Ad Code

Responsive Advertisement

English Speaking Basics (23) အင်္ဂလိပ်စကားပြော အခြေခံများ (၂၃)


Win Naing Oo's photo.
English Speaking Basics (23) အင်္ဂလိပ်စကားပြော အခြေခံများ (၂၃)
……………………………………….
ဒီနေ့စကားပြော သင်ခန်းစာလေးထဲက စကားလုံးတွဲဟာ လွယ်လွယ်လေးပေမယ့်လို့ ဘယ်လိုဘာသာပြန်သလဲ ဆိုတာ မဖတ်ဖူးသေးလျှင် နားလည်ရတာ အနည်းငယ် ဂွတီးဂွကျ ဖြစ်နေတတ်ပါတယ် ၊ ဒါပေမယ့် သိပြီးသွားတဲ့ နောက်မှာတော့ တော်တော်လေးလွယ်ပြီး တော်တော်လေးရှယ်ဖို့ကောင်းတယ်ဆိုတာ သိစေချင်ပါတယ်
…………………………………..
WHAT IF + (SUBJECT + VERB)
………………………………….
What ဆိုတော့.. “ဘာလဲ”.. ပေါ့ ၊ if က.. “လျှင်”.. ဆိုတော့ နှစ်ခုပေါင်းလိုက်တာ what if = လျှင်ဘာလဲ .. လို့ ဖြစ်သွားမှာပေါ့နော ။ တကယ်တော့ အဲဒီအတိုင်းဆို.. ဆိုလိုရင်းအချက်နဲ့ မကိုက်ညီဘူးဗျ..
တကယ်တန်းက What if = “လျှင် ဘာဖြစ်မလဲ” .. ဆိုမှသာ အဓိပ္ပါယ်မှန်ပြီး ဘာသာပြန်ရတာ ချောမွေ့စေပါတယ်ခင်ဗျာ ..
We use “what if” at the beginning of a question when we are asking about the consequences of an action.
လုပ်ဆောင်မှုတစ်ခုရဲ့ အကျိုးဆက်ဟာ ဘာဖြစ်လာမလဲလို့ မေးချင်တဲ့အခါ ဒီပုံစံနဲ့မေးပါတယ် ။
ကဲ စမ်းကြည့်ကြပါစို့လား..
.
(1) What if I miss the bus?
ကျနော် ဘတ်စ်ကားလွတ်သွားလျှင် ဘာဖြစ်မလဲ
.
(2) What if we invite him?
ကျနော်တို့ သူ့ကို ဖိတ်ကြားလျှင် ဘာဖြစ်မလဲ
.
(3) What if I were late to dinner?
ညစာစားပွဲကို ကျနော်နောက်ကျလျှင် ဘာဖြစ်မလဲ
( I နောက်က were ဟာ တကယ်မဟုတ် စိတ်ကူးကြည့်တာ imaginary မို့လို့ သုံးတာဖြစ်ပါတယ်)
.
(4) What if I block him on Facebook?
Facebook မှာ ကျနော် သူ့ကိုblock လုပ်လျှင် ဘာဖြစ်မလဲ
(Facebook ဟာ internet ပေါ်မှာ ရှိနေတာမို့လို့ on ပဲ အမြဲသုံးပါတယ်)
.
(5) What if I call her tomorrow?
ကျနော် သူမကို မနက်ဖန်မှာ ဖုန်းခေါ်လျှင် ဘာဖြစ်မလဲ
.
(6) What if I don't understand?
ကျနော် နားမလည်လျှင် ဘာဖြစ်မလဲ
.
(7) What if someone sees me?
ကျနော့်ကို တစ်ယောက်ယောက်က မြင်သွားလျှင် ဘာဖြစ်မလဲ
.
(8) What if they decide to stay?
သူတို့ နေဖို့ဆုံးဖြတ်လျှင် ဘာဖြစ်မလဲ
.
(9) What if I do not finish on time? (on time = အချိန်ကိုက်)
ကျနော် အချိန်ကိုက် မပြီးစီးလျှင် ဘာဖြစ်မလဲ
.
(10) What if we introduce ourselves first?
ပထမဆုံး ကျနော်တို့ ကိုယ့်ဖာသာ မိတ်ဆက်ကြလျှင် ဘာဖြစ်မလဲ
.
(11) What if no one is home?
အိမ်မှာ တစ်ယောက်မျှမရှိလျှင် ဘာဖြစ်မလဲ
.
( “is” ကို ..ရှိသည် ၊ ဖြစ်သည် လို့ ငယ်ငယ်ကတည်းက ကျက်ခဲ့ကြရပေမယ့် “ဖြစ်သည်” ဆိုတဲ့ အဓိပ္ပါယ်နဲ့ပဲ တွေ့ရများတော့ “ဖြစ်သည်” ကိုပဲ စွဲနေ တတ်ပြီး “ရှိသည်” ဆိုတဲ့ အဓိပ္ပါယ်ယူဖို့သင့်တဲ့နေရာကျလျှင် မပေါ်လာပဲနဲ့ ဖြစ်နေတတ်ပါတယ် ၊ ဒါကြောင့်မို့ ဘယ်စာလုံးမဆို ၀ါကျအနေအထားပေါ်မူတည်ပြီး ဖြစ်သင့်တဲ့ အဓိပ္ပါယ်ကို တွေးပါလို့ အကြံပြုလိုက်ရပါတယ် )
.
အဲဒါက မူရင်းဝါကျမို့လို့ ထားလိုက်တာပါ
What if there is no one at home. ဆိုလျင်တော့ ဘာသာပြန်ရတာ ပိုရှင်းတာပေါ့ ..
…………………………….
ကဲ ..ဘာလုပ်လျှင် ဘာဖြစ်မလဲ တွင်တွင်ကြီး မေးကြပေရော့ဗျာ
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu