Friday, July 24, 2015

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၁၂)

Win Naing Oo's photo.

အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၁၂)
……………………………………………………………
ကျနော်တို့ ပြောလိုက်တဲ့စကားကို တစ်ယောက်ယောက်က အလေးမထားပဲ ရယ်စရာ လုပ်ပစ်လိုက်တဲ့ အခါမှာဖြစ်စေ ၊ လာပြီး စတာနောက်တာကို မခံချင်တဲ့အခါမှာ ဖြစ်စေ ဒီပုံစံလေးတွေကို နမူနာယူပြီး သုံးနိုင်ပါတယ်
…………………………………
DON'T JOKE WITH ME
………………………………..
.
(1) Don’t joke.
ဟာသမလုပ်ပါနဲ့
(joke (n,v) : ရယ်စရာပြက်လုံး ၊ ဟာသလုပ်သည်)
.
(2) Don’t even joke.
ဟာသတောင် မလုပ်ပါနဲ့
.
(3) Don't even joke about it.
အဲဒါနဲ့ ပတ်သက်ပြီး ဟာသတောင် မလုပ်ပါနဲ့
.
(4) Don't joke with me.
ကျနော့်ကို မနောက်ပါနဲ့ (ဟာသမလုပ်ပါနဲ့ ၊ ရယ်စရာမလုပ်ပါနဲ့)
.
(5) Don't joke with me like that.
ကျနော့်ကို အဲလိုမျိုး မနောက်ပါနဲ့
.
(6) He told me she likes me but I said don't joke with me.
သူမက ကျနော့်ကိုကြိုက်နေတယ်လို့ သူကပြောခဲ့တယ် ဒါပေမယ့် ကျနော်က မနောက်ပါနဲ့လို့ ပြန်ပြောခဲ့ပါတယ်
.
(7) He said I had won a million dollars and I said don't joke with me.
ကျနော် ဒေါ်လာတစ်သန်းဖိုး ထီပေါက်ပြီလို့ သူကပြောခဲ့တယ် နောက်တော့ ကျနော်က မနောက်ပါနဲ့လို့ ပြန်ပြောခဲ့ပါတယ်
.
(8) Don't joke with me! You know I really like you.
ဟာဗျာ ဟာသမလုပ်ပါနဲ့ ! သိတယ်မို့လား ကျနော်က ခင်ဗျားကို တကယ်ခိုက်တာပါ.. tongue emoticon
……………………………………..
Other Common Sentences
တခြားပြောနေကျဝါကျလေးတွေက
……………………………….
(9) Don't make me a joke.
ကျနော့်ကို ဟာသတစ်ခု(ရယ်စရာ)ဖြစ်သွားအောင် မလုပ်ပါနဲ့
.
(10) Don't make a joke of me.
ကျနော့်ကို ဟာသတစ်ခု ဖြစ်သွားအောင် မလုပ်ပါနဲ့
.
(11) Don't make a joke of me anymore.
ကျနော့်ကို ဟာသတစ်ခု ဖြစ်သွားအောင် ဆက်ပြီး မလုပ်ပါနဲ့
(anymore (adv) = any longer ထပ်ပြီး ဆက်လက်ပြီး)
.
(12) Stop messing around.
လှည့်ပတ်ရှုပ်ပွေနေတာတွေကို ရပ်ပါ
(mess(v,n) ဖွသည် ၊ ညစ်ပတ်ခြင်း ရှုပ်ပွခြင်း ၊ အရှုပ်အပွေ)
.
(13) Please be serious.
ကျေးဇူးပြု၍ အလေးထားပါ ၊ အရေးတယူလုပ်ပါ
.
ဆင်တူဝါကျလေးတွေကို သုံးထားတာက ဖြုတ်လိုက် တပ်လိုက် လုပ်တဲ့ အစိတ်အပိုင်း(segment) လေးတွေကို ရိပ်မိစေချင်လို့ဖြစ်ပါတယ်.. ၀ါကျမတူလျင် သတိမထားမိမှာစိုးလို့ပါ..
.
ရယ်မောပျော်ရွှင်နိုင်ကြပါစေ ၊ ရယ်စရာတော့ ဖြစ်မနေကြပါစေနဲ့
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment