Friday, July 24, 2015

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၁၃)

Win Naing Oo's photo.

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၁၃)
………………………………………………………………
မတွေ့ရတော့ဘူးလို့ ထင်ထားကြတဲ့လူနှစ်ယောက် မထင်မှတ်ပဲ ပြန်လည်တွေ့ကြရတဲ့အခါ ၊ ဘာမှ ဆက်စပ်မှုမရှိဘူးလို့ ထင်ရတဲ့ လူနှစ်ယောက်ကြားမှာ အလွန်နီးကပ်တဲ့ ဆက်နွယ်မှုတစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါ အံ့အားသင့်စွာနဲ့ ပြောဖြစ်ကြပါလိမ့်မယ် ..
.
What a small world! ကမ္ဘာကြီးက ကျဉ်းလိုက်တာ
It’s a small world. ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ
.
(It is said to show your surprise that people or events in different places are connected. )
.
(1) I didn't know that you knew my uncle. What a small world.
ခင်ဗျား ကျနော့်ဦးလေးကို သိနေခဲ့တာ ကျနော် မသိခဲ့ဘူး ၊ ကမ္ဘာကြီးက ကျဉ်းလိုက်တာနော် ..
.
(2) You have family in Florida too? What a small world.
ခင်ဗျားရဲ့ မိသာစုကလည်း ဖလော်ရီဒါမှာပဲနော် ၊ ကမ္ဘာကြီးက ကျဉ်းလိုက်တာ
.
(3) Sometimes it's a really small world!
တစ်ခါတရံမှာတော့ ကမ္ဘာကြီးဟာ တကယ်ပဲ ကျဉ်းကျဉ်းလေးပါ
.
(4) What a small world we live in!
ကျနော်တို့နေတဲ့ ကမ္ဘာ ကျဉ်းလိုက်တာ
(ဒါကနည်းနည်း လျှာရှည်ပြီး ပြောချင်တဲ့သူက ပြောပုံမျိုးပေါ့)
.
Other common sentences
အခြားပြောလေ့ရှိတဲ့ ၀ါကျများ
……..
(5) It is a small world.
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ
.
(6) What a coincidence!
တိုင်ဆိုင်လိုက်တာ
…………..
ဒီဝါကျလေးက သူ့ချည်းပဲ သက်သက် ပြောနေကျမို့လို့ တွဲစပ်ထားတဲ့ နမူနာဝါကျ များများမလိုပါဘူး ၊ တိုက်ဆိုင်မှုရှိတဲ့ အကြောင်းအရာနဲ့ ပေါင်းစပ်ပြီး ပြောဆိုနိုင်ပါတယ်..
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment