Ad Code

Responsive Advertisement

50 Common Grammar Mistakes in English (10)


Win Naing Oo's photo.
............................................
(46)
Wrong : I closed very quietly the door.
Right : I closed the door very quietly.
ကျနော်က တံခါးကို ညင်ညင်သာသာလေး ပိတ်ခဲ့ပါတယ်
.
Adverb ရဲ့ နေရာက မှားနေတာဖြစ်ပါတယ် ၊ quietly ဟာ manner adverb ( နည်းဟန်ပြကြိယာဝိသေသန) ဖြစ်ပါတယ် ၊ very က သူ့ကို degree မြင့်အောင် ထပ်ပြီး အထူးပြုထားတာ .. အားဖြည့်ထားတာ ဖြစ်ပါတယ် ။ verb နဲ့ object ကြားမှာ adverb ကို ထားလေ့မရှိတာကြောင့် ပထမ၀ါကျဟာမှားပါတယ်
ဒီလိုဖြစ်နေအတွက်မှားပါတယ် >> S + V + “A” + O
.
ဒုတိယ၀ါကျကတော့ Adv ကို ၀ါကျနောက်ဆုံးကို ပို့ထားတဲ့အတွက် မှန်ပါတယ်
ဒီလိုလေးက မှန်ပါတယ် >> S + V + O + “A”
..........................................
(47)
Wrong : You like dance with me?
Right : Would you like to dance with me?
ကျနော်နဲ့အတူ ကပါလား
.
ပထမ၀ါကျမှာက (၁) question mark ပါတဲ့အတွက်ကြောင့် ရှေ့ဆုံးမှာ Helping verb (အကူကြိယာ) တစ်ခုခု ဖြစ်စေ Wh. question word ( Wh ပါသော မေးခွန်းစာလုံး) ဖြစ်စေ တစ်ခုခုလိုနေတယ် ၊
(၂) ရည်ရွယ်ချက်ကိုပြဖို့ အတွက် to-infinitive ပုံစံဖြစ်ရမယ့်ဟာမှာ verb ရဲ့ ရှေ့က “to” ကျန်နေပါတယ် ။
.
ဒုတိယ၀ါကျကတော့ ရှေ့ဆုံးက မေးခွန်းဆိုလျှင် Do လို့လည်းရပါတယ် ၊ အဆိုပြုချက် အကြံပြုချက် အရိပ်အမြွက်ပြခြင်း ..စတဲ့ Suggestion ဖြစ်ဖို့အတွက် Would ထည့်လို့လည်းရပါတယ် .. Do ထည့်လျှင် ကျနော်နဲ့ကဖို့ ကြိုက်နှစ်သက်ပါသလား ၊ ကျနော်နဲ့ ကချင်ပါသလား ဆိုတော့ အပေါ်စီးဆန်နေလို့ အသုံးနဲပါတယ် ၊ ဒါကြောင့် အဆိုပြုတဲ့ ပုံစံလေးကပဲ သင့်တော်ပါတယ် .. သတိထားဖို့ကတော့ question mark ပါတိုင်း မေးခွန်းလို့ မယူဆပါနဲ့ ။ modal verb (can, could, ...ဘာညာတွေ) နဲ့ question mark တွဲသုံးတဲ့အခါ context စကားစပ် ၊ ဆက်စပ်စဉ်းစားရတဲ့ အကြောင်းအရာ အခြေအနေ တွေကို ထည့်သွင်းစဉ်းစားပါ ။
..........................................
(48)
Wrong : I go always to school by subway.
Right : I always go to school by subway..
.
always က frequency adverb (အကြိမ်ရေပြကြိယာဝိသသန) ဖြစ်ပါတယ် verb ရှေ့မှာထားရပါတယ် ၊ ဒါကြောင့် I always go ..ကမှန်ပါတယ် (always ကိုရေးတဲ့ခါ S မကျန်ခဲ့ဖို့ သတိရပါစေနော်)
......................................
(49)
Wrong : If I will be in London, I will contact to you.
Right : If I am in London, I will contact you.
ကျနော်လန်ဒန်မှာရှိနေလျှင် ခင်ဗျားဆီ ဆက်သွယ်ပါမယ်
.
ဒါကတော့ If pattern တွေထဲက first conditional အတိုင်းပဲ ဖြစ်ရမှာပါ
If + present simple, will + V1( base form of verb)
If အပိုင်းက အခြေအနေ condition တစ်ရပ်ကို ဖေါ်ပြမယ် ၊ ကျန်တဲ့အပိုင်းက ဖြစ်နိုင်ဖွယ် ရလဒ် (possible result) ကို ဖေါ်ပြပါမယ် ။
** အရေးကြီးတဲ့အချက်က တကယ်ဖြစ်နိုင်တဲ့ အခြေအနေတွေအတွက်ပဲ ဒီပုံစံကို သုံးရမှာဖြစ်ပါတယ်
** တိုးချဲ့မှတ်သားစေချင်တာက will နေရာမှာ would ကလွဲပြီး အခြား modal verb တွေ ၊ going to ကဲ့သို့သော future form တွေ လည်းသုံးလို့ရပါတယ် ၊ တွေ့လာလျှင် အတူတူပဲဆိုတာ သိစေချင်လို့ပါ
If it's sunny this afternoon, we CAN play football.
ဒီညနေမှာ နေသာလျှင် ကျနော်တို့ ဘောလုံးကစားလို့ရမယ်
.
နမူနာလေးတွေထည့်ပေးလိုက်ပါတယ်
If you ask George, he MIGHT BE ABLE TO help you.
If he doesn't come soon, we HAVE TO leave without him.
If you ever go to Chicago, you SHOULD take a boat trip on the river.
If you don't watch your steps, you ARE GOING TO fall over.
..................................
(50)
Wrong : We drive usually to home.
Right : We usually drive home.
ကျနော်တို့ အိမ်ကို ကားမောင်းပြီး ပြန်နေကျပါ
.
ဒီမှာလည်း usually က frequency adverb ပါပဲ ၊ ဒါကြောင့် verb ရှေ့မှာထားရပါတယ်
......
ဒါလေး စဉ်းစားကြည့်မလား ။ တိုတိုလေးပဲလေ..
.
Look, it rains.
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

Post a Comment

0 Comments

Close Menu