Ad Code

Responsive Advertisement

All ကိုကြိယာတွေနဲ့ တွဲရေးတဲ့အခါ သတိထားပါ


Win Naing Oo's photo.
All ကိုကြိယာတွေနဲ့ တွဲရေးတဲ့အခါ သတိထားပါ
…………………………………………………..
ကျနော့်ကိုယ်ပိုင် အမှားတွေကို ပြောပြရလျှင်တော့ .. ကျနော်လေ တော်တော်တန်တန် အင်္ဂလိပ်စာကို လေ့လာမိသည်ထိ all ကိုသုံးစွဲပုံ မကြာခဏ မှားနေဆဲပါ ၊ ခုကျ.. ကျနော်မှားခဲ့သလို ကျနော့်သူငယ်ချင်း မိတ်ဆွေတွေကို မမှားစေချင်တော့ဘူး အဲဒါကြောင့်ပဲ မမှားအောင် မှတ်တဲ့နည်းကိုပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ် ၊ အဲလိုဆိုတော့လည်း ကျနော်က ချစ်ဖို့ ကောင်းသွားရော မဟုတ်ပါလားဗျာ.. smile emoticon
.
နမူနာဝါကျ တိုတိုလေးတစ်ကြောင်းလောက် ရေးကြည့်ပြီး ပြောမှ ပိုပြီး ဟန်ကျမယ်လို့ ထင်တယ်..
“ကျနော်တို့အားလုံး လေ့လာသူတွေပါ” .. ဒီစာကြောင်းလေးကို အင်္ဂလိပ်လိုရေးကြည့်မယ်ဆိုလျင်
We all are learners. လို့ ဖြစ်မယ် ဆိုပါစို့ .. ဒီဝါကျ မှန်ပါ့မလား
မှန်တယ်လို့ထင်လျင် မှားပါတယ် ၊ မှားတယ်လို့ ထင်လျင် မှန်ပါတယ် ခင်ဗျာ
အကြောင်းကတော့ all သုံးစွဲပုံ နေရာလွဲနေတဲ့အတွက် ဒီဝါကျဟာ မှားပါတယ် ၊ ဒီလိုမျိုး ခင်ဆင်ဆင် မှားနည်းမျိုးတွေနဲ့ ကျနော်တို့ တော်တော်ပဲ မှားတတ်ကြပါတယ် .. အဲဒါကို လွယ်လွယ်လေးနဲ့ မမှားအောင်သုံးနိုင်ဖို့ မှတ်လိုက်ပါ ၊ နောက်ဆုံးမှာ အချက်တစ်ခုတည်းပဲ စူးစိုက်ပြီး မှတ်ရမှာပါ
.
** All ကို Subject ကိုယ်စားပြုဖို့အတွက် သုံးတဲ့အခါ verb တွေနဲ့ ယှဉ်တွဲပြီး သုံးရတတ်ပါတယ် ..
…………………………………………………..
(1) ယှဉ်တွဲရတဲ့ Helping verb (Auxiliary verb) အကူကြိယာတွေနဲ့ တွဲတဲ့အခါ all ဟာ နောက်ကလိုက်ရပါတယ် (အရေးကြီးပါတယ်)
……………………………………………………
Helping verb တွေကတော့
.
(1.1) Verb to be >> is, am, are, was, were, be, being, been
(1.2) Verb to do >> do, does, did
(1.3) Verb to have >> has, have, had
(1.4) Model verbs >> can, could, will, would, shall, should, may, might, must
.
တို့ ဖြစ်ပါတယ် ၊ စုစုပေါင်း ၂၃ လုံးရှိပါတယ် ၊ ဥပမာတွေ ကြည့်လိုက်ပါ ရှင်းသွားမှာပါ
.
Eg (1) : We /are/ all/ learners. (are ရဲ့နောက်က)
ကျနော်တို့အားလုံး လေ့လာသူတွေပါ (အထက်က နမူနာဝါကျ ဒီမှာ မှန်သွားပြီ)
.
Eg (2) : we /do/ all/ come from the same mother Eve. ( do ရဲ့နောက်က)
ကျနော်တို့အားလုံးဟာ အမေ ဧ၀ တစ်ယောက်တည်း ကနေ ဆင်းသက်လာကြတာပါ ..
( do က come ကို လေးနက်အောင် အသေအချာလာတယ် ဆိုတဲ့သဘောဖြစ်စေဖို့ ဖြည့်ထားတာပါ)
.
Eg (3) : We /have/ all/ finished our work. (have ရဲ့နောက်က)
ကျနော်တို့ အားလုံး အလုပ်တွေပြီးကြပါပြီ
.
Eg (4): We /can/ all/ swim. (can ရဲ့နောက်က)
ကျနော်တို့ အားလုံး ရေကူးတတ်တယ်
…………………
(2) Go, eat, come,.. စတဲ့ ရိုးရိုးကြိယာတွေနဲ့ တွဲတဲ့ အခါမှာတော့ all ဟာ ရှေ့ကသွားပါတယ် ၊ ဒါကတော့ ပုံမှန်ဖြစ်ပြီး မှားလေ့မရှိပါဘူး
.
They /all/ came/ here. (came ရဲ့ရှေ့က)
သူတို့အားလုံးဒီကိုလာခဲ့ကြပါတယ် ..
………………………
အနှစ်ချုပ်လေးမှတ်မယ်ဆိုလျင် “all ဟာ အကူကြိယာများရဲ့ နောက်ကလိုက်ပြီး ၊ ပုံမှန်ကြိယာများရဲ့ ရှေ့ကသွားပါတယ်” .. လို့ မှတ်လိုက်ပါ
..
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ မှားတတ်ကြတာကိုတွေ့ပါလိမ့်မယ် ၊ တချို့က မှားနေတာကိုတောင် မသိပါဘူး ၊ ကျနော်တို့ မမှားတော့ဘူးဆိုလျင် ကျေနပ်ပျော်ရွှင်လိုက်ပါ ..
.
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu