Ad Code

Responsive Advertisement

English Speaking Basics (33) အင်္ဂလိပ်စကားပြော အခြေခံများ (၃၃)


Win Naing Oo's photo.

………………………………………….
ပထမ အလုပ်တစ်ခုထဲမှာ ဒုတိယ တစ်ခု လုပ်ဖို့ ပါဝင်နေသလားလို့ မေးချင်တဲ့အခါ ဒီပုံစံကို သုံးလိုက်ပါ ၊ နမူနာလေးတွေ ဖတ်ပြီးလျင် ရှင်းသွားပါလိမ့်မယ်
.
Does this + Noun + include + V-ing
.
1. Does this (job) include (keeping) the accounts?
ဒီအလုပ်ထဲမှာ စာရင်းတွေ ထိန်းသိမ်းရတာ ပါသလား
.
2. Does this job include sending Emails to the customers?
ဒီအလုပ်ထဲမှာ ဖောက်သည်တွေဆီကို Email တွေ ပို့ပေးရတာ ပါသလား
.
3. Does this job include handling Export and Import documents?
ဒီအလုပ်ထဲမှာ ထုတ်ကုန်သွင်းကုန် စာရွက်စာတမ်းတွေ ကိုင်တွယ်လုပ်ကိုင်ရတာ ပါသလား
.
4. Does this job include calculating the budget?
ဒီအလုပ်ထဲမှာ ခန့်မှန်းရသုံးငွေစာရင်း တွက်ချက်ရတာ ပါသလား
.
5. Does this job include going along with the boss on business trips?
ဒီအလုပ်ထဲမှာ စီးပွားရေးကိစ္စ သွားတဲ့ ခရီးတွေမှာ သူဌေးနဲ့ အတူလိုက်ရတာ ပါသလား
……………………………………………………..
Job နေရာမှာ တခြားတစ်ခုခု ပြောင်းကြည့်ကြရအောင်
.
6. Does this project include assisting homeless people?
ဒီ ပရောဂျက်ထဲမှာ အိမ်ယာမဲ့တွေကို ထောက်ပံ့ရတာ ပါသလား
.
7. Does this presentation include displaying slideshow?
ဒီ ရှင်းလင်းတင်ဆက်တဲ့ အစီအစဉ်ထဲမှာ slideshow ပြရတာ ပါသလား
.
8. Does this agreement include sharing profit?
ဒီသဘော တူညီချက်ထဲမှာ အမြတ် ဝေစုခွဲတာ ပါသလား
……………………………
V-ing နေရာမှာ Noun တစ်ခု အစားထိုးလို့လည်းရပါတယ်
.
Does this + Noun 1 + include + Noun 2
ဒါကတော့ ပထမတစ်ခုထဲမှာ ဒုတိယ တစ်ခု ပါပြီးသားလားလို့ မေးတာပါ
.
9. Does this price include tax?
ဒီဈေးနှုန်းထဲမှာ အကောက်ခွန် ပါပြီးသားလား
.
10. Does this border control system include the prevention of terrorism, illegal immigration and other crimes?
ဒီ နယ်စပ်ထိန်းချုပ်ရေး စနစ်ထဲမှာ အကြမ်းဖက်ဝါဒ ၊ တရားမ၀င် နိုင်ငံတွင်း ၀င်ရောက်နေထိုင်မှု နဲ့ အခြားရာဇ၀တ်မှုများ ကို ကာကွယ်တားဆီးခြင်း တွေ ပါပြီးသားလား
.
နောက်ဆုံးမှာ တော်တော် ရှည်သွားပြီနော် ၊ ဒီလိုပဲ တိုတိုလေးတွေကနေ ရှည်..ရှည်လာအောင် လုပ်ယူကြရတာပါပဲ ၊ တခြားမထင်ပါနဲ့ဗျာ.. ၀ါကျတွေကို ပြောတာပါနော် tongue emoticon
……………
မေတ္တာဖြင့် heart emoticon
ဆရာဝင်းနိုင်ဦး Facebook မှ ကူးယူဖော်ပြသည်။  ဆရာဝင်းနိုင်ဦး ကျန်းမာပါစေ။


အဆင်ပြေပါစေ


ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu