Ad Code

Responsive Advertisement

English Speaking Basics (25) အင်္ဂလိပ်စကားပြောအခြေခံများ (၂၅)


Win Naing Oo's photo.
……………………………………….
လူတိုင်းမှာ အကြိုက်အမျိုးမျိုးရှိပါတယ် တစ်စုံတစ်ယောက်ကို ဘာလုပ်တာကြိုက်လဲ ၊ ညာလုပ်တာကြိုက်လဲ ? ဘယ်အရာကို လုပ်ရတာ ပျော်ရွှင်ကျေနပ်သလဲ စသည်ဖြင့် ကျနော်တို့က တစ်ခုခုကို အဆိုပြုပြီးမေးချင်တဲ့အခါ ဒီပုံစံကို သုံးပါ
……………………………..
(1) DO YOU LIKE + V-ING
……………………………
With this question you are asking someone what they prefer or enjoy.
.
(1.1) Do you like cooking?
ခင်ဗျားက အစားအသောက် ချက်ပြုတ်တာကို ကြိုက်နှစ်သက်ပါသလား
(1.2) Do you like singing?
ခင်ဗျားက သီချင်းဆိုတာကို ကြိုက်နှစ်ပါသလား
(1.3) Do you like traveling on a plane?
ခင်ဗျားက လေယာဉ်နဲ့ ခရီးသွားရတာကို ကြိုက်နှစ်သက်ပါသလား
(1.4) Do you like going to bed early?
ခင်ဗျားက စောစောအိပ်ယာဝင်တာကို ကြိုက်နှစ်သက်ပါသလား
(1.5) Do you like spending time with me?
ခင်ဗျားက ကျန်ာနဲ့အတူ အချိန်တွေအသုံးပြုရတာကို ကြိုက်နှစ်သက်ပါသလား
(1.6) Do you like listening to music?
ခင်ဗျားက ဂီတကို နားဆင်ရတာ ကြိုက်နှစ်သက်ပါသလား
( listen + to လိုမျိုး preposition ပုံသေအတွဲနဲ့ သုံးရတာတွေကို သေချာမှတ်ပါ )
(1.7) Do you like /practicing/playing the piano?
ခင်ဗျားက စန္ဒယားတီး လေ့ကျင့်ရတာကို ကြိုက်နှစ်သက်ပါသလား
( လိုအပ်လျင် သင့်တော်တဲ့ V-ing နှစ်လုံးထပ်ပြီး သုံးလို့လည်းရတယ်နော် ၊ ဒါက original ၀ါကျတစ်ခုပါ)
(1.8) Do you like playing football?
ခင်ဗျားက ဘောလုံးကစားတာကို ကြိုက်နှစ်သက်ပါသလား
(1.9) Do you like watching football on TV?
ခင်ဗျားက ရုပ်မြင်သံကြားမှာ ဘောလုံးပွဲ ကြည့်တာကို ကြိုက်နှစ်သက်ပါသလား
(1.10) Do you like listening to the rock songs?
ခင်ဗျားက rock သီချင်းတွေကို နားထောင်ရတာ ကြိုက်နှစ်သက်ပါသလား
…………………………
(2) DO YOU LIKE + NOUN
……………………………
ဘာလုပ်တာကိုကြိုက်တာလဲလို့ တိတိကျကျ မေးတာမျိုး မဟုတ်ပဲနဲ့ ယေဘူယျသဘော ခြုံပြီးမေးချင်တာ မျိုးကိုတော့ ဒီလိုလွယ်လွယ်လေးမေးလိုက်ပါ ..
.
(2.1) Do you like music?
ခင်ဗျား ဂီတကို ကြိုက်နှစ်သက်ပါသလား
(2.2) Do you like rock music?
ခင်ဗျား rock ဂီတကို ကြိုက်နှစ်သက်ပါသလား
( နားထောင်ရတာကို ကြိုက်တာလား ၊ ဖန်တီးရတာကို ကြိုက်တာလားလို့ သေချာမေးတာမျိုး မဟုတ်ဘူး ၊ အထက်က ၀ါကျတွေနဲ့ နှိင်းယှဉ်ကြည့်ပါ )
(2.3) Do you like rap?
ခင်ဗျား rap ကို ကြိုက်နှစ်ပါသလား
(မူလ၀ါကျမှာကိုက rap နောက်မှာ music လို့မပါဘူးဗျာ ၊ rap ကို ဂီတစာရင်းထဲ မထည့်လို့များလား ၊ ကျနော်ကတော့ လက်ခံပါတယ် )
(2.4) Do you like football?
ခင်ဗျား ဘောလုံးကစားနည်း ကို ကြိုက်နှစ်သက်ပါသလား
(ဘောလုံး ကစားတာကိုလား ၊ ဘောလုံးပွဲ ကြည့်တာကိုလား..သေချာမေးတာမျိုး မဟုတ်ဘူး)
……………………
(3) DO YOU LIKE TO + V1
………………………..
ဒါကကျတော့ ယေဘူယျသဘော ကြိုက်နှစ်သက်တာ မဟုတ်တော့ဘူး လတ်တလောအားဖြင့် လုပ်ချင်နေတာ ကိုမေးဖို့ ဖြစ်စေ ၊ ရွေးချယ်စရာတွေထဲကနေ တစ်ခုကို ရွေးချယ်ဖို့သဘော ဖြစ်စေ သုံးဖို့ပါ
.
(3.1) Do you like to travel?
ခင်ဗျား ခရီးသွားချင်ပါသလား
(3.2) Do you like to talk to him?
ခင်ဗျား သူ့ကို စကားပြောချင်ပါသလား
(3.3) Do you like to swim in the river?
ခင်ဗျား မြစ်ထဲမှာ ရေကူးချင်ပါသလား
(3.4) Do you like to sing a song?
ခင်ဗျား သီချင်းတစ်ပုဒ် ဆိုချင်ပါသလား
.
ပုံမှန်အားဖြင့် အခု အထက်ကပ်လျက်မှာဖေါ်ပြခဲ့တဲ့အတိုင်းပဲ မှတ်ထားလိုက်ပါ ..
…………………………………………………………
သို့သော်လည်း.. အင်္ဂလန်သုံးနဲ့ အမေရိကန်သုံးကွာခြားချက်လေးတွေ ရှိနေတဲ့အတွက်ကြောင့် တစ်ချို့နေရာတွေမှာ တူသလို ဖြစ်သွားတာတွေလည်း ရှိနိုင်ပါတယ် ၊ အမြဲတူတာ မဟုတ်ပါဘူး ။
ဒီနှစ်ခုအဓိပ္ပါယ်အတူတူပဲ ၊ သုံးတဲ့နိုင်ငံ..သုံးတဲ့ပုံစံ ကွဲတာပါလို့ ဆိုသူတွေလည်း ရှိပါတယ်..
.
I like dancing (UK) ကျနော် ကတာကို ကြိုက်နှစ်သက်ပါတယ်
I like to dance (US) ကျနော် ကဖို့ကို ကြိုက်နှစ်သက်ပါတယ်
….
အကို-ထူးဆန်းကတော့ ဒီလိုခွဲပေးထားပါတယ်
I like dancing. က ဘယ်သူပဲကသည်ဖြစ်စေ ကြိုက်တာ
I like to dance. က ကိုယ်တိုင်ကချင်တာ….. လို့ရှင်းပေးပါတယ်
………………...
မေတ္တာဖြင့် heart emoticon
.
‪#‎SaveMyanmar‬
‪#‎HelpMyanmar‬


ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။

Post a Comment

0 Comments

Close Menu