Friday, July 31, 2015

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၁၉)



Win Naing Oo's photo.

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၁၉)
……………………………………………………………
ခက်ခဲဆိုးရွားတဲ့ အခြေအနေတစ်ခုခုကို တစ်ယောက်ယောက်က ရင်ဆိုင်ဖြေရှင်းနေရတဲ့အချိန်မှာ အားပေးတတ်တဲ့ စကားလေးပါပဲ .. ခက်ခဲဆိုးရွားတဲ့ အခြေအနေတိုင်းမှာ ကောင်းမွန်တဲ့အရာတစ်ခုခု ရှိပါတယ်တဲ့ (There is something good in every unpleasant or difficult situation: there is always a reason to hope, even in the worst situations. )
............................................
Every cloud has a silver lining
တိမ်စိုင်တိမ်လွှာတိုင်းမှာ ငွေရောင် အနားသတ်မျဉ်းတစ်ကြောင်း ရှိပါတယ်
..............................................
.
(1) Don't be sad: every cloud has a silver lining.
ဝမ်းမနည်းပါနဲ့ ၊ ဆိုးရွားတဲ့အခြေအနေတိုင်းမှာ အကောင်းတစ်ခုခုတော့ ရှိပါတယ်
.
(2)
What am I going to do? My girlfriend has left me !
ကျနော်ဘာလုပ်ရမလဲ ၊ ကျနော့်ကောင်မလေးက ကျနော့်ကို ထားသွားခဲ့ပြီ
Reply: Don't worry. It will be all right. Every cloud has a silver lining.
စိတ်မပူပါနဲ့ ၊ အဆင်ပြေသွားပါလိမ့်မယ် ၊ ဆိုးတဲ့ အရာတိုင်းကနေ ကောင်းတဲ့အရာတစ်ခုခု ဖြစ်လာနိုင်ပါသေးတယ်
.
(3) I lost my job last week, but every cloud has a silver lining and now I have time to visit my family in Australia!
ပြီးခဲ့တဲ့သီတင်းပတ်က ကျနော်အလုပ်ပြုတ်ခဲ့ပါတယ် ဒါပေမယ့် တိမ်စိုင်တိမ်လွှာတိုင်းမှာငွေရောင်အနားသတ်မျဉ်းတစ်ကြောင်းရှိတယ်ဆိုတော့ အခု သြစတြေးလျက ကျနော့်မိသားစုဆီကို လည်ပတ်ဖို့ အချိန်ရသွားပါပြီ
.
(4) I’ve been arguing a lot with my wife but I think it will bring us closer in the end, so every cloud has a silver lining I suppose.
ကျနော့်အမျိုးသမီးနဲ့ အများကြီး ငြင်းခုန်ပြီးနေခဲ့ရတယ် ဒါပေမယ့် နောက်ဆုံးမှာတော့ အဲဒါက ကျနော်တို့ကို ပိုပြီးနီးကပ်စေခဲ့တယ်လို့ ကျနော်ထင်မိပါတယ် ၊ အဲဒါကြောင့် အဆိုးတိုင်းမှာ ကောင်းကွက်တစ်ခုခုတော့ ရှိတယ်လို့ ကျနော်က ဆိုချင်ပါတယ် ..
.
ကဲ အားငယ်နေသူတွေကို အားပေးလိုက်ကြပါဦး ၊ ကျနော်ရေးခဲ့တာ တော်တော်များများက သူတို့ချည်းပဲ ၀ါကျတစ်ခုလို သုံးလို့ရတာတွေများပါတယ် .. လှလှပပ တင်စားချက်လေးတွေနဲ့ ပြောကြဦးမယ်လေ..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment