Ad Code

Responsive Advertisement

Will တစ်လုံး အသုံးအထွေထွေ by Sayar WinNaingOo

Win Naing Oo's photo.

Will တစ်လုံး အသုံးအထွေထွေ
……………………………………..
Will ကို အနာဂတ်ကာလ ( future tense ) ကိုဖေါ်ပြဖို့အတွက် သုံးတယ်လို့ အကြမ်းအားဖြင့် မှတ်သားထားတတ်ကြပါတယ် ၊ သို့သော်လည်း အဲဒီထက် ပိုပြီးတော့ သုံးနိုင်တဲ့ သုံးစွဲပုံလေးတွေကို တင်ပြလိုက်ပါတယ်..
.
(1) When we make predictions:
ခန်မှန်းပြောဆိုရာမှာ ၊ ကြိုတင်ပြီး ဟောကိန်းထုတ်တဲ့ သဘောမျိုး ပြောဆိုရာမှာ သုံးနိုင်ပါတယ်
(1.1) It will rain tomorrow. မနက်ဖန်မှာ မိုးရွာမယ်
(1.2) I think Brazil will win the World Cup.ဘရာဇီးဟာ ကမ္ဘာဖလားရလိမ့်မယ်လို့ ကျနော်ထင်တယ်
(1.3) He will be successful one day. တစ်နေ့မှာ သူအောင်မြင်လိမ့်မယ်
…………….
(2) To mean want to or be willing to:
အလိုရှိတာ ဆန္ဒပြုတာတွေကို ဖေါ်ပြဖို့အတွက် သုံးနိုင်ပါတယ်
(2.1) I hope you will come to my party. ငါ့ရဲ့ ပါတီပွဲကို မင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်
(2.2) Sit here if you will. သင်ဆန္ဒရှိလျှင် ဒီမှာထိုင်ပါ
…………….
(3) To make offers :
ကမ်းလှမ်းချက်များပြုလုပ်ဖို့ သုံးနိုင်ပါတယ်
(3.1) I will see you tomorrow. ကျနော် ခင်ဗျားကို မနက်ဖန်မှာတွေ့မယ်
……………………
(4) To make promises :
ကတိများပေးဖို့ သုံးနိုင်ပါတယ်
(4.1) We'll send you an email. ကျနော်တို့ ခင်ဗျားဆီကို email တစ်စောင် ပို့လိုက်ပါမယ်
(4.2) I'll pay you back tomorrow. မနက်ဖန်မှာ ကျနော်ပြန်ပေးပါ့မယ်
……………..
(5) To make requests :
မေတ္တာရပ်ခံချက်များ ပြုလုပ်ဖို့ သုံးနိုင်ပါတယ်
(5.1) Will you give me a hand? (give me a hand = help me) ခင်ဗျား ကျနော့်ကို ကူညီနိုင်ပါမလား
(5.2) Will you tell Tony I called? တိုနီကို ကျနော်က ဖုန်းခေါ်တယ်လို့ ခင်ဗျား ပြောပေးနိုင်ပါမလား
(Will အစား would ကိုလည်း ပိုပြီး ယဉ်ကျေးတဲ့ပုံစံအတွက် သုံးနိုင်ပါတယ်)
…………………
(6) To make invitations..
ဖိတ်ကြားချက်များပြုလုပ်ဖို့ သုံးနိုင်ပါတယ်
(6.1) Will you please take a seat? ကျေးဇူးပြု၍ ထိုင်ပါ
(6.2) Will you have another cup of coffee? ကော်ဖီနောက်တစ်ခွက် သောက်ပါဦးလား
(Will အစား would ကိုလည်း ပိုပြီး ယဉ်ကျေးတဲ့ပုံစံအတွက် သုံးနိုင်ပါတယ်)
…………………
(7) To make offers :
ကမ်းလှမ်းချက်များ ပြုလုပ်ဖို့ သုံးနိုင်ပါတယ်
(7.1) I'll help you. ကျနော်ခင်ဗျားကို ကူညီပါ့မယ်
(7.1) I'll carry that for you. ကျနော်ခင်ဗျားအတွက် ဒါကို သယ်ပေးပါမယ်
…………………
(8) We use 'will' for habit.
အလေ့အကျင့်ကို ဖေါ်ပြဖို့ သုံးနိုင်ပါတယ်
(8.1) A cat will always find a warm place to sleep. ကြောင်တစ်ကောင်ကတော့ အိပ်ဖို့အတွက် နွေးထွေးတဲ့ နေရာတစ်ခုကို အမြဲတန်း ရှာဖွေနေပါလိမ့်မယ်
(8.2) They will talk for hours. သူတို့ စကားတွေ နာရီပေါင်းများစွာ ပြောကြလိမ့်မယ် (ဒီလူတွေရဲ့ အလေ့အကျင့်ကို သိနေလို့ ပြောသလိုမျိုး)
…………………
(9) To make threats:
ခြိမ်းခြောက်မှုတွေ ပြုလုပ်ဖို့ သုံးနိုင်ပါတယ်
(9.1) If you cheat again, I'll call the police. မင်းထပ်ပြီးလိမ်ညာလျင် ငါရဲကိုခေါ်လိုက်မယ် ( ဖုန်းဆက်လိုက်မယ်)
………………
(10) To express possibilities :
ဖြစ်နိုင်ခြေတွေ ဖေါ်ပြဖို့ သုံးနိုင်ပါတယ်
(10) This drawer won't open. ဒီအံဆွဲက ပွင့်မှာ မဟုတ်ဘူး
……………………..
(11) To indicate likelihood or certainty:
ဖြစ်နိုင်ခြေနဲ့ သေချာမှုတို့ကို ဖေါ်ပြရာမှာ သုံးနိုင်ပါတယ်
(11.1) You will regret this later. ဒါကို နောက်မှာ မင်းနောင်တ ရလိမ့်မယ်
…………………..
(12) To indicate ability:
စွမ်းရည် ကိုဖေါ်ပြဖို့ သုံးနိုင်ပါတယ်
(12.1) This metal will not crack under heavy pressure. ဒီသတ္တုက ဖိအားအများကြီးခံနိုင်တယ် မအက်ဘူး
.............................
(13) To express capacity or capability:
ဝင်တဲ့ ဆန့်တဲ့ ပမာဏ ၊ လုပ်နိုင်စွမ်း စတာတွေကို ဖေါ်ပြဖို့ သုံးနိုင်ပါတယ်
(13.1) This bucket will hold two gallons of water. ဒီပုံးဟာ ရေ နှစ်ဂါလံ ဆန့်ပါတယ် ( ထည့်လို့ရပါတယ်)
(13.2) This airplane will take 200 passengers. ဒီလေယာဉ်က ခရီးသည် 200 ကို တင်ဆောင်နိုင်ပါတယ်
( will အစား can ကိုလည်း အသုံးပြုနိုင်ပါတယ်)
……………………
(14) We use 'will' for deduction.
ကောက်ချက်ဆွဲ (ထုတ်ယူဆင်ခြင်) ရာမှာ သုံးနိုင်ပါတယ်
(14.1) The phone's ringing. That will be Ma Ma. တယ်လီဖုန်း မြည်နေတယ် ၊ အဲဒါ မမ ပဲ ဖြစ်ရမယ် ။
……………….
(15) To talk about the future :
အနာဂတ်ကာလနဲ့ ပတ်သက်ပြီး ပြောဖို့အတွက် သုံးနိုင်ပါတယ်
We can often use "will" + infinitive without "to" to refer to future events. This is often called the "pure" future:
(15.1) I'm busy right now – I'll call you tomorrow. ကျနော်အခု အလုပ်များနေတယ် ၊ မနက်ဖန်မှာ ဖုန်းခေါ်လိုက်ပါမယ်
………………..
(16) We often use 'will' with 'I think' or 'I hope'.
I think (သို့) I hope တို့နဲ့ မကြာခဏ တွဲသုံးတတ်ပါတယ်
(16.1) I think she'll do well in the job. အလုပ်မှာ သူမ ကောင်းကောင်းလုပ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်
(16.2) I hope you'll enjoy your stay. ခင်ဗျား ဒီမှာနေရတာ ပျော်ရွှင်ကျေနပ် လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်
..................................
(17) To make an immediate decision: We use 'will' at the moment we make a new decision or plan. The thought has just come into our head.
ချက်ချင်း ဆုံးဖြတ်ချက် ချတာတွေကို ဖေါ်ပြဖို့ သုံးနိုင်ပါတယ် ၊ ကြိုတင်ဆုံးဖြတ် စဉ်းစားထားတာမျိုး မဟုတ်ပဲ ပြောဆိုနေဆဲကာလမှာ ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်မျိုးတွေအတွက် သုံးနိုင်ပါတယ်
(17.1) Bye. I'll phone you when I get there. ဘိုင်..(သွားတော့မယ်).ဟိုရောက်ရင် ငါ မင်းဆီကို ဖုန်းပြန်ဆက်လိုက်မယ်
(17.2) I know now. I won't tell him. I promise. ငါအခုသိပြီ ၊ သူ့ကို ပြန်ပြောမှာ မဟုတ်ပါဘူး ၊ ငါကတိပေးပါတယ်
(မှတ်ချက် : ကြိုတင်စဉ်းစား ဆုံးဖြတ်ထားသော ကိစ္စများကိုတော့ will အစား going to ကို သုံးနိုင်ပါတယ်)
…………………………
(18) When the main verb is be, we can use the future simple tense even if we have a firm plan or decision before speaking.
Will ရဲ့ နောက်က လိုက်လာမယ့် အဓိက ကြိယာဟာ “be” ဖြစ်နေလျင်တော့ ကြိုတင်စဉ်းစားထားသော ကိစ္စများ ဖြစ်နေစေကာမူ will ကိုသုံးနိုင်ပါတယ် ၊ အထက်က နံပါတ် (17) အတွက် ခြွင်းချက်လို ဖြစ်သွားပါလိမ့်မယ် ..
(18.1) I'll BE in London tomorrow. ကျနော် မနက်ဖန် လန်ဒန်မှာရှိမယ်
(18.2) I'm going shopping. I won't BE very long. ကျနော်ဈေးဝယ် shopping သွားမလို့ ၊ သိပ်ကြာမှာ မဟုတ်ပါဘူး
…………………………….
Will ကို auxiliary verb ( helping verb) အဖြစ်သုံးတဲ့ အထဲက သုံးစွဲပုံ အချို့ကိုသာ တင်ဆက်ခဲ့တာဖြစ်ပါတယ် ၊ အလွန်များပြား ရှုပ်ထွေးသွားနိုင်တဲ့အတွက် noun အဖြစ်သုံးစွဲပုံများကိုတော့ ချန်ထားခဲ့လိုက်ပါတယ် ။
မှတ်ချက်များ ၊ အကြံပြုချက်များ ၊ အမှားပြင်ပေးမှုများ အားလုံး အားလုံးကို ချစ်ခင်လေးစားစွာ လက်ခံပါမယ်ခင်ဗျား..
.
မေတ္တာဖြင့် 
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။ ( ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ)

Post a Comment

0 Comments

Close Menu