Monday, October 26, 2015

မန်မာ ရွေးကောက်ပွဲ ကော်မရှင်ကို သြစတြေးလျက ဒေါ်လာ ၄ သန်းကူညီ



မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သြစတြေးလျ နိုင်ငံက ဒေါ်လာ ၄ သန်း တိုက်ရိုက် မဟုတ်တဲ့ အကူအညီတွေ ပေးနေ တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဌာနက အက်စ်ဘီအက်စ် သတင်းကို အတည်ပြု ပြောပါတယ်။

မြန်မာရွေးကောက်ပွဲကော်မရှင်ရဲ့ စွမ်းဆောင်ရည်မြှင့်တင်ကူညီပေးဖို့ နိုင်ငံတကာေ၇ွးကောက်ပွဲ စနစ်များ ဆိုင်ရာ ဖောင်ဒေးရှင်းအဖွဲ့ကနေတဆင့် ဒေါ်လာ ၄ သန်း ထောက်ပံ့ပေးအပ်တာဖြစ်ပြီး ဒီထဲမှာ မဲရုံ အမှုထမ်းတွေကို လေ့ကျင့်သင်တန်းပေးဖို့ ဒေါ်လာ ၁သန်း ပါဝင်တယ်လို့ လည်းဆိုပါတယ်။

သြစတြေးလျနိုင်ငံဟာ လာမယ့်နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် မြန်မာရွေးကောက်ပွဲ အတွက် ရန်ပုံငွေထည့်ဝင်ကူညီပေးနေပေမယ့် လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေဖို့ အပြည့် အ၀ ဆောင်ရွက်ပေးတာမရှိဘူးလို့ အတိုက်အခံတက်ကြွလှုပ်ရှားသူတွေက သတင်းမှာ ပြောကြားထားပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118388
အဆင်ပြေပါစေ

ကျိုက္ခမီသား လင်းနိုင်ဦး

0 comments:

Post a Comment