Sunday, October 18, 2015

(၁၀) မျိုး ပြည့်အောင် ရယ်ဖူးကြပါသလား


Win Naing Oo's photo.
(၁၀) မျိုး ပြည့်အောင် ရယ်ဖူးကြပါသလား
………………………………………
မေးခဲ့ဖူးတဲ့ Status တစ်ခုကို ပေးခဲ့ဖူးတဲ့ Comment လေးပါ ၊ အသေးလေးတွေကိုလည်း အရေးလုပ်ပြီး သေချာ ဖြေခဲ့လို့ပါ ၊ သိမ်းထားတာ ရှိနေတော့လည်း သိချင်သိရအောင်လို့ တင်ပေးလိုက်ခြင်း ဖြစ်ပါတယ် ..
.
(1) Laugh (v) ရယ်မောသည်
He is so funny, he always makes me laugh.
သူက သိပ်ရယ်စရာကောင်းတယ် ၊ သူက ကျနော့်ကို အမြဲတန်းပဲ ရယ်အောင် လုပ်တယ်
..
(2) Chuckle (v) တခစ်ခစ်ရယ်သည်
What are you chuckling about?
မင်းဘာကို တခစ်ခစ်ရယ်နေတာလဲ
...
(3) Giggle (v) တခစ်ခစ်ရယ်သည် ( ကလေးများကဲ့သို့)
Stop giggling children, this is a serious matter.
ရယ်နေတာကိုရပ်ကြပါကလေးတို့ ဒါက အရေးတယူ လုပ်ရမယ့် ကိစ္စတစ်ခုပါ
........
(4) Snigger (v) ငေါ့၍ရယ်သည် ၊ လှောင်ရယ်ရယ်သည်
What are you sniggering at?
မင်းဘာကို လှောင်ပြီးရယ်တာလဲကွ
...........
(5) Titter (v) ခပ်အုပ်အုပ်ရယ်သည်
Some people in the audience tittered during an awkward pause in the speech.
မိန့်ခွန်းပြောတဲ့အထဲမှာ အချိုးမကျပဲ ခေတ္တရပ်သွားတဲ့အခိုက် ပရိသတ်ထဲကလူတချို့ဟာ ခပ်အုပ်အုပ်ရယ်သံပြုကြတယ်
............
(6) Cackle (v) မနှစ်မြို့ဖွယ် အသံမျိုးစုံဖြင့် စူးစူးဝါးဝါးရယ်သည်
They cackled when they saw the movie star fell down from the steps.
နာမည်ကြီး သရုပ်ဆောင်က လှေခါးထစ်တွေကနေ လိမ့်ကျ(ခြေချော်ကျ)တော့ သူတို့တွေ စူးစူးဝါးဝါး အသံစုံလုပ်ပြီး အော်ကြရယ်ကြတယ်
.............
(7) Snicker (v) ကျိတ်ရယ်သည်
She knew the children were snickering behind her back.
ကလေးတွေက သူမနောက်ကွယ်မှာ ကျိတ်ပြီးရယ်နေကြလိမ့်မယ်လို့ သူမသိပါတယ်
...........
(8) Mock (v) ရယ်သွမ်းသွေးသည် ၊ သရော်သည်
Opposition leaders mocked the government’s decision.
အတိုက်အခံခေါင်းဆောင်တွေက အစိုးရရဲ့ ဆုံးဖြတ်ချက်ကို သရော်ကြတယ် ၊ ရယ်သွမ်းသွေးကြတယ်
The new constitution mocks all democratic principles.
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်က ဒီမိုကရေစီအခြေခံသဘောတရားတွေအားလုံးကို သရော်ထားတယ်
................
(9) Sneer(v) လှောင်ရယ်ရယ်သည် ၊ သရော်ပြုံး ပြုံးသည်
He always sneers at people less clever than he is.
သူကအမြဲတန်းပဲ သူ့ထက်ညံ့တဲ့သူကို လှောင်တတ်တယ်
..................
(10) Deride (v) ပျက်ရယ်ပြုသည်
They derided his efforts.
သူတို့က သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ပျက်ရယ်ပြုကြတယ်
………………..
(၁၀) လုံးပြည့်အောင် ရှာရေးမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တာကြောင့် တော်တော်ရှာလိုက်ရတယ်ဗျို့ ၊ တကယ်သိတာက သုံးလုံးလောက်ပါပဲ ။ ကျန်တာတွေကတော့ Dictionary တွေကနေ ရှာပြီး စုပေးလိုက်တာပါ ..
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

0 comments:

Post a Comment