Ad Code

Responsive Advertisement

ဝါကျရေးတဲ့အခါ လိုက်ဖက်ညီမှုရှိဖို့ သတိထားပါ (၃)


Win Naing Oo's photo.
...............................................................
ရှေ့မှာ ကျနော်ရေးခဲ့တာတွေက သိဖို့ (to know) တွေ ဖြစ်ပြီး အခု ဆက်ပြီးရေးမှာကတော့ လုပ်ဖို့ ( to do ) တွေ ဖြစ်ပါတယ် ၊ parallel ဖြစ်အောင် ဘယ်လိုလွယ်လွယ် လုပ်လို့ရမလဲ ဆိုတဲ့ အချက်လေးတွေကို ထုတ်နှုတ်တင်ဆက်မှာ ဖြစ်ပါတယ် ၊ ကျနော်ရဲ့ကိုယ်ပိုင် ဆန်းစစ်ထုတ်နှုတ်ချက်လေးတွေ ဖြစ်လို့ အားလုံးကို ခြုံငုံမိဖို့တော့ မလွယ်ပါဘူး ၊ “ကျနော်ဆိုလျင် ဒီလိုလုပ်ပါမယ်” ဆိုတာမျိုးကို မျှဝေလိုက်တဲ့သဘောပါခင်ဗျာ.. နမူနာလေးတွေနဲ့ ကောက်ချက်ဆွဲ ကြည့်ကြပါစို့လား
(1.0) လိုအပ်လျင် ၀ါကျထဲက element တွေကို နေရာရွှေ့ပေးရပါမယ်
(1.1) We not only ate pizza, but also pasta. (wrong: V + N, N)
.
(1.2) We ATE not only pizza, but also pasta. (correct: N, N) ( ပိုနေတဲ့ ate (V) တစ်လုံးကို not only ရှေ့ ပို့လိုက်ပါတယ်)
……………………………………………………………………………..
(2.0) လိုအပ်လျင် ၀ါကျထဲက element တွေကို ဖြုတ်ပစ်နိုင်ပါတယ်
.
(2.1) She cleaned the kitchen, the bathroom, and DUSTED the living room. (wrong: N, N, V + N)
.
(2.2) She cleaned the kitchen, the bathroom, and the living room. (correct: N, N, N) ( dusted (V) တစ်လုံးပိုနေတာကို ဖြုတ်လိုက်ပါတယ်)
…………………………………………………………………………………………….
(3) လိုအပ်လျင် ၀ါကျထဲကို element တွေ အသစ်ထပ်ဖြည့်နိုင်ပါတယ်
.
(3.1) The child both wanted to ride the roller coaster and ice cream. (wrong: V + Infinitive + N, N)
.
(3.2) The child WANTED both to ride the roller coaster and ice cream. (wrong: Infinitive + N, N)
( wanted (V) တစ်လုံးကို ရှေ့ပို့လိုက်ပါတယ် ၊ ညီသွားပြီလား.. မညီသေးပါဘူး )
.
(3.3) The child wanted both to ride the roller coaster and TO EAT ice cream. (correct: Infinitive + N, Infinitive + N)
( ice cream ရဲ့ရှေ့မှာ infinitive ( to+V1) ဖြစ်တဲ့ to eat ထပ်ဖြည့်လိုက်ပါတယ် ၊ ညီသွားပါပြီ )
……………………………………………………………………………………….
(4) Active voice, Passive voice စသည်ဖြင့် voice တူအောင် ပြောင်းပေးဖို့လိုပါတယ် ၊
.
(4.1) I wrote the report, called the client, and THE STOREROOM WAS ORGANIZED. (wrong: V + N, V+ N, N + V)
.
(4.2) I wrote the report, called the client, and ORGANIZED THE STOREROOM. (correct: V + N, V + N, V + N)
(ဒီစာကြောင်းမှာ organize ဆိုတာက အစီအစဉ်ကျအောင် လုပ်တာကို ပြောတာဖြစ်ပါတယ်)
…………………………………………………………………………………………….
(5) Formal, informal, speaking စသည်ဖြင့် style ပြောင်းပြီးရေးလို့လည်း ရတယ်လို့ သိရပါတယ် parallel ဖြစ်တာပါပဲ
.
(5.1) They ate neither the apples nor the oranges. (correct, used in formal writing)
.
(5.2) They didn’t eat either the apples or the oranges. (correct, more common in informal writing and speaking)
.
(5.3) They didn’t eat the apples or the oranges. (correct, the most common in speaking)
…………………………………………………………………………………………..
(6) Case တွေပါလာလျင် တူအောင်ပြောင်းပေးရပါမယ်
.
(6.1) My friends never judge me by MY WORDS or WHAT I DID. ( my words က possessive case ဖြစ်နေပါတယ် )
.
(6.2) My friends never judge me by MY WORDS or MY ACTIONS. ( what I did ကို my actions နဲ့လဲလှယ်လိုက်ပါတယ် ၊ ညီသွားပါပြီ )
…………………………………………………………………………………………….
(7) Tense တွေကိုတော့ လုံးဝကွက်တိ တူစရာမလိုပဲ ၊ ဆက်စပ်မှုရှိနေလျင်ရပါတယ်
.
(7.1) He is gambling with his health, FOR he has been smoking far too long.
( ဒီမှာ Present continuous tense နဲ့ Present perfect continuous tense ကို ဆက်ထားပါတယ် )
……………………………………………………………………………………………..
(8) Correlative conjunction တွေထဲမှာ Not only ကို ရှေ့တင်ပြီး Not only.. but also နဲ့ ဆက်တဲ့အခါ Inversion လုပ်ပေးရပါမယ်
.
(8.1) Not only she will take a test, but she will also give a presentation. (wrong: no inversion)
.
(8.2) Not only will she take a test, but she will also give a presentation. (correct: inversion)
…………………………………………………………………………………………………
(9) Neither.. nor နဲ့ဆက်တဲ့နေရာမှာတော့ S+V အတွဲတွေဖြစ်တဲ့ clause တို့ sentence တို့ကို ဆက်တာ မတွေ့ရပါဘူး ၊ ဒါကြောင့်မို့ ရှေ့တင်ပြီး ဆက်တဲ့အခါမှာလည်း Inversion လုပ်စရာ မလိုဘူး ဖြစ်သွားပါတယ် ၊ Parallel structure မှာတော့ ပုံမှန်အတိုင်းပဲလို့ ဆိုနိုင်ပါတယ်
.
(9.1) Neither man nor woman has been to Mars. (Neither + noun, Nor + noun)
မှတ်ချက်.. ဘယ်ခါကျမှ inversion လုပ်စရာလိုသလဲဆိုတော့ ရှေ့မှာ negative sentence ရှိတာကို negative statement နဲ့ လိုက်ပြီးထောက်ခံတဲ့အခါမျိုးမှာပဲ လုပ်ပေးရပါတော့တယ် Neither သို့မဟုတ် nor ကို တစ်လုံးချင်းပဲ သုံးပါတယ် ၊ တွဲလျက်မသုံးတော့ပါဘူး ။
..
Eg: A. I don’t like onions.
B. Neither do I. (or) Nor do I.
အခုနောက်ဆုံးမှတ်ချက်ဟာ Parallelism နဲ့ မသက်ဆိုင်တော့ပါဘူး inversion ဖက်ကိုရောက်သွားပါပြီ.. အဲလိုပဲလေ.. ကျနော်က ဟိုရောက်ဒီရောက်
.
ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေဗျာ
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu