Tuesday, July 28, 2015

Wait ကို ဘယ်လိုတွေ သုံးရမလဲ

Win Naing Oo's photo.

Wait ကို ဘယ်လိုတွေ သုံးရမလဲ
.........................................
(1) wait နောက်မှာ infinitive ပုံစံလိုက်လို့ရပါတယ်
.
I can’t WAIT TO SEE you. I want to get to know each other a little first.
ကျနော် ခင်ဗျားနဲ့တွေ့ဖို့အထိ မစောင့်နိုင်ပါဘူး ၊ ပထမဆုံး တစ်ယောက်အကြောင်းတစ်ယောက် နည်းနည်းတော့ သိချင်ပါတယ် ..
..........................
(2) Direct Object ရှိလျှင် သူ့ရှေ့မှာ for ထည့်ပေးရပါတယ်
.
Please WAIT FOR ME here.
ကျေးဇူးပြု၍ ကျနော့်ကို ဒီနေရာမှာ စောင့်ပါ
..............................
(3) wait နောက်မှာ that clause မလိုက်ပါ
.
We have to wait that the photos are ready. လို့ မသုံးပါဘူး
.
Object + infinitive ပုံစံပဲ လိုက်ပါတယ်
.
We have to wait for the photos to be ready.
ကျနော်တို့ ဓါတ်ပုံတွေ အဆင်သင့် ဖြစ်ဖို့ စောင့်ဆိုင်းရပါတယ်
........................
(4) proposition ဖြစ်တဲ့ for ကိုချန်ထားပြီး သုံးတာတွေလည်း တွေ့နိုင်ပါတယ်
..
I waited (for) a very long time for her answer.
ကျနော် သူမဆီက အဖြေရဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပါတယ်
...........................
(5) Formal (ပုံစံကျ) အခန့်သုံး တွေမှာ await ( စောင့်မျှော်သည် ၊ ကြိုလင့်သည် ) ကို abstract objects လို့ခေါ်တဲ့ ထိလို့ကိုင်လို့မရတဲ့ စိတ်နဲ့သာသိတဲ့ ကံပုဒ်များနဲ့တွဲပြီး သုံးပါတယ်.
.
We are still awaiting instructions.
ကျနော်တို့ ညွှန်ကြားချက်တွေကို စောင့်မျှော်နေဆဲပါ ။
အဲဒီမှာ ညွှန်ကြားချက် ဆိုတာ ဘယ်လိုနာမ်လဲ စဉ်းစားပါ ၊ သူက ထိလို့ ကိုင်လို့ ရတဲ့အရာဝတ္ထု မဟုတ်ဘူး ၊ စိတ်နဲ့ သိရတဲ့ အရာမဟုတ်လား ၊ အဲလို ကံပုဒ်ကို Abstract object လို့ ခေါ်တာ ဖြစ်ပါတယ် ။
.
Ref : Topic (612) of Oxford Practical English Usage (Michael Swan)
..............................
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ (ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

0 comments:

Post a Comment