Friday, July 24, 2015

That clause လိုက်သော ကြိယာများနှင့် သူတို့ပါသော ၀ါကျများ

Win Naing Oo's photo.

That clause လိုက်သော ကြိယာများနှင့် သူတို့ပါသော ၀ါကျများ
................................................................................
ပထမဆုံး that clause လိုက်လေ့ရှိတဲ့ ကြိယာလေးတွေကို ပြောရင်းနဲ့စပြီးဖွင့်ပါရစေ ၊ သူတို့ကို သိမှ သူတို့ရဲ့ ထူးခြားတဲ့ဝါကျပုံစံ .. အထူးသဖြင့် Passive voice တွေကို မှန်အောင် ပြောင်းလို့ရမှာပါ .. အင်္ဂလိပ်ဝါကျများကိုတော့ ယုံယုံကြည်ကြည်နဲ့ လက်ခံကြပါ .. Dictionary များ British council ကဲ့သို့ ယုံကြည်ရလောက်သော အင်တာနက် စာမျက်နှာများကနေ ထုတ်နှုတ်ယူထားခြင်း ဖြစ်လို့ပါ.. စကြရအောင်နော်
.
verbs followed by that clause
................................................
We can use clauses with that:
That ပါတဲ့ clause တွေကို ကျနော်တို့ အသုံးပြုနိုင်ပါတယ် ..(သုံးရမယ့်နေရာတွေကတော့)
.
(1) after verbs of thinking:
ဒီကြိယာတွေရဲ့နောက်မှာ that clause လိုက်ပါတယ် ၊ တွေးတောခြင်းနဲ့ ဆက်စပ်မှုရှိတဲ့ ကြိယာများဖြစ်ပါတယ် ၊ အဓိပ္ပါယ်များကို အဘိဓါန်မှာ ကိုယ်တိုင်ပဲ ရှာလိုက်ကြပါ ။
.
Think, believe, expect, decide, hope, know, understand,
suppose, guess, imagine, feel, remember, forget
...
(1.1) I hope that you will enjoy your holiday. (hope)
ခင်ဗျားရဲ့ အားလပ်ရက် အပန်းဖြေခရီးကို ပျော်ရွှင်ပါစေလို့ ကျနော်ဆုတောင်းပါတယ်
(1.2) She didn’t really think that it would happen. (think)
အဲဒါ ဖြစ်လာလိမ့်မယ်လို့ သူမ တကယ်ပဲ ထင်မှတ်မထားခဲ့ပါဘူး
(1.3) I knew that I had seen her somewhere before. (know)
ကျနော် သူမကို အရင်က တစ်နေရာရာမှာ မြင်ဖူးခဲ့ပြီးပြီ ဆိုတာ သိနေခဲ့တယ်
.............................................
(2) after verbs of saying:
ဒီကြိယာတွေရဲ့နောက်မှာ that clause လိုက်ပါတယ် ၊ ပြောဆိုခြင်းနဲ့ ဆက်စပ်မှုရှိတဲ့ ကြိယာများဖြစ်ပါတယ်
.
Say, admit, argue, reply, agree, claim, deny
Mention, answer, complain, explain, promise, suggest
..
(2.1) They admitted that they had made a mistake. (admit)
သူတို့ အမှားတစ်ခု လုပ်ပြီးလိုက်ခဲ့ပြီဆိုတာ ၀န်ခံခဲ့ကြပါတယ်
(2.2) She argued that they should invest more in the business. (argue)
သူတို့ဟာ စီးပွားရေးလုပ်ငန်းမှာ ပိုပြီးရင်းနှီးမြှုပ်နှံသင့်တယ်လို့ သူမက ရည်ညွှန်းပြောဆိုခဲ့ပါတယ်
(2.3) The children complained that they had nothing to do. (complain)
သူတို့မှာ ဘာမှလုပ်စရာမရှိခဲ့ဘူးလို့ ကလေးများက ညည်းညူခဲ့ကြပါတယ်
.....................................................
(3) after verbs of reporting
ဒီကြိယာတွေရဲ့နောက်မှာ that clause လိုက်ပါတယ် ၊ တစ်ဆင့်ပြန်ပြောတဲ့ပုံစံ (သို့) နောက်တစ်ကြိမ် ပြန်ပြောတဲ့ပုံစံ ( peported speech ၊ indirect speech) နဲ့ ရေးလေ့ရှိတဲ့ ကြိယာများဖြစ်ပါတယ် ၊ အထက်မှာ ဖေါ်ပြခဲ့တဲ့ verbs of saying နဲ့ verbs of thinking ထဲက အချို့သောကြိယာ များဟာလည်း ဒီအုပ်စုထဲမှာပါဝင်ပါတယ် .. အားလုံးစုပေါင်းပြီးမှတ်ထားလိုက်တာပဲ အေးပါတယ်
.
ဒီလိုရေးလေ့ရှိတာကို ပြောတာပါ
Chris: Yes, it was a great film. (direct speech)
Chris agreed that the film was great. (indirect/reported speech)
...
Accept, add, agree, allege, announce, answer, assume, ckeck, comment, confess, confirm, consider, deny, discover, doubt, explain, findout, forget, guess, hear, insist, mean, mention, notice, pretend, promise, prove, realise, remark, repeat, reply, see, show, state, suggest, suppose.
.
(3.1) Everyone agrees that we have to act quickly. (agree)
ကျနော်တို့ အလျင်အမြန် ပြုမူဆောင်ရွက်ရမယ်လို့ လူတိုင်းက သဘောတူလက်ခံကြပါတယ်
(3.2) It’s not easy to forget that she’s just a child. (forget)
သူမဟာ ကလေးပဲရှိသေးတယ်ဆိုတာ မေ့ပစ်ဖို့က မလွယ်ကူပါဘူး
(3.3) He confessed that he had stolen his roommate's wallet. (confess)
သူ့အခန်းဖေါ်ရဲ့ ပိုက်ဆံအိပ်ကို ခိုးလိုက်မိခဲ့တယ်လို့ သူက၀န်ခံခဲ့ပါတယ်
.......................................................
(4) tell and some other verbs of saying must always have a direct object :
ဒီကြိယာတွေကိုသုံးလျင်တော့ direct object ထည့်ပေးရပါမယ် (သတိထားပြီးမှတ်ရမှာပါ)
.
Tell, advise, assure, persuade, promse, warm
Convince, persuade, inform, remind, ..
.
(4.1) He told US that it would take a long time. (tell)
အဲဒါက အချိန်အများကြီးကြာလိမ့်မယ်လို့ သူက ကျနော်တို့ကို ပြောခဲ့ပါတယ်
(4.2) The police informed EVERYBODY that the danger was over. (inform)
ဘေးအန္ဓရာယ်က ပြီးဆုံးလွန်မြောက်သွားပြီလို့ ရဲက လူတိုင်းကို အသိပေးပါတယ်
(4.3) He reminded ME that I have a doctor's appointment tomorrow. (remind)
မနက်ဖန်မှာ ဆရာဝန်နဲ့တွေ့ဖို့ ချိန်းဆိုထားတာ တစ်ခုရှိတယ်လို့ သူက ကျနော့်ကို သတိပေးခဲ့ပါတယ်
................
(5) Verbs followed by a prepositional phrase and a that-clause and a that-clause acting as the direct object:
ဒီကြိယာတွေရဲ့နောက်မှာတော့ propositional phrase တွေလိုက်နိုင်ပါတယ်
.
Admit, explain, point out, recommend, state
Complain, mention, prove, say, suggest
.
(5.1) My mom explain TO me that we couldn't afford to buy a luxury car. (explain)
ကျနော်တို့မှာ ဇိမ်ခံကားတစ်စီးဝယ်ဖို့ မတတ်နိုင်ဘူးလို့ အမေက ကျနော့်ကို ရှင်းပြခဲ့ပါတယ်
(5.2) I’d like to point out TO everyone that it will be expensive to hire a concert hall.
ဖျော်ဖြေပွဲခန်းမတစ်ခု ငှားရမ်းဖို့ ဈေးကြီးလိမ့်မယ်ဆိုတာ ကျနော်က လူတိုင်းကို ထောက်ပြပြောဆိုလိုပါတယ်
(5.3) I suggested TO Gina that she should get a part-time job.
သူမ အချိန်ပိုင်းအလုပ်တစ်ခုရသင့်တယ်လို့ ကျနော်က ဂျီနာကို အကြံပြုခဲ့ပါတယ်
..
(6) We can always use a clause without the word that:
Clause တစ်ခုကို That မထည့်ပဲလည်း သုံးနိုင်ပါတယ်
.
(6.1) The police informed everybody [that] the danger was over.
ဘေးအန္တရာယ်က ပြီးဆုံးလွန်မြောက်သွားပြီလို့ ရဲက လူတိုင်းကို အသိပေးပါတယ်
.................................................................
ရှင်းနေတာကို ရှုပ်အောင် လုပ်ဦးမယ် ..
....
Clause ဆိုတာဘာလဲ ခေါင်းမစားချင်လျင် that + S + V (main verb or verb be) လို့မှတ်နိုင်ပါတယ်
.
Direct object ဆိုတာ verb က ပြုလုပ်တဲ့ လုပ်ဆောင်မှု action နဲ့ အလျင်ဆုံး ထိတွေ့တဲ့ object
Indirect object ဆိုတာ verb က ပြုလုပ်တဲ့ လုပ်ဆောင်မှု action နဲ့ နောက်မှ ထိတွေ့တဲ့ object
.
Object နှစ်ခုပါတဲ့ ၀ါကျတွေကို ဒီလိုရေးနိုင်ပါတယ်.. ဥပမာ
သူက ကျနော့်ကို ပန်းသီး တစ်လုံး ပေးခဲ့တယ် .. လို့ရေးကြည့်မယ်ဆိုလျှင်
(1) S + V+ IO + DO
He gave me an apple.
.
(2) S + V+ DO + to/for + IO
He gave an apple to me.
စသည်ဖြင့် ရေးလို့ရမယ် ၊ အဲဒီမှာ object က အပေးခံရတဲ့ ပန်းသီးကလည်း object ပဲ ၊ ကျနော့်ကို ပေးတဲ့အတွက် ကျနော်ကလည်း object ပဲ ၊ သို့သော်လည်း ပေးတယ်ဆိုတဲ့ အပြုအမူကို မြင်ကြည့်မယ်ဆို..သူက ပန်းသီးတစ်လုံးကို အလျင်ကိုင်ပြီးမှ ရော့ကွာ မင်းစားလိုက်ပါ လို့ပေးတာ ၊ သူ့လက်နဲ့ကိုင်တာက အလျင် ၊ သူပြုမူတဲ့ action ပထမဆုံး သက်ရောက်တာက ပန်းသီးဖြစ်တယ် ၊ ဒါကြောင့် apple က direct object ဖြစ်ပြီး me က indirect object ဖြစ်ပါတယ်..
.
ကဲဒီလောက်ဆို ရှုပ်သွားလောက်ပြီပေါ့ ၊ မှတ်စရာတွေကတော့ များသွားပါတယ် ၊ ဆက်ရေးပါဦးမယ် ၊ နောက်ရေးမှာတွေက ပိုရှုပ်ပြီး ၊ ရှင်းပြထားချက်တွေ တခြားမှာရှာတွေဖို့ ခက်နိုင်တယ် ..
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment