Ad Code

Responsive Advertisement

Uses of like in questions (မေးခွန်းများတွင် like ကို သုံးစွဲနည်းများ) by Sayar WinNaingOo

Win Naing Oo's photo.
Uses of like in questions (မေးခွန်းများတွင် like ကို သုံးစွဲနည်းများ)
…………………………………….
မေးခွန်းတွေ မေးဖို့ like ကို မေးနည်းမျိုးစုံမှာ အသုံးပြုပါတယ် (The word “like” is used in different ways to ask questions.)
ခွဲခြားပြီး သိနိုင်ဖို့ တင်ဆက်လိုက်ပါတယ် .. sunglasses emoticon
……………………………………………….
(1) Like ကို ပင်ကိုအရည်အသွေး ၊ မူလ သဘောသဘာဝတို့ကို မေးမြန်းဖို့ သုံးနိုင်ပါတယ်
( Like can be used to ask about personality or the characteristics of something )
…………….
(1.1) What's your friend like? He's nice.
ခင်ဗျားသူငယ်ချင်းက ဘယ်လိုမျိုးလဲ ။ သူက သိပ်ကောင်းပါတယ် ။
(1.2) What was the weather like? It was sunny.
ရာသီဥတုက ဘယ်လိုမျိုး ရှိခဲ့ပါလိမ့် ။ နေသာခဲ့ပါတယ်
.
အထက်က နမူနာဝါကျများမှာ like ကို ၀ိဘတ် (preposition) အဖြစ်သုံးထားတာဖြစ်ပါတယ် (Like in the above examples is used as a preposition.)
………………………………………………..
(2) Like ကို ရုပ်ပိုင်းဆိုင်ရာ မြင်ရတဲ့ အသွင်အပြင် (သို့) ဆင်တူမှု တို့ကို မေးတဲ့ မေးခွန်းများမှာ အသုံးပြု နိုင်ပါတယ် (Like can be used in questions to ask about physical appearance or resemblance.)
…………
(2.1) What does she look like? She is beautiful. She has brown eyes and short black hair.
သူမက ဘယ်လိုပုံပန်းလဲ(ရုပ်သွင်လဲ) ။ သူမက လှတယ် ၊ အညိုရောင် မျက်လုံးတွေနဲ့ အနက်ရောင် ဆံပင်တို ရှိတယ် ။
(2.2) Who does she look like? She looks like her grandmother.
သူမက ဘယ်လိုပုံပန်းလဲ ။ သူမအဖွားနဲ့ ဆင်တူတယ် ။
(2.3) Who do you look like? I look just like my father.
ခင်ဗျားက ဘယ်လိုပုံပန်းလဲ ၊ ကျနော့်အဖေနဲ့ တထေရာတည်းတူပါတယ်
(just(adv) : ကွက်တိ)
( adv ဖြစ်တဲ့ just ဟာ look နဲ့ like ရဲ့ ကြားမှာရှိနေတာကို သတိပြုမှတ်သားလိုက်ပါ)
.
အထက်က မေးခွန်းများမှာ like ကို preposition အဖြစ်သုံးထားတာဖြစ်ပါတယ် (Like in the above questions is used as a preposition.)
…………………………………………………………
(3) Like ကို ကြိုက်နှစ်သက်တဲ့အရာ ၊ စိတ်ဝင်စားမှု တွေကို မေးဖို့ သုံးနိုင်ပါတယ်
Like can be used to ask about preferences.
……………….
(3.1) What would you like to eat? Hamburger, please.
ဘာသုံးဆောင်လိုပါသလဲခင်ဗျာ ။ ကျေးဇူးပြု၍ ဟမ်ဘာဂါ ပေးပါ ။
(3.2) What would you like to do next weekend? Go sightseeing.
နောက်သီတင်းပတ်ကုန်ရက်မှာ ဘာလုပ်လိုပါသလဲ ။ ရှုခင်းတွေကို လှည့်ပတ်ကြည့်ရှုတာ ။
.
ဒီမေးခွန်းများမှာ like ကို ကြိယာအဖြစ် သုံးပါတယ် (Like is used in these questions as a verb.)
…………………………………………………………
(4) ၀ါသနာများကို မေးဖို့ Like ကို အောက်မှာ ပြထားသလို သုံးပါတယ် ( To ask about hobbies, use like in questions as follows: )
…………………………………….
(4.1) What does he like doing? He likes singing.
သူက ဘာလုပ်ရတာကို ကြိုက်ပါသလဲ ။ သူက သီချင်းဆိုရတာကို ကြိုက်ပါတယ် ။
(4.2) What do you like doing? I like reading.
ခင်ဗျားက ဘာလုပ်ရတာကို ကြိုက်ပါသလဲ ။ ကျနော်က စာဖတ်ရတာကို ကြိုက်ပါတယ် ။
(like + V-ing ပုံစံကိုမှတ်ပါ)
.
ဒီဥပမာများမှာ Like ကို ကြိယာ အဖြစ်သုံးထားပါတယ် ( Like in these examples is used as a verb.)
…………………………………………………………..
ဒီလောက်ဆို like အတွက် အတော်လေးစုံသွားပါပြီ .. ကျန်တာတွေကို ဆက်လက်လေ့လာပါ
.....
ဝေါဟာရများ
…………….
Use (n) သုံးပုံသုံးနည်း
Personality (n) ပင်ကိုအရည်အသွေး
Characteristic (n) ထူးခြားသော မူလ သွင်ပြင် လက္ခဏာ
Appearance (n) မြင်ရတဲ့ အသွင်အပြင်
Sightseeing(n) ရှုခင်းများ လှည့်ပတ်ကြည့်ရှုခြင်း
Preferences (n) စိတ်ဝင်စားမှု ၊ ကြိုက်နှစ်သက်မှု ၊ ဦးစားပေးမှု
Resemblance (n) ဆင်တူမှု
………..
ကျန်စာလုံးများ မသိပါက dictionary မှာကြည့်လိုက်ကြပါ
.
မေတ္တာဖြင့် heart emoticon


ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu