Ad Code

Responsive Advertisement

ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်းစာရင်းထဲ ဝင်လာအုံးမယ့် Motorola Kinzie


အမေရိကန်အခြေဆိုက် Motorola ကုမ္ဗဏီမှ နေပြီးတော့ Nexus 6 ကို Google နဲ့ အတူ ပူးပေါင်းထုတ်ပြီးနောက် ဘယ်လို High end စမတ်ဖုန်း ထွက်အုံးမလဲဆိုတာ အချို့က စောင့်မျော်နေကြ ပါတယ်။ သေချာတာကတော့ Google နဲ့ Nexus ထပ်လုပ်မှာ မဟုတ်ပါဘူး။ Nexus ရဲ့ သဘောတရားက Android ကို လိုင်စင်နဲ့ ယူသုံးတဲ့ ကုမ္ဗဏီများဖြင့် အလှည့်ကျ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ယခု Motorla မှ အသစ်ထွက်မယ့် ဖုန်းကတော့ Motorola Kinzie ဖြစ်ပါတယ်။
Motorola Kinzie ကို ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်းထဲ ဝင်လာနိုင်ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံးလို့ ပြောခြင်းက စမ်းသပ်စစ်ဆေးပြီးမှ ပြောတာ မဟုတ်ပါဘူး။ Specification ပေါ်မှာသာ အခြေခံပြီးတော့ ပြောခြင်းပါ။ တကယ်တန်းကျတော့ Spec တွေမြင့်ပြီး တကယ်တန်း performance မကောင်းတာ ဘယ်ကလာတဲ့ ဖုန်းတွေဖြစ်မယ်ဆိုတာ သိကြ မှာပါ။ ဘာပဲ ဖြစ်ဖြစ် Motorola ကတော့ အမေရိကန် Brand ဖြစ်တော့ အများက ကောင်းမယ်လို့ မျော်လင့်နေပါတယ်။
ဖန်သားပြင် အရွယ်အစားအားဖြင့် ၅.၅ လက်မ အရွယ်ရှိပြီး 2,560 x 1,440 resolution, 534 ppi ရှိပါတယ်။ octa-core Qualcomm Snapdragon 810 processor ကို အသုံးပြုထားပြီး RAM က 3GB ဖြစ်ပါတယ်။ 32GB Storage ပါဝင်ပါတယ်။ storage ထပ်တိုးရမရ မသိသေးပါဘူး။ ကင်မရာ 20 Megapixel ရှိပြီး 4K video ရိုက်နိုင်ပါတယ်။ ရှေ့ကင်မရာက 4.8 MP ရှိပါတယ်။ 1080p video record ရပါတယ်။ Motorola မှာ Moto X လို high end ဖုန်းထွက်ပြီးနောက် Motorola Kinzie ဟာ သူ့နောက်ဆက်တွဲလေလားလို့လည်း မေးခွန်းထုတ်လျက် ရှိပါတယ်။
နောက်လအတွင်း Motorola မှ ဈေးနှုန်းကအစ အသေးစိတ် အချက်အလက်အားလုံးကို ကြေညာသွားဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: Pocketlint
အောင်ခမ်း (MMAS)
http://www.myanmarmobileapp.comမှ ကူးယူဖော်ပြသည်။
အဆင်ပြေကြပါစေကျိုက္ခမီသားလင်းနိုင်ဦးhttp://linnaingookkm.blogspot.com/

Post a Comment

0 Comments

Close Menu