Ad Code

Responsive Advertisement

Office Expressions (21) by Sayar WinNaingOo

Win Naing Oo's photo.

Office Expressions (21)
................................
လုပ်ဖော်ကိုင်ဖက် အချင်းချင်း အလုပ်ရဲ့ ဖိအားတွေလျှော့ချပြီး ကျန်းမာအောင်နေဖို့ အကြံပေး ဆွေးနွေးပုံလေးပါ ။
.
A : Are you still working overtime now? Why don’t you try to be free and enjoy your life?
ခင်ဗျား အချိန်ပိုဆင်းနေတုန်းပဲလား ၊ အားလပ်အောင်စီမံပြီး ဘ၀ကို သာယာပျော်ရွှင်အောင် နေပါလားဗျာ
.
B : I wish I could. But there is much at the office. I work under pressure as well.
ဖြစ်နိုင်လျှင် နေချင်တာပေါ့ဗျာ ၊ ဒါပေမယ့် ရုံးမှာ (လုပ်စရာတွေ) အများကြီးရှိတယ် ၊ ဖိအားတွေအောက်မှာလည်း လုပ်နေရတယ်
.
A : You do it by yourself or with your colleagues?
တစ်ယောက်တည်း လုပ်တာလား ဒါမှမဟုတ် လုပ်ဖေါ်ကိုင်ဖက်တွေနဲ့လား
.
B : All by myself. It’s tiring and stressful. I’m still thinking about how to ease my mind after
working hard. How do cope stress?
အားလုံး ကျနော့်တစ်ယောက်တည်းပါ ၊ မောဖို့လည်းကောင်းတယ် သောကတွေလည်းများပါတယ် ၊ အလုပ်ကြိုးကြိုးစားစားလုပ်အပြီးမှာ ကျနော့်စိတ်ကို သောကတွေကင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေဆဲပါပဲ ၊ သောကတွေကို ဘယ်လိုဖြေဖျောက်ရပါမလဲ ။
.
A : According to the book I’ve read, we should try to enjoy our job. And set to relax
every weekend. Do something fun for ourselves, forget about job for a moment to refresh
our mind.
ကျနော်ဖတ်တဲ့စာအုပ်ထဲကအတိုင်းဆိုလျှင်တော့ .. ကျနော်တို့ရဲ့ အလုပ်မှာ ပျော်ရွှင်ကျေနပ်အောင် ကြိုးစားရမယ် ၊ သီးတင်းပတ်ကုန် ပိတ်ရက်တိုင်းမှာ အနားယူဖို့ စီစဉ်ရမယ် ၊ စိတ်ကို ပြန်လည်လန်းဆန်း စေဖို့အတွက် အလုပ်နဲ့ ပတ်သက်တာ ခဏတဖြုတ် မေ့ထားပြီးတော့ ပျော်ရွှင်စရာတစ်ခုခုကို ကျနော်တို့ကိုယ်တိုင် လုပ်ရမယ် ။
.
B : How many hours do we need for sleeping a ?
(တစ်နေ့မှာ) နာရီဘယ်လောက်များများ အိပ်ဖို့လိုမလဲ
.
A : Eight hours per day is enough. And live healthily. Do exercise regularly.
တစ်နေ့ ရှစ်နာရီဆို လုံလောက်ပါတယ် ၊ ပြီးတော့ ကျန်းကျန်းမာမာနေပါ ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ ။
(ရှေ့လူက ပြောမဆုံးသေးဘူး နောက်လူက ဘာမေးမယ်ဆိုတာသိလို့ ပြီးအောင်မစောင့်ပဲ ဆက်ပြောလိုက်တာ)
.
B : I hate doing sport.
အားကစားလုပ်ရတာကို မကြိုက်ဘူး
.
A : You can walk, or just run to stay healthy. It’s good for us. And always think positively, forgive anyone who hurts you. Simple right?
ခင်ဗျား လမ်းလျှောက်လို့ရတယ် ဒါမှမဟုတ် ကျန်မာအောင်နေဖို့ ပြေးပဲပြေးပါ ။ အဲဒါက ကျနော်တို့အတွက် ကောင်းတယ်နော် ၊ ပြီးတော့ အမြဲတန်းပဲ အပြုသဘောနဲ့ တွေးပါ ။ ခင်ဗျားကို နာကျင်အောင်လုပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ခွင့်လွှတ်ပါ ။ ရိုးရိုးလေးပါပဲနော် ..မှန်ရဲ့လား ။
.
B : Well, thank you for your advice.
ကောင်းပါပြီဗျာ ၊ ခင်ဗျားရဲ့ အကြံပေးချက်တွေအတွက် ကျေးဇူးပါပဲ
.
ဝေါဟာရများ
.
colleague (n) လုပ်ဖေါ်ကိုင်ဖက်
cope (v) နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းသည်
set (v) သတ်မှတ်သည် ၊ စီစဉ်သည်
refresh (v) ပြန်လည်လန်းဆန်းစေသည်
stress (n) စိတ်သောက ၊ စိတ်ဖိစီးမှု
stressful (adj) စိတ်ဖိစီးမှုရှိသော
ease (v) စိုးရိမ်သောက လျော့ပါးစေသည် ၊ သက်သာစေသည်
advice (n) အကြံညာဏ်
healthy (adj) ကျန်းမာသော
healthily (adv) ကျန်းမာစွာ (ကျန်းကျန်းမာမာ)
advise (v) အကြံပေးသည် ၊ အကြံပြုသည်
think positively (phr) အပြုသဘောတွေးသည်
per (prep) .. လျှင် ၊ ..မှာ
per day (phr) တစ်နေ့လျှင် ၊ တစ်နေ့မှာ
.
ကျန်ဝေါဟာရများ မသိပါက အဘိဓါန်မှာ ကိုယ်တိုင်ရှာဖွေပြီးလေ့လာပါ ။
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu