Ad Code

Responsive Advertisement

ဝါကျရေးတဲ့အခါ လိုက်ဖက်ညီမှုရှိဖို့ သတိထားပါ ( ၁)


Win Naing Oo's photo.
…………………………………………………………
အရင်က တခြားအုပ်စုတစ်ခုမှာ Parallelism နဲ့ ပတ်သက်ပြီးဆွေးနွေးကြရာက ကျနော်ရေးတင်ဖူးတဲ့ Post လေးတစ်ခုပါ ၊ မြန်မာလို ဘယ်လိုဘာသာပြန်ရမလဲတော့ မသိပါဘူး ၊ ကျနော်ကတော့ လိုက်ဖက်ညီမှု လို့ကိုယ့်ဖာသာ မှတ်ထားပါတယ် ..
ကျနော်ကတော့ တစ်ခုခုကို ပထမဆုံး မှတ်သားတဲ့အခါမှာ ယေဘူယျ အနှစ်ချုပ် သဘောတရားလေးကို အရင်မှတ်ပါတယ် ၊ ပြီးတော့မှ အဆင်ပြေသလောက် တဖြည်းဖြည်း အသေးစိတ်ပိုင်းကို ဆက်ပြီး လိုက်ပါတယ် ၊ တကယ်တန်းမှာတော့ ဆက်မလိုက်နိုင်တာတွေကပဲ များပါတယ် ၊ "Jack of all trades, master of none" ဟိုဟာဒီဟာ အကုန်ပါ တစ်ခုမှ ကျွမ်းကျင်တာ.. မရှိပါ ၊ ဆိုသလိုပါပဲ .. ကျနော်ပေါ့လေ sunglasses emoticon
..
အခု Parallel structure နဲ့ပါတ်သက်ပြီး ကျနော်ယေဘူယျ မှတ်ထားတဲ့အချက်တွေကို တင်ဆက်ပါမယ်..
.
(၁) မည်သည့်ဝါကျအတွက်မဆို ၀ါကျထဲမှာ ပါဝင်တဲ့ element ( အခြေခံ အစိတ်အပိုင်းများ) ဟာ ပုံစံ (form) အားဖြင့်လည်းကောင်း လုပ်ဆောင်ချက် (function) အားဖြင့်လည်းကောင်း ညီညွတ် ( match ဖြစ်) နေရင် parallel ဖြစ်ပါတယ် ၊
.
ဝါကျထဲမှာရှိတဲ့ nouns, verbs, adjectives, adverbs, prepositional phrases, subjects, predicates, subordinate clauses, independent clauses,...စတဲ့ အစိတ်အပိုင်းတွေဟာ ၊ noun အချင်းချင်း ၊ verb အချင်းချင်း ၊ adjective အချင်းချင်း ၊ …စသည်ဖြင့် လိုက်ဖက်ညီမျှရမယ်လို့ ဆိုလိုပါတယ် ၊ နမူနာဝါကျ လွယ်လွယ်လေးများကို တစ်ချက်ကြည့်လိုက်ပါ ၊ အားလုံး ဒါမျိုးချည်းပဲတော့ မဟုတ်ပါဘူး ၊ သိသာစေဖို့ နမူနာပြလိုက်တဲ့သဘောပါ
.
He sings, she dances, and everybody claps. ( independent clauses)
She takes good care of her house and of her car. ( prepositional phrases)
He won the lottery, quit his job, and bought presents for all his friends. (predicates)
He bought a car, a motorcycle, and a computer. (nouns)
The motorcycle is red, white, and blue. (adjectives)
Everybody wants to meet him, to talk to him, and to get some money from him. (infinitive phrases)
..
(၂) Parallel ဖြစ်တဲ့အခါ ၀ါကျဟာ လှပပါတယ် ၊ ဖတ်တဲ့အခါ ချောမွေ့ပါတယ် ၊ အဓိပ္ပါယ် ရှင်းလင်းပါတယ် ၊ ဒါကြောင့် Parallal structure ဟာ စာကောင်းပေမွန် ဖြစ်ဖို့အတွက် လိုအပ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်
..
(၃) ၀ါကျတစ်ခုချင်း အတွက်သာမကပဲ စာပိုဒ်တစ်ခုလုံး စာတစ်ပုဒ်လုံး အထိ parallal ဖြစ်လေ ပိုကောင်းလေပါပဲ ၊ ဥပမာ စာတစ်ပုဒ်ဟာ အချိန်ကာလတစ်ခုခုကို နောက်ခံထားပြီးရေးတယ်ဆိုရင် တစ်လျောက်လုံး အဲဒီ အချိန်ကာလ tense ကိုပဲ ကိုင်စွဲပြီး ရေးသွားသင့်တယ်လို့ ညွှန်းထားတွေကို မှတ်သားဖူးပါတယ် ၊ ဟိုရောက်လိုက် ဒီရောက်လိုက် ဘယ်လိုက်ကောက်ရမှန်းမသိ ဗျောက်သောက် ဖြစ်နေရင် မကောင်းဘူးလို့ ဆိုလိုပုံရပါတယ် ၊ ဒါကတော့ parallelism ကို ဖြန့်ကျက်တွေးယူကြတဲ့သဘောပါ ..
.
ဒီမှာကြည့်ပါဦး ကျနော်ကြိုက်တဲ့ parallel ၀ါကျလေး
..
Ask not what your country can do for you; ask what you can do for your country—John F. Kennedy
“သင့်အတွက် သင့်တိုင်းပြည်က ဘာလုပ်ပေးနိုင်မလဲဆိုတာ မမေးပါနဲ့ ၊ သင့်တိုင်းပြည်အတွက် သင်က ဘာလုပ်ပေးနိုင်မလဲ ဆိုတာ မေးပါ” တဲ့
..
Parallel structure နဲ့ရေးထားတဲ့ဝါကျလေးတွေဟာ အချိုးညီပြီး လှပတယ်လို့လည်း ထင်မိပါတယ် ၊ ဒါကတော့ ကျနော့်ရဲ့ကိုယ်ပိုင် အယူအဆပါ..အခုလိုယေဘူယျ အချက်တွေကို ၀ါးတားတားလေး ပြောပြီးသွားတဲ့အခါမှာတော့ တိကျတဲ့ စည်းမျည်းလေးတွေကို ပြောရပါတော့မယ်..
(၄.၀) အချို့သော ၀ါကျတည်ဆောက်ပုံ ( sentence construction) တွေမှာ parallel structure ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လေးတွေ ရှိပါတယ် ၊ မဖြစ်ရင် အဲဒီ ၀ါကျဟာ တည်ဆောက်ပုံ မှားတယ်လို့ ဆိုနိုင်ပါတယ် ..
..
အဲဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ၊ နောက်မှ တစ်ခုချင်းစီကို အသေးစိတ်ပြန်ရှင်းပါမယ် ..အတိုချုပ်လေးကို အရင်ဖတ်လိုက်ပါ
ဝါကျထဲက Element တွေကို
(၄.၁) Coordinating conjunction တွေနဲ့ ဆက်ပေးတဲ့အခါ
(၄.၂) တန်းစီပြီးရေးတဲ့အခါ
(၄.၃) နှိင်းယှဉ်ဖေါ်ပြတဲ့အခါ
(၄.၄) Linking verb (or) Verb of being တွေနဲ့ ဆက်ပေးတဲ့အခါ
(၄.၅) Correlative conjunction တွေနဲ့ ဆက်ပေးတဲ့အခါ … တို့မှာ parallel ဖြစ်အောင် ရေးရပါတယ်..
.
ဆက်ပြီး တင်ပေးမှာပါ ..ဒီတစ်ခုမှာက သီအိုရီသဘောတွေ များနေတယ် .. မရှင်ေးသးပါဘူး ..အားလုံးပေါင်းမိသွားမှ ဇတ်ရည်လည်သွားမယ်
.
မေတ္တာဖြင့် heart emoticon


ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။
အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး


Post a Comment

0 Comments

Close Menu