.
(12) What has got your tongue?
ခင်ဗျားလျှာ ဘာဖြစ်သွားပြီလဲ
.
(13) Have you lost your tongue?
ခင်ဗျားလျှာ ပျောက်သွားပြီလား
.
ကျနော်တို့ထက်ရာထူးကြီးသူ ၊ အသက်ကြီးသူ စတဲ့..လေးစားရတဲ့သူတွေကိုတော့ ဒီလို သွားမပြောလိုက်နဲ့နော် ၊ စကားအသွားအလာက ရင်းနှီးတဲ့သူတွေမှ ပြောရမှာမျိုး ဖြစ်နေလို့ သတိပေးရတာပါ..
.
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)
heart emoticon

0 comments:

Post a Comment