Ad Code

Responsive Advertisement

English Speaking Basics (31) အင်္ဂလိပ်စကားပြော အခြေခံများ (၃၁)


Win Naing Oo's photo.

……………………………………
တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီး အခြားတစ်ယောက်ရဲ့ သဘောထား ထင်မြင်ချက် ဘယ်လိုလဲဆိုတာကို မေးမြန်းလိုတဲ့အခါ ဒီပုံစံလေးကိုသုံးနိုင်ပါတယ် ..
.
HOW ABOUT + (VERB-ING)
……………………………………
You're asking someone their opinion on something or if they would like to do something.
.
1. How about singing along to the whole song.
သီချင်း တစ်ပုဒ်လုံးကို အတူလိုက်ဆိုဖို့ ဘယ်လိုသဘောရလဲ
( sing along = အဆိုတော်နဲ့အတူလိုက်ဆိုသည်)
.
2. How about describing to me what happened?
ဘာဖြစ်ခဲ့တယ်ဆိုတာ ကျနော့်ကိုပုံဖေါ် ရှင်းလင်းပြောပြဖို့ ဘယ်လိုသဘောရလဲ
(describe = ဖေါ်ပြသည် ၊ သရုပ်ဖေါ်သည် )
.
3. How about exploring new ideas?
စိတ်ကူး အကြံအစည် အသစ်တွေ လေ့လာဖ်ါထုတ်ဖို့ ဘယ်လိုသဘောရလဲ
( explore = လေ့လာဖေါ်ထုတ်သည် ၊ စူးစမ်းရှာဖွေသည်)
.
4. How about comparing prices before we buy it?
ကျနော်တို့ အဲဒါကို မ၀ယ်ခင်မှာ ဈေးနှုန်းတွေ နှိင်ယှဉ်ကြည့်ဖို့ ဘယ်လိုသဘောရလဲ
( compare = နှိင်းယှဉ်သည်)
.
5. How about considering it?
အဲဒါကို ထည့်သွင်းစဉ်းစားဖို့ ဘယ်လိုသဘောရလဲ
( consider = ထည့်သွင်းစဉ်းစားသည် )
.
6. How about feeding the dogs?
ခွေးတွေကို ကျွေးဖို့ ဘယ်လိုသဘောရလဲ
( feed = အစာကျွေးသည်)
.
7. How about going swimming?
ရေသွားကူးဖို့ ဘယ်လိုသဘောရလဲ
( go swimming = ရေသွားကူးသည်)
.
8. How about calling it a day?
ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ဖို့ ဘယ်လိုသဘောရလဲ
( call it a day = တစ်နေ့စာ ပြီးဆုံး၍ တစ်ခုခု လုပ်တာကို ရပ်သည် )
.
9. How about going for a drink after work?
အလုပ်ပြီးတဲ့အခါ တစ်ခုခုသွားသောက်ဖို့ ဘယ်လိုသဘောရလဲ
.
10. How about going to the cinema tonight?
ဒီနေ့ည ရုပ်ရှင်သွားကြည့်ဖို့ ဘယ်လိုသဘောရလဲ
………………………
ကဲ သူတစ်ပါးရဲ့ ထင်မြင်ချက်လေးတွေကို သွက်သွက်လက်လက် မေးနိုင်ကြပါပြီ
.
မေတ္တာဖြင့် heart emoticon

ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu