Ad Code

Responsive Advertisement

To describe future (1) အနာဂတ်ကိုဖေါ်ပြဖို့ (၁) by Sayar WinNaingOo

Win Naing Oo's photo.

To describe future (1) အနာဂတ်ကိုဖေါ်ပြဖို့ (၁)
……………………..
အနာဂတ်ကာလကို ရည်ညွှန်းပြောဆိုဖို့အတွက် နည်းလမ်းများစွာရှိပါတယ် ၊ အဲဒီနည်းလမ်းတွေထဲကနေ အသုံးများတာတွေကို တင်ဆက်လိုက်ပါတယ်
.
(1.1) Simple future and Predicted future (ရိုးရိုး အနာဂတ် နှင့် ကြိုတင်ခန့်မှန်းသော အနာဂတ်)
…………………………………………………….
ရိုးရိုး အနာဂတ်နဲ့ ကြိုတင်ခန့်မှန်းသော အနာဂတ် တို့ကို Will/shall + V1 ပုံစံနဲ့ ဖေါ်ပြနိုင်ပါတယ်
.
(1.1.1) If you help me, I WILL help you. (အနာဂတ်)
ခင်ဗျားကျနော့်ကို ကူညီလျင် ကျနော်ခင်ဗျားကို ကူညီမယ်
.
(1.1.2) Do you think she WILL come soon? (အနာဂတ်)
သူမ မကြာခင်လာမယ်လို့ ခင်ဗျားထင်ပါသလား
.
(1.1.3) The sun WILL rise at 6.30 tomorrow. (ကြိုတင်ခန့်မှန်း)
မနက်ဖန် ၆:၃၀ မှာ နေထွက်လိမ့်မယ်
.
(1.1.4) In the year 2050 all students WILL have their own computers. (ကြိုတင်ခန့်မှန်း)
သက္ကရာဇ် ၂၀၅၀ မှာ ကျောင်းသားအားလုံးဟာ သူတို့ရဲ့ကိုယ်ပိုင်ကွန်ပြူတာတွေရှိကြလိမ့်မယ်
…………………………………………………………….
(1.2) You can use 'shall' in the “to show determination, or strong volition, or to give orders".
ဆုံးဖြတ်ချက် ၊ ရွေးချယ်မှု ၊ အမိန့်ပေးခြင်း စတဲ့ ကိစ္စတွေအတွက် Will နေရာမှာ Shall ကို သုံးနိုင်ပါတယ်
.
(1.2.1) It may be difficult, but I SHALL not miss the opportunity.
အဲဒါက ခက်ခဲနိုင်ပါတယ် ၊ ဒါပေမယ့် ကျနော် အခွင့်အရေးကိုလက်လွတ်ခံလို့ ဖြစ်မှာ မဟုတ်ပါဘူး (ဆုံးဖြတ်ချက်)
( Will သုံးတာကိုလည်း တွေ့နိုင်ပါတယ်)
.
(1.2.2) Students SHALL not talk during the exam.
စာမေးပွဲ(ဖြေနေစဉ်)ကာလတစ်လျှောက်လုံး ကျောင်းသားတွေ စကားမပြောရပါဘူး (အမိန့်ပေးတားမြစ်ချက်)
(ဒီဝါကျမျိုးကိုတော့ will မသုံးပါဘူး)
…………………………………….
(1.3) Or it can be used to make predictions.
Will မှာတုန်းကလိုပဲ Shall ကိုလည်း ကြိုတင်ခန့်မှန်းပြောဆိုမှုအတွက် သုံးနိုင်ပါတယ်
.
(1.3.1) In next five years, I SHALL speak perfect English.
နောက်ငါးနှစ်အတွက်းမှာ ကျနော်ဟာ ကောင်းမွန်ပြည့်စုံတဲ့ အင်္ဂလိပ်စကားကို ပြောနိုင်ပါလိမ့်မယ်
(ကြိုတင်ခန့်မှန်း ၊ အခုမပြောနိုင်သေးဘူး လေ့လာနေဆဲ)
.
(1.3.2) You SHALL be rich, happy and fortunate.
မင်းက ချမ်းသာ ပျော်ရွင်ပြီးတော့ ကံကောင်းပါလိမ့်မယ် (ခန့်မှန်းပြီးပြောတာ)
…………………………
(1.4) It is generally used when suggesting future actions.
ယေဘူယျအားဖြင့် shall ကို အနာဂါတ်အတွက် ဘယ်လိုလုပ်လျင်ကောင်းမယ် စသည်ဖြင့် အကြံပြုပြောဆိုတဲ့အခါမှာသုံးပါတယ်
.
(1.4.1) SHALL we go to the cinema tonight? (မေးခွန်းပုံစံပေမယ့်လို့ အကြံပြုတာ ၊ ဆန္ဒညှိနှိုင်းတာ)
ဒီနေ့ည ကျနော်တို့ ရုပ်ရှင်သွားကြည့်ကြမလား
.
(1.4.2) What dress SHALL I wear? ( အကြံပြုချက်တောင်းတဲ့ မေးခွန်းပါ)
ကျမ ဘယ်ဂါဝန်ကို ၀တ်ရမလဲ (dress (n) = ဂါဝန်)

(1.5) The chief use of shall in questions is with a first person subject (I or we), to make offers and suggestions, or request suggestions or instructions:
အဓိကအားဖြင့် မေးခွန်းတွေမှာ Shall ကို I, We တို့နဲ့ပဲ အသုံးများပြီး you, they, he, she, it တို့နဲ့ သုံးလေ့မရှိပါဘူး
.
(1.5.1) SHALL we dance?
ကျနော်တို့ ကကြရအောင်လား ၊ ကကြမလား
.
(1.5.2) What SHALL I do next?
ဆက်ပြီးတော့ ကျနော်ဘာလုပ်ရမလဲ
.
ဒီလိုအထက်က၀ါကျမျိုးတွေမှာကျတော့ will ကိုသုံးလို့မရပါဘူး
.
…………………………………………………………………….
(2) Future with Intention (ရည်စူးချက်နဲ့ အနာဂတ်)
………………………………………………………………………
.
(2.1) The auxiliary verb going to is used in talking about intentions.
Be+ going to + V1 ကို ရည်စူးထားချက်တွေအတွက် သုံးပါတယ်
.
(2.1.1) We're going to buy a new car next month.
နောက်လမှာ ကျနော်တို့ ကားဝယ်တော့မယ်
.
(2.1.2) What are you going to have for lunch today?
ဒီနေ့ နေ့လည်စာအတွက် ခင်ဗျားက ဘာစားဖို့ ရည်ရွယ်ထားပါသလဲ
…………………………………….
(2.2) If you are making a future prediction based on evidence in the present situation, use 'going to'.
လေလောဆယ်မှာ ရှိနေတဲ့ အထောက်အထားပေါ်မှာ မူတည်ပြီး ကြိုတင်ခန့်မှန်းတဲ့အခါ going to ကိုသုံးပါ
…….
(2.2.1) Not a cloud in the sky. It's going to be another warm day.
ကောင်းကင်မှာ တိမ်တစ်မျှင်မှမရှိဘူး ၊ ဒီနေ့လည်း (မိုးမရွာလို့) နွေးထွေးတဲ့ အခြားနေ့တစ်နေ့ ဖြစ်ဦးမှာပါပဲ
.
(2.2.3) The traffic is terrible. We're going to miss our flight.
မီးပွိုင်က (ကားတွေပိတ်နေလို့) ဆိုးဝါးလိုက်တာ ၊ ကျနော်တို့ လေယာဉ်ခရီးစဉ် လွတ်သွားတော့မှာပါပဲ
….
(2.3) At the moment of making a decision, use 'will'. Once you have made the decision, talk about it using 'going to'.
ဆုံးဖြတ်ချက်ပြုလုပ်နေဆဲမှာ ပြောလျင် will ကိုသုံးပါ ၊ ကြိုတင်ဆုံးဖြတ်ထားပြီးသားအတွက် going to ကိုသုံးပါ
..
(2.3.1) I'll call Jenny to let her know. Sarah, I need Jenny's number. I'm going to call her about the meeting.
ကျနော်က ဂျင်းနီကိုအသိပေးဖို့ ဖုန်းခေါ်ပါမယ် ၊ ဆာရာရေ.. ဂျင်းနီဖုန်းနံပါတ်လိုတယ် (ပေးပါဦး) ၊ ကျနော်သူမဆီကို အစည်းအဝေးကိစ္စအတွက် ဖုန်းခေါ်မလို့ပါ
( အစည်းအဝေးနဲ့ ပတ်သက်ပြီး လိုတဲ့သူတွေဆီ ဖုန်းဆက် ပြောဆိုရမယ်ဆိုတာက ကြိုတင်ဆုံးဖြတ်ချက် ရှိပြီးသားမို့ going to သုံးထားတယ် ၊ ဂျင်းနီကိုဖုန်းခေါ်ဖို့က ခုမှဆုံးဖြတ်လိုက်တာကြောင့် will သုံးတာ)
.
(2.3.2) I'll come and have a drink with you but I must let Harry know. Harry, I'm going to have a drink with Simon.
ကျနော်လာပြီး ခင်ဗျားနဲ့ အတူတူသောက်ပါမယ် ဒါပေမယ့် ကျနော် ဟယ်ရီကို အသိပေးရမယ် ။ ဟယ်ရီရေ ကိုယ်တော့ ဆိုင်မွန်နဲ့ အတူတူသောက်မလို့ ။
(ကျနော်နဲ့ youနဲ့ အတူတူသောက်ဖို့ စကားပြောနေတုန်းမှာပဲ အတူတူ သောက်ဖို့ ဆုံးဖြတ်လိုက်တာ အဲဒါကြောင့် will သုံးထားတယ် ၊ ဟယ်ရီကို ဖုန်းဆက်တဲ့အချိန်မှာ အတူတူသောက်ဖို့က ရှေ့မှာဆုံးဖြတ်ပြီးသွားပြီ ဒါကြောင့် going to သုံးပါတယ်)
…………………………………………………….
(2.4) “going to” is often used in the past tense to talk about an unfulfilled intention.
*** ကျနော်တို့ သတိထားရမှာက going to ကိုမြင်တာနဲ့ future လို့ အစွဲမထားဖို့ပဲ ၊ going to ဟာ past tense အတွက်လည်း “မဖြစ်မြောက်ခဲ့တဲ့ ရည်ရွယ်ချက်အတွက်” သုံးနိုင်တယ်ဆိုတာကို သတိရပါ .. ရှေ့က V-be ကိုpast tense form ဖြစ်နေလားဆိုတာ သတိထားလိုက်ပါ.
……
(2.4.1) I was going to study English for my entrance exam, but I had no time.
ကျနော်ရဲ့ ၀င်ခွင့်စာမေးပွဲ အတွက် အင်္ဂလိပ်စာကို လေ့လာခဲ့တော့မလို့ပါ ဒါပေမယ့် ကျနော့်မှာ အချိန်မရှိခဲ့ပါဘူး
.
(2.4.2) He was going to call you, but he couldn't find his mobile phone.
သူက ကျနော်ဆီကို ဖုန်းခေါ်ခဲ့တော့မလို့ပါ ဒါပေမယ့် သူ့လက်ကိုင်ဖုန်း ကိုရှာမတွေ့နိုင်ခဲ့ပါဘူး
……………………….
Note:
အထောက်အထားမပါ ခန့်မှန်းတာ will သုံးပါ
အထောက်အထားရှိစွာ ခန့်မှန်းတာ going to သုံးပါ
ပြောနေစဉ်မှာ ဆုံးဖြတ်တာ will သုံးပါ
ကြိုတင်ဆုံးဖြတ်ပြီးတာ going to သုံးပါ
အကြံပြုညှိနှိုင်းတာ ၊ ညွှန်ကြားပြောဆိုတာ shall ကိုသုံးဖြစ်အောင်သုံးပါ
Going to ဟာ past tense အတွက်လည်း သုံးနိုင်တာကို သတိထားပါ
……………………………..
Future နဲ့ ပတ်သက်တာတွေ အများကြီး ဆက်ရေးပါမယ် ၊ ရှိပါသေးတယ် ..
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu